မောင်လေးရဲ့ကြွေလောက်စရာတော်ကီတွေကြား နစ်မြောသွားတဲ့ နန်းဆုရတီစိုး
popolay.com
|
2018-10-01

အဆိုတော်သရုပ်ဆောင် နန်းဆုရတီစိုးနဲ့အဆိုတော် ဂျီဖက်တို့စုံတွဲလေးကတော့ ချစ်စရာကောင်းပြီးလိုက်ဖက်ညီတာကြောင့် ပရိသတ်တွေ သဘောတူကြည်ဖြူကာ သဲသဲလှုပ်ချစ်ခင်အားပေးနေကြရတဲ့သူတွေပဲဖြစ်ပါတယ်။ ဂီတလောကမှာ ကိုယ်စီပရိသတ်အခိုင်အမာရရှိထားပြီးသားဖြစ်တဲ့ သူတို့နှစ်ယောက်ကတော့ တစ်ယောက်ကိုတစ်ယောက်အချစ်စစ်၊အချစ်မှန် နားလည်ဖေးမမှုတွေနဲ့ ပျော်ရွှင်စရာနေ့ရက်တွေကို ဖန်တီးနေကြတာလဲဖြစ်ပါတယ်။

အသက် (၆) နှစ်လောက်ကွာတဲ့ နန်းဆုတို့ စုံတွဲလေးက မနဲ့မောင်စုံတွဲလေးတွေထဲ ပေါ်ပြူလာအဖြစ်ဆုံးစုံတွဲလေးလဲဖြစ်ပါတယ်။ ပျော်ရွှင်စရာကောင်းတဲ့အချစ်ရေးကြာင့် နုပျိုလန်းဆန်းနေတဲ့ မမနန်းဆုကတော့ ချုပ်တတ်လွန်းတဲ့ မောင်လေးကိုရထားတာကြောင့် ပရိသတ်တွေက မနာလိုအားကျနေရတာလဲဖြစ်ပါတယ်။ ယခုလဲ ဂျီဖက်တစ်ယောက် မမကြီးကိုအကောင်းစားတော်ကီတွေကြား နစ်မြောသွားရအောင်အကြီးကြီးချုပ်လိုက်ပြန်ပါပြီ။ နန်းဆုအတွက် Surprise ကိတ်လေးလုပ်ကာ ကိတ်မုန့်လေးပေါ်မှာတော့ ကြွေလောက်စရာစကားလေးကိုရေးသားခဲ့တာဖြစ်ပါတယ်...

ကိတ်မုန့်ပေါ်မှာရေးထားတဲ့စာလေးကတော့ “ဒီမယ် မမ…. နောင်ရေးကို ရှေးရှု မောင်လေးကို ရွေးယူ” ဆိုတဲ့ စာသားလေးရေးထားတာဖြစ်ပါတယ်။ မောင်လေးရဲ့တော်ကီကို မမနန်းဆုတစ်ယောက်ကတော့ ဘယ်လိုတွေတောင်ကြွေမလဲ မသိ၊ ပရိသတ်တွေကတော့ ကြွေနေကျတာတော့အမှန်ပါပင်။ နန်းဆုကတော့ ပြန်မဖြေရဲဘူး မေမေဆူမှာစိုးလို့.... The surprise cake from my love” လို့ရေးကာအမှတ်တရပုံရိပ်လေးကို မျှဝေလို့ထားပါတယ်။

နန်းဆုနဲ့ ဂျီဖက်စုံတွဲလေးကို ပရိသတ်တွေက နန်းဆုရဲ့ “ရူးအောင်ချစ်ရသူ” သီချင်းလေးကြောင့် စတင်သတိထားမိခဲ့တာပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ သူတို့ချစ်သူစုံတွဲလေးက ခရီးတွေလဲအတူတူထွက်ရင်း၊ ပွဲတွေလဲအတူတူတက်ရင်းနဲ့ ဂီတအလုပ်တွေကိုလဲ နှစ်ယောက်အတူပေါင်းပြီး ဖန်တီးနေကြတာကိုလဲတွေ့ရပါတယ်။






Some text some message..