Baeksang Art Award စင်ပေါ်မှာ အပြန်အလှန်ကျေးဇူးတင်စကားပြောခဲ့ကြတဲ့ မင်းသားလီဒိုဟွန်းနှင့် မင်းသမီးလင်းဂျီယွန်းတို့အတွဲ
mmload.com
|
2024-05-08

မင်းသားလီဒုန်ဟျွန်းနှင့် လင်းဂျီယွန်းတို့ဟာ The Glory ဇာတ်ကားရိုက်ကူးရင်းနှင့် ခင်မင်သိကျွမ်းသွားကြတာဖြစ်ပြီး နောက်ပိုင်းမှာဒိတ်နေကြကြောင်းပေါ်ထွက်လာခဲ့ပါတယ်။  နှစ်ယောက်သားဟာ ဒိတ်နေကြောင်းကို တရားဝင်ဖော်ထုတ်ခဲ့ကြတဲ့အပြင် လီဒုန်ဟျွန်းစစ်မှုထမ်းနေစဥ်ကာလမှာတောင်မှ အချိန်ပေးပြီးဒိတ်လုပ်နေကြတဲ့အတွဲတွေဖြစ်ပါတယ်။


မနှစ်ကလင်းဂျီယွန်းဆုရတုန်းက ကျေးဇူးတင်စကားမှာ ကောင်လေးဖြစ်တဲ့ လီဒိုဟျွန်းနာမည်ကိုထည့်ပြောပြီးကျေးဇူးတင်ကြောင်းပြောသွားခဲ့ပါတယ်။ ဒီနှစ်မှာလည်း လီဒိုဟျွန်းဟာ ပွဲဦးထွက်ရုပ်ရှင်မှာပဲ Best New Actor ဆိုကိုထပ်ပြီးရသွားခဲ့တာကြောင့် ကျေးဇူးတင်စကားမှာချစ်သူကောင်မလေးကိုထည့်ပြီးပြောသွားခဲ့တာဖြစ်ပါတယ်။


မကြာသေးခင်တုန်းက လီဒိုဟျွန်း စစ်မှုထမ်းကာလခွင့်ရတဲ့အချိန်မှာလည်း နှစ်ယောက်သားဟာ စားသောက်ဆိုင်တစ်ခုမှာဒိတ်နေခဲ့ကြပါသေးတယ်။ နှစ်ယောက်သားဟာ အရင်ကထက်ပိုပြီးချစ်ခင်လာကြပုံရတဲ့အပြင် ပျော်ရွှင်အဆင်ပြေတဲ့ ဆက်ဆံရေးကိုပိုင်ဆိုင်နေပုံပေါ်ပါတယ်။ ဆုပေးပွဲအပြီးမှာလည်း နှစ်ယောက်သားနီးကပ်ပြီးစကားပြောနေတဲ့ပုံနှင့်ဗီဒီယိုတွေတက်လာခဲ့ပါသေးတယ်။ 






Some text some message..