
Jurrasic World, Gurdian of the Galaxyအစရှိတဲ့နာမည်ကြီး ဇာတ်ကားတွေရဲ့အဓိက ဇာတ်ဆောင်မင်းသား Chris Pratt ဟာလက်ရှိတွဲခုတ်နေတဲ့ ချစ်သူ Katherine Schwarzenegger နဲ့ စေ့စပ်ကြောင်းလမ်းလိုက်ပါပြီ။
Katherine ဆိုတာတခြားသူမဟုတ်ပါဘူး တစ်ချိန်က နာမည်ကြီးအက်ရှင်မင်းသားကြီး Arnold Schwarzenegger ရဲ့သမီးဖြစ်ပါတယ်။အာနိုးဆိုတာနဲ့ မြန်မာပရိတ်သတ်တွေမသိသူ မရှိသလောက်ပါပဲနော်။ Katherine ဟာအာနိုးရဲ့ သားသမီးတွေထဲကသမီးအကြီးဆုံးတစ်ယောက်ဖြစ်ပြီးအမေရိကန်နိုင်ငံရဲ့ (၃၅) ယောက်မြောက် သမ္မတကြီး John F.Kennedy ရဲ့ မြေးတစ်ယောက်လဲဖြစ်ပါတယ်။
Chris Pratt မှာ Katherine နဲ့မတွဲခုတ်ခင် Anna Faris နဲ့အိမ်ထောင်ကျခဲ့တာဖြစ်ပါတယ်။ Anna နဲ့သားတစ်ယောက်ရရှိခဲ့ပြီးအခြေအနေအကြောင်းကြောင်းကြောင့် မာနချင်းပြိုင်ရင်း လမ်းခွဲခဲ့ကြတာပါ။အခုတော့ Chris ဟာသူလက်ရှိတွဲနေတဲ့ Katherine နဲ့ စေ့စပ်ကြောင်းလမ်းသွားတာကို ဇနီးဟောင်း ဖြစ်တဲ့ Anna Faris က Chris ကိုဂုဏ်ပြုကြောင်း ကို comment မှာဝင်ရောက်ရေးသားခဲ့ပါတယ်။ ‘မင်းတို့ နှစ်ယောက်လုံးအတွက် ဝမ်းမြောက်ဝမ်းသာ မိပါတယ် ဂုဏ်ယူပါတယ်’ လို့ Anna Faris ကခင်ပွန်းဟောင်းရဲ့ ပို့စ်မှာရေးသားခဲ့တာပါ။
Chris Pratt ကလဲ သူ့ရဲ့ မင်္ဂလာပွဲကိုဇနီးဟောင်းဖြစ်သူ Anna Faris ကိုဖိတ်ကြားသွားမယ်လို့သိရပါတယ်။ Anna ကနေ သူတို့နှစ်ယောက်သဘောထားချင်းမတိုက်ဆိုင်လို့ ကွာရှင်းခဲ့ကြပေမယ့် သူငယ်ချင်းအနေနဲ့အခင်အမင်မပျက်ဆက်လက်တည်ရှိနေမှာပါလို့ ပြောကြားထားပါတယ်။