နိုင်ငံခြားလူရွေးပွဲတွေမှာ အကြိမ်ကြိမ်ကျရှုံးထားကြောင်းပြောပြခဲ့တဲ့ မင်းသားဆောင်းဂျွန်ကီ
mmload.com
|
2023-10-19
ဆောင်းဂျွန်ကီဟာ တောင်ကိုးရီးယားမှာထိပ်တန်းနာမည်ကြီးမင်းသားတစ်လက်ဖြစ်နေပြီးတော့ ရိုက်ကူးခမြင့်မားတဲ့မင်းသားတစ်ယောက်လည်းဖြစ်ပါတယ်။ ဇနီးဖြစ်သူကေတီနှင့် အင်္ဂလိပ်ဘာသာစကားသင်ရင်းဖူးစာဆုံခဲ့တဲ့ မင်းသားဟာအခုချိန်မှာနိုင်ငံခြားလူရွေးပွဲတွေဖြေဖြစ်ခဲ့ပုံနှင့်ပတ်သက်ပြီး ပြောခဲ့ပါတယ်။
မင်းသားက သူ့အနေနှင့်လူရွေးပွဲအများကြီးဖြေခဲ့ပြီးအကုန်လုံးကျခဲ့ကြောင်းပြောခဲ့တာပါ။ သူ့အနေနှင့်ပြည်တွင်းမှာတင်မကဘဲ ပြည်ပရုပ်ရှင်တွေမှာပါသရုပ်ဆောင်ဖို့ စိန်ခေါ်မှုတွေလုပ်ကြည့်ချင်တာကြောင့် ဒီလိုလူရွေးပွဲတွေဖြေနေတာဖြစ်ကြောင်းပြောခဲ့ပါတယ်။ သူ့ရဲ့ဇနီးဖြစ်တဲ့ ကေတီကလည်းမင်းသမီးလုပ်ခဲ့ဖူးတာကြောင့် ဆောင်းဂျွန်ကီကို အကြံတွေအများကြီးပေးနိုင်လိမ့်မယ်လို့ ပရိတ်သတ်တွေက မှတ်ချက်ချခဲ့ကြပါတယ်။
ဆောင်းဂျွန်ကီကတော့ သူ့အနေနှင့်လူရွေးပွဲတွေကိုဆက်ဖြေနေမှာဖြစ်ကြောင်းနှင့် နယ်ပယ်အမျိုးမျိုးမှာသရုပ်ဆောင်ဖို့အခွင့်အရေးတွေကိုအမြဲလိုက်ရှာနေမှာဖြစ်ကြောင်းပြောသွားခဲ့ပါတယ်။ ပရိတ်သတ်တွေကတော့ ပြည်တွင်းအောင်မြင်မှုမှာပဲမတင်းတိမ်ဘဲစိန်ခေါ်မှုအသစ်တွေလုပ်နေတဲ့ မင်းသားကိုအားပေးစကားတွေပြောထားကြပါတယ်။
Source - Kbizoom
#မင်းသမီး
#ပရိတ်သတ်
#မင်းသား
#သရုပ်ဆောင်
#တောင်ကိုရီးယား
ဆောင်းပါးများ
Some text some message..
Send SMS?
မသေချာပါ
သေချာပါသည်
ပယ်ဖျက်ရန်
အိုကေ
သတိပေးချက်
အိုကေ
စတင်အသုံးပြုမည်