Lee Kwan Soo နှင့်လေးနှစ်တာချစ်သူသက်တမ်းဆက်ဆံရေးကိုပြောပြခဲ့တဲ့ မင်းသမီး Lee Sun Bin
mmload.com
|
2023-12-20

မင်းသမီး လီဆန်းဘင်းဟာ တောင်ကိုးရီးယားရဲ့နာမည်ကျော်မင်းသားတစ်ယောက်ဖြစ်တဲ့ လီဂွမ်ဆူနှင့်ချစ်သူအဖြစ်တရားဝင်ကြေညာခဲ့တာ လေးနှစ်ကျော်နီးပါးရှိနေပြီဖြစ်ပါတယ်။ နှစ်ယောက်သားဟာ ချစ်သူမဖြစ်ခင်ကတည်းကသူငယ်ချင်းတွေအနေနှင့်ခင်မင်ခဲ့ပြီးတော့ ၂၀၁၈ မှာတွဲနေကြောင်းတရားဝင်ကြေညာခဲ့တာပါ။


လီဆန်ဘင်းက အင်တာဗျုးတစ်ခုမှာ လီဂွမ်ဆူနှင့်သူမတို့ရဲ့အချစ်ရေးအကြောင်းကိုဖြေပေးသွားတာပါ။ နှစ်ယောက်သားရဲ့ဆက်ဆံရေးဟာအရင်အတိုင်းပဲဖြစ်ပြီး တစ်ယောက်ကိုတစ်ယောက်အားပေးကူညီကြရင်းနေထိုင်ကြကြောင်းနှင့် လီဂွမ်ဆူဟာလတ်တလောမှာသူမရဲ့ဒရာမာအသစ်ကိုကြည့်ပေးပြီး အားပေးကြောင်းပြောခဲ့တာပါ။


မတွဲခင်ကတည်းက လီဂွမ်ဆူကိုသူ့ရဲ့စံပြကောင်လေးအဖြစ်အမြဲရွေးချယ်ခဲ့တဲ့လီဆန်းဘင်းဟာ ပရိတ်သတ်တွေအားပေးတဲ့အတွဲလေးဖြစ်ပါတယ်။ နှစ်ယောက်သားရဲ့မင်္ဂလာသတင်းလေးကို ပရိတ်သတ်တွေက အများကြီးစောင့်မျှော်နေကြတာဖြစ်ပါတယ်။





Some text some message..