တစ်ခြားမင်းသားတွေလို စစ်မှုထမ်းစရာမလိုတဲ့ မင်းသား Ahn Hyo Seop
mmload.com
|
2023-12-04

၁၉၉၅ ဖွားဖြစ်တဲ့ မင်းသား Ahn Hyo Seop ဟာ မကြာခင်မှာ အသက် ၃၀ ပြည့်တော့မှာဖြစ်တာကြောင့် ပရိတ်သတ်တွေက သူစစ်မှုထမ်းမယ့်အရေးကိုစိတ်ဝင်စားနေကြတာပါ။ တောင်ကိုးရီးယားနိုင်ငံရဲ့ဥပဒေအရ ကျန်းမာရေးချို့ယွင်းမှုရှိသူတွေ နှင့် အထူးတလည်နိုင်ငံ့ဂုဏ်ဆောင်ပေးတဲ့သူတွေကလွဲရင် တောင်ကိုးရီးယားအမျိုးသားတိုင်းဟာ ၁၈ လကြာစစ်မှုထမ်းရပါတယ်။


Romatic Doctor Business Proposal  ဇာတ်ကားတွေကနေနာမည်တဟုန်ထိုးကြီးလာတဲ့ Ahn Hyo Seop ကလည်း သူနှင့်ရွယ်တူမင်းသားတွေစစ်မှုထမ်းနေကြတာပါ။ ဒါပေမဲ့ Ahn Hyo Seop ကတော့တစ်ခြားမင်းသားတွေလို စစ်မှုထမ်းဆောင်ဖို့မလိုအပ်ပါဘူး။ အကြောင်းကတော့ Ahn Hyo Seop ဟာကနေဒါနိုင်ငံသားအဖြစ်ခံယူထားတာကြောင့်ပါ။


Ahn Hyo Seop ဟာကိုးရီးယားမှာပဲမွေးဖွားခဲ့ပေမဲ့ အသက် (၇) နှစ်အရွယ်မှာကနေဒါကိုမိဘတွေနှင့်အတူပြောင်းရွှေ့ခဲ့ပါတယ်။ ကနေဒါမှာ ဆယ်နှစ်ကျော်နေထိုင်ပြီးနောက်မှာမှ ကိုးရီးယားကိုပြန်ရောက်ရှိလာတာဖြစ်ပါတယ်။ ဒါကြောင့် Ahn Hyo Seopဟာကနေဒါနိုင်ငံသားတစ်ယောက်ဖြစ်ပြီး တောင်ကိုးရီးယားရဲ့စစ်မှုထမ်းဥပဒေကနေလွတ်ကင်းတဲ့ မင်းသားတစ်ယောက်ဖြစ်ပါတယ်။





Some text some message..