Ador ရဲ့ပဲ့ကိုင်ရှင် မင်းဟီဂျင်းနှင့် HYBE တို့ကြားက ရန်ပွဲများ
mmload.com
|
2024-04-22

New Jeans ကိုမွေးထုတ်ပေးခဲ့ပြီး ဂီတအပါအဝင် ပြင်ဆင်မှုအကုန်လုံးကို တာဝန်ယူထားတဲ့ မင်းဟီဂျင်းဟာ လက်ရှိအချိန်မှာ HYBE နှင့်ပြဿနာအကြီးအကျယ်တက်နေတာဖြစ်ပါတယ်။ မင်းဟီးဂျင်းဟာ အရင်က SM ကုမ္မဏီမှာလုပ်ခဲ့တာဖြစ်ပြီတော့ ၂၀၂၁ မှာ HYBE ကိုပြောင်းလာခဲ့တာဖြစ်ပါတယ်။


နောက်ပိုင်းမှာ Ador Label ကို HYBE လက်အောက်ကနေတည်ထောင်ခဲ့ပြီးတော့ New Jeans အဖွဲ့ကို မွေးထုတ်ခဲ့တာဖြစ်ပါတယ်။ အခုကိစ္စမှာတော့ HYBE  ဖက်ကနေပြီးမင်းဟီးဂျင်ကို စီအီးအိုရာထူးကနေဆင်းပြီး ကုမ္မဏီကနေပါ ထွက်သွားဖို့တောင်းဆိုခဲ့တယ်လို့သိရပါတယ်။


HYBE ဖက်ကနေ ဒီလိုလုပ်ရတဲ့အကြောင်းရင်းကတော့ မင်းဟီးဂျင်းဟာ Ador ကုမ္မဏီကို လက်အောက်ကနေခွဲထုတ်သွားဖို့ကြံစည်နေတဲ့အပြင် New Jeans အဖွဲ့ကိုပါ တစ်ပါတည်းယူသွားဖို့အစီအစဥ်တွေလုပ်ဆောင်နေတာကြောင့် အခုလိုမျိုးရာထူးကနေထုတ်ဖယ်ဖို့ကြိုးစားရခြင်းဖြစ်ကြောင်း ပြောခဲ့ပါတယ်။ အသေးစိတ်အချက်အလက်တွေကိုတော့ အခုချိန်ထိသိရခြင်းမရှိသေးပါဘူး။ 




Some text some message..