
မြန်မာပြည်မှာ ကွမ်းယာရောင်းသူဘဝကနေအပတ်တကုတ်ကြိုးစားရင်းအောင်မြင်မှုတွေရလာပြီးအောင်သမာဓိရွှေဆိုင်ပိုင်ရှင်ကြီးတစ်ယောက် ဖြစ်လာတဲ့ “ဦးအောင် (ဦးအောင်ဆန်းဝင်း)” က သူ့ရဲ့ရိုးရှင်းတဲ့အိမ်ထောင်ရေး ဘဝအကြောင်းကို “ကွမ်းယာသည်ရဲ့ ရည်းစားထားနည်း” ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ဝေမျှခဲ့ပါတယ်။
ကွမ်ယာသည်ရဲ့ရည်းစားထားနည်း
ဘာနေ့သမီး လဲ? မမေးလိုက်မိဘူး
အရပ်အနိမ့်အမြင့် မတိုင်းလိုက်ရသလို
သွေးလဲမစစ်လိုက်ရပါဘူး မြင်တဲ့နေကစကြိုက်တာဘဲ
စီးပွားပညာစစ်တမ်း
သူ့နောက်မှာဘာပကာသနမှမရှိသလို
ပညာအရည်ချင်း ၈ တန်း တောင်သူသားသမီး
ကိုတွေနောက်မှာတော့ ကွမ်ယာဆိုင်းဘုတ်သာရှိ
မိဘတောင်သူ ပညာအရည်ချင်း ၁၀ တန်း
မိဘမျိူးရိုး
စစ်ဆေးဘို့နေနေ သာသာ
သူ့မိဘတို့သိမှာကြောက်လို့
သိုသိုသိတ်သိတ်
ရည်းစားသက်တမ်း
အဖြေစောင့်ရတာ သုံးလ
မင်္ဂလာဆောင်ဘို့ရဘို့ ၅နှစ် စောင့်ရတယ်
စေ့စပ်ပွဲ
ချိန်တွေ့လို့ လူမိတဲ့သိတဲ့ည
အဲဒါစေ့စပ်ပွဲလို့ထင်တာပါဘဲ
ဂုဏ်သရေရှိလူကြီးတွေအဲဒီည
တယောက်မှမပါတာတော့သေချာတာဘဲ
မင်္ဂလာဆောင်ခန်းမ
ဘယ်ခန်းမှ မသွားနိုင်ပါဘူး
သူ့အိမ် ကိုယ့်အိမ်က ခန်းမပါဘဲ
လက်ထပ်စာချုပ်ခန်းမပါသလိုဘဲ
သတို့သမီး သတို့သားအရံ ခေါ်ဘို့နေနေသာသာ
ကိုတွေတောင် ဝတ်စုံဘိုးမလောက်လို့
မှတ်တမ်းတင်
VDO မှတ်တမ်းမခေါ်နိုင်ပါဘူး
ဓါတ်ပုံဆရာကခင်လို့ ၃ ပုံဘဲရိုက်ပေယ်
ခုတော့အမျိုးတွေနဲ့ပုံ တစ်ပုံဘဲရှိတော့တယ်
မင်္ဂလာမောင်မယ် ဆွမ်းကယ်တို့ ကိတ်မုန့်ခွန်တို့
အလှပုံတို့ မရိုက်နိုင်ခဲ့ပါဘူး
မင်္ဂလာလက်ဖွဲ့
၈၀၀၀ ရပါတယ် သိန်း၈၀၀၀ မဟုတ်ပါ
ရိုးရိုး ရှစ်ထောင်ကျပ်ပါ ခုခေတ်လိုဆိုရင်
တစ်ထောင်တန်ရှစ်ရွက်ပေါ့ဗျာ
ရတာနဲ့ကုန်တာအတူတူလောက်ပါဘဲ
ဒါပေမဲ့အဲဒီငွေက လာသမျှလူကို
ထ္မင်းကြွေးနိုင်ပါတယ် ရွှေတစ်ကျပ်သား ၃၅၀၀
ဟန်းနီးမွန်းခရီး
မင်္ဂလာဆောင်ပြီးနောက်ရက်
မိန်းမခေါ်ပြီး ရွှေတောပြန်ပြီး
ကွမ်းယာယာရောင်းနေလိုက်တာပါဘဲ
ချောင်းသာ ငပလီသွားဘို့နေနေသာသာ
မင်္ဂလာဆောင်အကြွေးဆပ်ဘို့ဈေးရောင်းရမယ်လေ
နိဂုံချုပ်တော့
မင်္ဂလာဘယ်လိုဆောင်တာအရေးမကြီပါဘူူး
မင်္ဂလာဆောင်ပြီးနောက် ဘယ်လိုနေ ဘယ်လိုသေ
သြားကြတယ္ဆိုတာအေရးကြီးတယ္ထင္တာဘဲ
ခုထိအိမ်ထောင်သက်(၃၅)နှစ်
ဘာအမှတ်တရပွဲမှမလုပ်ဘူူးသေးပါဘူး
မလိုအပ်ဘဲအပိုမကုန်ချင်လို့ပါ
အမှတ်တရများ
များလွန်းလို့မရေးတော့ပါဘူး
ထီးလိုတဖုံ ယပ်လိုတသွယ်အနွေးထည်လိုတမျိုး စောင့်ရှောက်နေတာကြောင့်
သူမရှိရင်တော့မနေတတ်တော့ဘူးဗျ
သံဝေဂ
ဒါပေမဲ့လည်း
တနေ့တော့ခွဲကြရမှာလေ
ဒါကြောင့် တရားဘဲအားကိုးရမှာမို့
စာတလုံးကြောင့်အသိတခုရနိုင်ကြပါစေ
စာတစ်လုံးကြောင့် တခုခုတော့ရကြပါစေ
လို့ သူ့ရဲ့ လူမှုကွန်ယက် Aung San Winအကောင့်ကနေ ဖော်ပြခဲ့ပြီး ပြန်လည်မျှဝေသူ ၃ ထောင်နီးပါးရှိခဲ့ပါတယ်။ ပကာသနမဖက်ပဲအရှိကိုအရှိအတိုင်း ဘဝကို ရိုးသားကြိုးစားစွာ ဖြတ်သန်းနေတဲ့ “ဦးအောင်” ကတော့ လူတိုင်း လေးစားအားကျရတဲ့ ပုဂ္ဂိုလ်ကြီး တစ်ဦးဖြစ်ပါတယ်။
ဓါတ်ပုံ - Aung San Win (FB)