Itachi ဝတ်စုံကြီးဝတ်ကာ ပွဲအလယ်ကို ရဲရဲဝင့်ဝင့်တက်ရောက်လာတဲ့ စည်သူပလပ်ကျွတ်
popolay.com
|
2019-01-29
စည်သူပလပ်ကျွတ်ကတော့ ရုပ်ရှင်ဗီဒီယိုသရုပ်ဆောင်တစ်ဦးဖြစ်ပြီး သီချင်းတွေလဲဆိုတတ်သေးတဲ့အဆိုရှင်တစ်ဦးလည်းဖြစ်ပါတယ်။ သိပ်မကြာခင်ကအနီရောင်ခြုံထည်ဝတ်စုံကြီးဝတ်ကာ မြန်မာ့သူရဲကောင်း ဟီးရိုးပုံစံဖြင့်ရုပ်ရှင်ရိုက်ကူးရာမှ ပရိသတ်တွေက စတင်သတိထားမိလာခဲ့ကာ မြန်မာ့သူရဲကောင်းကြီးဆိုပြီး နာမည်ကျော်ကြားလာတာလည်းဖြစ်ပါတယ်။
မကြာသေးခင်ရက်ပိုင်းကလည်း Show ပွဲတစ်ခုမှာ စပိုက်ဒါမန်းဝတ်စုံကြီးဝတ်ကာ ဖျော်ဖြေခဲ့မှုကြောင့် ပရိသတ်တွေကြားဂယက်ထခဲ့ကာ ဝေဖန်သံတွေနဲ့ဆူညံခဲ့သလို စည်သူပလပ်ကျွတ်ကို ဝန်းရံအားပေးတဲ့ပရိသတ်တွေလဲ ထွက်ပေါ်လာခဲ့ပါတယ်။ ဝေဖန်ပြောဆိုမှုတွေအများကြီး ကြုံခဲ့ရပေမယ့်အားလျှော့မသွားပဲ စူပါဟီးရိုးပုံစံတွေဝတ်ဆင်ကာ ဆက်လက်ဖျော်ဖြေသွားဦးမှာပါလို့ ကြိုတင်သတင်းပါးထားတဲ့ စည်သူပလပ်ကျွတ်ကတော့ ပြောဆိုထားတဲ့အတိုင်း လက်တွေ့အကောင်အထည်ဖော်ခဲ့ပါတယ်။
ဟောလိဝုဒ်ရုပ်ရှင်လောကရဲ့ စူပါဟီးရိုးတွေဖြစ်တဲ့ စပိုက်ဒါမန်းဝတ်စုံနဲ့ Black Panther ဝတ်စုံတို့ကိုဝတ်ဆင်ခဲ့ပြီးနောက်အောင်မြင်မှုတွေပိုတိုးလာတဲ့ စည်သူပလပ်ကျွတ်ကတော့ ဟောလိဝုဒ်တင်အားမရလို့ ဂျပန် Anime ဇာတ်ကောင်တွေဘက်ပါ လှည့်လာတာကိုတွေ့ရပါတယ်။ တရုတ်မလေးကိုချစ်တယ် ရုပ်ရှင်ဇာတ်ကားကြီး Red Carpet show ကိုတော့ စည်သူပလပ်ကျွတ်တစ်ယောက် Itachi Uchiha ရဲ့ဝတ်စုံကိုဝတ်ပြီး တက်ရောက်ခဲ့တာပဲဖြစ်ပါတယ်။ Itachi ရဲ့ ပုံစံအတိုင်းအဝတ်အစားအပြည့်အစုံဝတ်ကာ ပွဲအလယ်ကိုရဲရဲဝင့်ဝင့် တက်ရောက်ခဲ့တဲ့ စည်သူကတော့ တကယ့်ဟီးရိုးအသွင်နဲ့အသက်သွင်းထားတာကိုလဲတွေ့ရပါတယ်။
စည်သူရဲ့ယခုကဲ့သို့ဝတ်စားလာမှုကြောင့် Naruto ရဲ့ ဖန်စစ်စစ်တွေဟာအကြီးအကျယ်ပေါက်ကွဲနေကြသလို ဝေဖန်ပြောဆိုသံတွေနဲ့ဖုံးလွှမ်းနေပေမယ့် လက်ခံအားပေးတဲ့ပရိသတ်တွေလဲရှိနေခဲ့ပါတယ်။ ဝေဖန်လေ၊ ဆဲလေ နာမည်ကြီးလေလို့လက်ခံထားတဲ့ စည်သူကတော့ “နောက်တစ်ခါဝတ်မယ့်ဝတ်စုံက Kakashi Hatake ဝတ်စုံကိုဝတ်ဖို့စဉ်းစားနေပါတယ်”ဆိုပြီး နောက်ထပ်ဝတ်ဖြစ်မယ့် ဝတ်စုံနဲ့တောင်ပတ်သက်ပြီး သူ့ရဲ့လူမှုကွန်ယက်ကနေ ကြိုတင်အသိပေးထားလိုက်ပါသေးတယ်။ ဟောလိဝုဒ်တင်မက ဂျပန် Anime တွေဘက်ပါလှည့်လာပြီဖြစ်တဲ့ မြန်မာ့သူရဲကောင်းကြီး စည်သူပလပ်ကျွတ်ကို ဆက်လက်ကြည့်ရှုအားပေးလိုက်ကြပါဦးနော်...
#စည်
#ကျွတ်
#ဝတ်စုံ
#ပလပ်
#ဖန်
ဆောင်းပါးများ
Some text some message..
Send SMS?
မသေချာပါ
သေချာပါသည်
ပယ်ဖျက်ရန်
အိုကေ
သတိပေးချက်
အိုကေ
စတင်အသုံးပြုမည်