ရုပ်ရှင်ချစ် ပရိသတ်တွေအကြိုက် အလန်းဆုံး အမျိုးသမီး စူပါဟီးရိုး ဇာတ်ကောင်များ
mystylemyanmar.com
|
2023-09-21

အားလုံးသိကြတဲ့အတိုင်း စူပါဟီးရိုးတွေဆိုတာ သာမန်လူတွေထက် သာလွန်တဲ့ စူပါ ပါဝါတွေ အများကြီးပိုင်ဆိုင်ထားသူတွေ ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် စူပါဟီးရိုး အားလုံးလိုလိုဟာ ကမ္ဘာကြီးကို ပိုမိုကောင်းမွန်တဲ့ နေရာတစ်ခုဖြစ်လာစေဖို့နဲ့ ကမ္ဘာကြီးကို လူဆိုးတွေရန်ကနေ ကာကွယ်ဖို့ သူတို့ရဲ့ စွမ်းအားတွေကို အသုံးပြုလေ့ ရှိကြပါတယ်။

ဒီထဲကမှ ရုပ်ရှင်ချစ် ပရိသတ်တွေ စူပါဟီးရိုး Fan တွေအတွက် စွမ်းအားအကြီးဆုံး အမျိုးသမီး စူပါဟီးရိုး ဇာတ်ကောင်တွေအကြောင်း ပြောပြပေးချင်ပါတယ်။

(၁) Wonder Woman


Wonder Woman ဟာ American DC Comics မှာပါဝင်တဲ့ စွမ်းအားအကြီးဆုံး အမျိုးသမီး စူပါဟီးရိုးတွေထဲက တစ်ယောက်ဖြစ်ပါတယ်။ သူမမှာ Superman ကဲ့သို့ အစွမ်းထက်တဲ့ စူပါ ပါဝါတွေ ပိုင်ဆိုင်ထားပါတယ်။

သူမဟာ ပေါင် ၅၀,၀၀၀ အလေးချိန်ရှိတဲ့ ကျောက်တုံးတွေကို မ,ရွေ့နိုင်တဲ့အထိ စွမ်းအားကြီးတဲ့ စူပါဟီးရိုးတစ်ယောက် ဖြစ်ပါတယ်။

(၂) Captain Marvel


American Marvel Comics မှာ လူကြိုက်များတဲ့ အမျိုးသမီး စူပါဟီးရိုး ဇာတ်ကောင်ကတော့ Captain Marvel ပါပဲ။ Carol Danvers လို့ အမည်ရတဲ့ Captian Marvel ဟာ အရင်က NASA ဝန်ထမ်းတစ်ဦးအဖြစ်နဲ့ သူမစိတ်ဝင်စားတဲ့ အာကာသစူးစမ်းလေ့လာရေးအိပ်မက်ကို လျှောက်လှမ်းခဲ့ပါတယ်။

ဒါပေမယ့် ထူးထူးခြားခြား စွမ်းအားရှိတဲ့ လူသားပုံစံနဲ့ ဂြိုလ်သားမျိုးနွယ်စု Kree အဖြစ်သို့ မတော်တဆ ပြောင်းလဲသွားခဲ့တဲ့အချိန်ကစပြီး သူမရဲ့ဘဝဟာလည်း ထာဝရပြောင်းလဲသွားခဲ့ရကာ စွမ်းအားအကြီးဆုံး စူပါဟီးရိုးတစ်ယောက် ဖြစ်လာပါတော့တယ်။

(၃) Black Widow


Natasha Romanoff ဟာ ငယ်စဉ်ကတည်းက Red Room မှာ အထူးလေ့ကျင့်သင်ကြားပေးခံခဲ့ရတဲ့ ရုရှားစပိုင်တစ်ယောက် ဖြစ်ပါတယ်။

ဆိုဗီယက်လေ့ကျင့်ရေးစခန်းမှာ သူမကို လူသားစစ်သည်တော်အဖြစ် ပြောင်းလဲစေမယ့် စွမ်းရည်တွေကို ထိပ်တန်းအမျိုးသမီး အေးဂျင့်တွေရဲ့ လေ့ကျင့်သင်ကြားမှုက တဆင့် သင်ယူရခဲ့ပြီး စွမ်းအားကြီးတဲ့ စူပါဟီးရိုးတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

(၄) Shuri



Shuri ဟာ Marvel Comics မှာ ရေပန်းအစားဆုံး အမျိုးသမီး စူပါဟီးရိုး တစ်ယောက် ဖြစ်ပါတယ်။ သူမဟာ သူမရဲ့ အစ်ကို T’Challa နှင့် Tony Stark တို့လို့ ဉာဏ်ရည်ဉာဏ်သွေးမြင့်မားပြီးထူးချွန်တဲ့ သိပ္ပံပညာရှင်၊ အင်ဂျင်နီယာနဲ့ တီထွင်သူတစ်ယောက် ဖြစ်ပါတယ်။

သူမဟာ သူမကိုယ်သူမ အသွင်ပြောင်းလဲနိုင်တဲ့ စွမ်းရည်တွေ ပိုင်ဆိုင်ထားတဲ့ စွမ်းအားအကြီးဆုံး အမျိုးသမီး စူပါဟီးရိုး တစ်ယောက်ဖြစ်ပါတယ်။

(၅) Scarlet Witch


Scarlet Witch ဟာ American Marvel Comic မှာ စွမ်းအားအကြီးဆုံး ဇာတ်ကောင်တွေထဲက တစ်ယောက်ဖြစ်ပါတယ်။ သူမမှာ Hex Power လို့ခေါ်တဲ့ အစွမ်းတွေ ပိုင်ဆိုင်ထားပြီး စုန်းအတတ်ပညာနဲ့ ရန်သူတွေကို လှည့်စားတက်ခိုက်နိုင်တဲ့ အစွမ်းထက်ဆုံး စူပါဟီးရိုး တစ်ယောက်ဖြစ်ပါတယ်။




Some text some message..