ညီမဖြစ်သူရဲ့မင်္ဂလာပွဲကို စုံတွဲလိုက်တက်ရောက်လာခဲ့ကြတဲ့ ဆောင်းဂျွန်ကီတို့ ဇနီးမောင်နှံ
mmload.com
|
2023-10-16

ဆောင်းဂျွန်ကီ ဟာဒုတိယမြောက်အိမ်ထောင်ဖက်ဖြစ်တဲ့ အီတလီသူ ကေတီနှင့်အတူမင်္ဂလာဆောင်ပြီးသိပ်မကြာခင်မှာပဲ သားလေးမွေးဖွားခဲ့တာပါ။ အင်တာဗျုးတွေတိုင်းမှာ ဖခင်တစ်ဦးဖြစ်လာရခြင်းအပေါ် ဝမ်းသာဂုဏ်ယူတဲ့ခံစားချက်တွေကိုပဲ ဝေမျှပေးခဲ့တဲ့ဖခင်ကောင်းတစ်ဦးပါ။



ကလေးမွေးဖို့လအနည်းငယ်အလိုကတည်းက လုပ်လက်စအလုပ်တွေကိုလက်စသတ်ပြီးမိန်းမဘေးနားမှာပဲ အချိန်ပြည့်ဂရုစိုက်ပေးနေတဲ့ ဆောင်းဂျွန်ကီဟာ မိန်းမဖြစ်သူကိုဘယ်လောက်ချစ်ကြောင်းအမြဲဖော်ပြတတ်တဲ့သူပါပဲ။ ဒီတစ်ခေါက်မှာတော့ ဆောင်းဂျွန်ကီတို့လင်မယားဟာ ဆောင်းဂျွန်ကီရဲ့ညီမဖြစ်သူမင်္ဂလာဆောင်ကို စုံတွဲလိုက်တက်ရောက်လာခဲ့ကြပါတယ်။


အနက်ရောင် နှင့်ခန့်ညားနေတဲ့ဆောင်းဂျွန်ကီဟာ သားလေးမွေးပေးထားတဲ့မိန်းမဖြစ်သူ ကေတီကိုမျက်စိအောက်ကမခွာနိုင်လောက်အောင် အရိပ်တကြည့်ကြည့်နှင့် ဂရုစိုက်နေတာဖြစ်ပါတယ်။ ကေတီကလည်း အနက်ရောင်ကုတ်ဝမ်းဆက်လေးနှင့် အလှကြီးလှနေတဲ့အပြင် ဆောင်းဂျွန်ကီဂရုစိုက်ပေးတာတွေကို ပြုံးပြုံးလေးနှင့်လက်ခံနေခဲ့တာပါ။ မင်္ဂလာပွဲကပုံတွေထွက်လာပြီးနောက်မှာတော့ ပရိတ်သတ်တွေဟာ ကေတီရဲ့နုပျိုမှုနှင့် ဆောင်းဂျွန်ကီရဲ့ချစ်တတ်မှုကို အတော်လေးသဘောကျနေကြပါတယ်။







Some text some message..