Mobile Legends Gamer များအတွက်အမိုက်စားသီဆိုလိုက်တဲ့ လွှမ်းပိုင်နဲ့ မိစန္ဒီရဲ့ Burning Legends
popolay.com
|
2019-01-30

အနုပညာဂီတလမ်းကြောင်းပေါ်မှာ ပရိသတ်အခိုင်အမာရဲ့လက်ခံအားပေးမှုတွေနဲ့အတူအောင်မြင်မှုတွေများစွာကို ရရှိပိုင်ဆိုင်ထားတဲ့အဆိုတော်လွှမ်းပိုင်နဲ့ မိစန္ဒီတို့နှစ်ယောက်ကတော့ Hip Hop လောကရဲ့ နာမည်အကြီးဆုံးသူနှစ်ဦးလဲဖြစ်ပါတယ်။အမိုက်စားသီချင်းသံစဉ်တွေကိုအမြဲမပြတ်ဖန်တီးလေ့ရှိတဲ့ သူတို့နှစ်ဦးက ယခုတစ်ခါမှာတော့ လူကြိုက်အများဆုံး ဂိမ်းတစ်ခုဖြစ်တဲ့ Mobile Legends ကို နှစ်သက်စွဲလန်းစွာ ဆော့ကစားကြတဲ့ Gamer များအတွက်အမိုက်စားသီချင်းလေးတစ်ပုဒ်ကို ဖန်တီးသီဆိုလိုက်ပါတယ်။

ကိုယ်တိုင်လည်း Mobile Legends ဂိမ်းကို နှစ်သက်စွာကစားနေတဲ့ လွှမ်းပိုင်က မိစန္ဒီနဲ့အတူတူအလန်းစားသီချင်းစာသားတွေကို ပေါင်းစပ်ဖန်တီးကာအမိုက်စားသီဆိုလိုက်တဲ့ သီချင်းလေးရဲ့နာမည်ကတော့ Burning Legends ပဲဖြစ်ပါတယ်။ Burning Legends သီချင်းလေးကို နားထောင်ပြီး MBL ဂိမ်းလေးဆော့ရင်း ရင်ခုန်စိတ်လှုပ်ရှားမှုတွေပိုဖြစ်စေဖို့ ရည်ရွယ်သီဆိုထားခြင်းဖြစ်ပါတယ်။ ထိုသီချင်းလေးကတော့ မြန်မာနိုင်ငံရဲ့ ပထမဆုံး Mobile Legends သီချင်းလေးလည်းဖြစ်ပါတယ်။

“အားလုံးပဲမင်္ဂလာပါခင်ဗျာ... သီချင်းလေးကိုကြိုက်နှစ်သက်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်...မြန်မာနိုင်ငံရဲ့ပထမဆုံး MLBB သီချင်းဖြစ်တဲ့ Burning Legends သီချင်းလေးကို မိစန္ဒီနဲ့အတူသီဆိုခွင့်ရတဲ့အတွက်အရမ်းဂုဏ်ယူမိပါတယ်... Burning Legends သီချင်းလေးကိုဖွင့်ပြီး MLBB ကစားရင်းအောင်မြင်မှုတွေစိတ်လှုပ်ရှားမှုတွေရယူလိုက်ပါ..”ဆိုပြီး ရေးသားမျှဝေထားတာပဲဖြစ်ပါတယ်။ ဂိမ်းလေးကစားရင်း သီချင်းလေးလဲနားထောင်လို့ရအောင် လွှမ်းပိုင်နဲ့ မိစန္ဒီတို့သီဆိုထားတဲ့ Buring Legends သီချင်းလေးကို ဖော်ပြပေးလိုက်ပါတယ်။






Some text some message..