Lisa ရဲ့ တရုတ်နိုင်ငံသုံး Weibo Acc ဖျက်သိမ်းခံရ
mmload.com
|
2023-11-02
Lisa ဟာကေပေါ့အိုင်ဒေါတစ်ယောက်အတွက် အကြီးမားဆုံးစိန်ခေါ်မှူဖြစ်သလို အောင်မြင်မှုမှတ်တိုင်တစ်ခုလည်းဖြစ်တဲ့ Crazy Horse မှာဖျော်ဖြေခဲ့ရသူပါ။ အဖော်အချွတ်အကရှိုးဖြစ်တာကြောင့် ဝေဖန်မှုတွေအများကြီးရှိခဲ့ပေမဲ့ ရှိုးကတော့အောင်အောင်မြင်မြင်နှင့်ပဲပြီးဆုံးသွားပြီး Lisa ရဲ့အကအရည်အချင်းကိုပွဲတက်တဲ့သူတိုင်းက ချီးကျုးခဲ့တာပါ။
ဒါပေမဲ့ ဒီရှိုးရဲ့နောက်ဆက်တွဲတွေကတော့အခုချိန်ထိမပြီးသေးပါဘူး။ Lisa ရဲ့တရုတ်နိုင်ငံပရိတ်သတ်တွေနှင့်ဆက်သွယ်ဖို့အသုံးပြုတဲ့ Weibo acc ဟာဆိုရင်ဖျက်ချခံလိုက်ရတာဖြစ်ပါတယ်။ ဒါ့အပြင် Lisa ရဲ့ Fansite အကြီးတွေရဲ့ acc တွေဟာလည်းဖျက်ချခံရတာနှင့် အသုံးပြုလို့မရတဲ့ Acc တွေဖြစ်နေတာပါ။ ဒါဟာတရုတ်အစိုးရရဲ့ဖျော်ဖြေရေးလောကအပေါ်တင်းကြပ်တဲ့ စည်းကမ်းတွေကြောင့်ဖြစ်နိုင်ပါတယ်။
BlackPink အဖွဲ့ရဲ့ရှိုးကိုတက်ရောက်ဖူးတဲ့ မင်းသမီး Angelababyဟာဆိုရင်လည်း Show ကိုသွားရောက်ခဲ့ကြောင်းသတင်းတွေထွက်လာပြီး ပြင်းပြင်းထန်ထန်ဝေဖန်ခံနေရတာဖြစ်ပါတယ်။ သူ့ရဲ့ Weibo Acc ဟာလည်း ဖျက်ချခံရသလို တစ်ခြားမင်းသမီးတစ်ယောက်ဖြစ်တဲ့ Jenny Zhang ရဲ့ Acc လည်းဖျက်ချခံထားရပါတယ်။
#မင်းသမီး
#ပရိတ်သတ်
#Lisa
#ဖျော်ဖြေရေး
#သတင်း
ဆောင်းပါးများ
Some text some message..
Send SMS?
မသေချာပါ
သေချာပါသည်
ပယ်ဖျက်ရန်
အိုကေ
သတိပေးချက်
အိုကေ
စတင်အသုံးပြုမည်