
BTS အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ V ဟာ သူ့ရဲ့နူးညံ့တဲ့စိတ်ထားနှင့်ပရိတ်သတ်တွေကိုချစ်ပြတတ်တာတွေကြောင့် နာမည်ကြီးတဲ့သူပါ။ ရိုးရိုးရှင်းရှင်းလေးနေတတ်ပြီး အေးဆေးလွန်းတဲ့ V ကပရိတ်သတ်တွေကိုသူ့ရဲ့အတွေးအမြင်လေးတွေ ဘဝနှင့်ပတ်သက်တဲ့အကြံဉာဏ်လေးတွေလည်းပေးလေ့ရှိပါတယ်။ ပြောခဲ့ဖူးတဲ့ စကားစုလေးတွေကိုဖော်ပြပေးထားပါတယ်။

(၁) ငါ့ဆီမှာအချစ်တွေအများကြီးသိုလှောင်ထားတဲ့ နှလုံးသားအကြီးကြီးရှိတယ်။ ဒါ့ကြောင့် ကျေးဇူးပြုပြီး ငါ့အချစ်တွေအကုန်လုံးကိုလက်ခံပေးရမယ်နော်။

(၂) ခရမ်းရောင်က သက်တံ့ရဲ့နောက်ဆုံးအရောင်လေ။ ဒါကြောင့် မင်းတို့အပေါ်ထားတဲ့ငါ့အချစ်တွေက အချိန်အကြာကြီးတည်မြဲနေမှာ။

(၃) ဘဝမှာခက်ခဲတာတွေတွေ့လာရရင် အတိတ်ကိုပြန်ကြည့်လိုက်ပါ။ အရင်ကအဲ့လောက်တောင်ခက်ခဲနေတဲ့အခြေအနေကနေ အခုလိုဖြစ်လာတာကိုက ကျေးဇူးတင်စရာကောင်းလွန်းတဲ့အရာပဲမလား။

(၄) မင်းကိုယ်တိုင်က မပြောပြရင် မင်းခံစားချက်တွေကိုဘယ်သူမှသိမှာမဟုတ်ဘူး။

(၅) တစ်ကယ်လို့ ကိစ္စတစ်ခုနှင့်ပတ်သက်ပြီးမင်းဆုံးဖြတ်ရအတော်လေးခက်ခဲနေပြီဆိုရင် လေးလေးနက်နက်ကြီးမတွေးပါနဲ့။ မင်းနှလုံးသားကလာတဲ့အသံကိုပဲနားထောင်လိုက်ပါ။

(၆) တစ်ယောက်ယောက်က မင်းကိုချီးကျုးဖို့ ဝန်လေးနေလို့ ဝမ်းနည်းနေတာမျိုးမဖြစ်ပါနဲ့။ အခုထက်ပိုပြီးကြိုးကြိုးစားစားလုပ်လိုက်ရင်ရတာပဲမလား။

(၇) ဘဝမှာတစ်ခါပဲအသက်ရှင်ခွင့်ရတာမလား။ ဒါ့ကြောင့် ကောင်းမွန်တဲ့အရာတွေနှင့် ပျော်ရွှင်စရာအချိန်တွေကိုပဲဖန်တီးပြီးနေသွားမှာပါ။