လူသေသွားတဲ့ ယာဥ်တိုက်မှုမှာပါဝင်ခဲ့တဲ့ ကိုးရီးယားမင်းသား
mmload.com
|
2023-10-20

မင်းသား Oh Jung Se ဟာ နာမည်ကြီးဒရာမာနှင့်ဇာတ်လမ်းတွေအများကြီးမှာသရုပ်ဆောင်ထားတဲ့သူပါ။ မကြာသေးခင်ကထုတ်လွှင့်ခဲ့တဲ့ Relevant ဇာတ်လမ်းနှင့်လူကြိုက်များမှုကို ပိုရလာခဲ့ပြီး လက်ရှိဇာတ်လမ်းတစ်ခုကိုရိုက်ကူးနေတဲ့ မင်းသား ဟာလူသေသွားတဲ့ယာဥ်တိုက်မှုမှာပါဝင်ပတ်သက်ခဲ့တယ်လို့ ရဲ့ဌာနကနေပြောပါတယ်။



ဒီယာဥ်တိုက်မှုမှာ မင်းသားရဲ့မန်နေဂျာကကားမောင်းတာဖြစ်ပြီး နစ်နာသူနှစ်ယောက်ဟာ အသက် ၆၀ ကျော်အဘိုးအဘွားစုံတွဲဖြစ်ပါတယ်။ မင်းသားတို့ကားဟာ အဘိုးအဘွားနှစ်ယောက်စီးလာတဲ့လယ်ထွန်ကားကိုသွားပြီးတိုက်ခဲ့တာဖြစ်တယ်လို့ မျက်မြင်သက်သေတွေကထွက်ဆိုကြပါတယ်။ မတော်တဆမှုကြောင့် လယ်ထွန်စက်မောင်းတဲ့အဘိုးဖြစ်သူက ဆေးရုံပို့နေဆဲမှာပဲသေဆုံးသွားပြီးတော့ အဘွားဖြစ်သူကိုတော့ ဆေးရုံမှာကုသနေရဆဲအခြေအနေဖြစ်တယ်လို့သိရပါတယ်။



မင်းသားနှင့် ကားမောင်းခဲ့တဲ့ မန်နေဂျာကတော့ပြင်းထန်တဲ့ဒဏ်ရာရသွားတာမရှိဘဲ အသေးစားဒဏ်ရာတွေပဲရခဲ့ကြောင်းသိရပါတယ်။ အေဂျင်စီဖက်ကတော့ တရားဝင်သတင်းထုတ်ပြန်ချက်တစ်စုံတစ်ရာမပြောဘဲ အမှုဖြစ်ရပ်ကိုအသေးစိတ်စုံစမ်းနေဆဲဖြစ်ပါတယ်။





Some text some message..