One direction မှာသူငယ်ချင်းတစ်ယောက်မှ မရှိခဲ့ဘူးလို့ပြောလိုက်တဲ့ Zayn Malik
popolay.com
|
2019-01-09

တစ်ချိန်က One directionအဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်တဲ့ Zayn Malik ဟာ One directionအဖွဲ့နဲ့ သူဖြတ်သန်းခဲ့ရတဲ့ နေ့ရက်တွေအကြောင်းကို ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။








Zayn ဟာ တစ်ယောက်တည်းနေရတာကြိုက်ပြီး ထူးဆန်းတဲ့ လူမှုဆက်ဆံရေးအနေအထားမှာရှိတယ်လို့ one directionအဖွင့်ဝင်တွေက သူတို့ 1D: This is us ကိုရိုက်ကူး ကတည်းက ပြောဖူးပါတယ်။ 1D ကိုစဖွဲ့တုန်းကဆိုရင် Liam Payne က Zayn ရဲ့ ထူးဆန်းတဲ့ နေထိုင်မှုပုံစံကြောင့် Zayn ကိုုထုတ်ပစ်ဖို့တောင် ပြောခဲ့ပါသေးတယ်တဲ့။








Zayn ဟာ ၂၀၁၅ ခုနှစ် မတ်လ ၂၅ ရက်နေ့မှာ 1D ကနေထွက်ခဲ့ပြီး တစ်ကိုယ်တော်အဆိုတော်အဖြစ်ရပ်တည်ခဲ့ပါတယ်။ Zayn တစ်ယောက် 1Dအဖွဲ့သားတွေနဲ့အဆိုတော်ပေါက်စဘဝကို ဖြတ်သန်းစဉ်ကာလက သူတို့နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးမျိုးမရှိခဲ့ပါဘူးတဲ့။အားလုံးသိထားကြတာတော့ Zayn က Harry Styles နဲ့အရမ်းရင်းနှီးလိမ့်မယ်လို့ ထင်ခဲ့ကြတာပါ။ ဒါပေမဲ့ တကယ်တော့ Zayn က Harry နဲ့ စကားတောင်ကောင်းကောင်း မပြောဖူးပါဘူးတဲ့။









ဒါကြောင့် Zayn က One direction မှာ သူ့အတွက်သူငယ်ချင်းတစ်ယောက်မှ မရှိဘူးလို့ပြောခဲ့တာပါ။ ‘ဘယ်သူကမှမှားနေတာမဟုတ်ပါဘူး၊ ကျွန်တော်တို့ သဘောထားချင်းမတိုက်ဆိုင်လို့ လမ်းခွဲခဲ့ကြတာပါ။’ လို့သူပြောခဲ့ဖူးပါတယ်။








အစက ပရိတ်သတ်တွေအထင် Zayn ကို ကျန်တဲ့ 1Dအဖွဲ့သားတွေကအနိုင်ကျင့် လို့ ထွက်ခဲ့ရတယ်လို့ထင်ကြတာပါ။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၈ ရက်နေ့မှာ Zayn ရဲ့ သီချင်းအသစ်ဖြစ်တဲ့ ‘Good Year’ ထွက်လာခဲ့ပါတယ်။အဆိုပါသီချင်းမှာပါဝင်တဲ့စာသားတွေက Zayn တစ်ယောက် 1Dအဖွဲ့သားတွေကို ရည်ညွှန်းထားတဲ့ ပုံစံ၊ တောင်းပန်ချင်တဲ့ပုံစံ ရေးသားသီဆိုထားပါတယ်။








ဒါကို Zayn ကသူ့ရဲ့ Twitter acc မှာပြန်တင်ခဲ့တဲ့အခါမှာတော့ 1Dအဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Louis က ‘အခုမှ သူတော်ကောင်းယောင်ဆောင်တဲ့ကြောင်လို မလုပ်နဲ့’ လို့ရေးသားပြီး ချေပခဲ့ပါတယ်။ 1Dအဖွဲ့သားတွေနဲ့ Zayn ကြားမှာဘယ်လောက်ထိတင်းမာခဲ့လဲဆိုတာ တော့ မပြောတတ်ပေမယ့် Zayn ကလဲ 1D မှာသူငယ်ချင်းမရှိခဲ့ဘူးလို့ တွင်တွင်ပြောနေသလို ကျန်တဲ့ 1Dအဖွဲ့သားတွေကလဲ Zayn ကိုကြိုက်နှစ်သက်တဲ့ပုံ မပြကြပါဘူး။ဒါကတော့ Zayn ရဲ့အသစ်ထွက်ရှိထားတဲ့ Good Years သီချင်းပဲဖြစ်ပါတယ် ခံစားနားဆင်ကြည့်လိုက်ကြပါဦး။













Some text some message..