Shwe FM ရေဒီယိုရဲ့ ၉နှစ်ပြည့် ဂီတဆုပေးပွဲနဲ့ ဖျော်ဖြေရေးအစီစဉ်များကိုဒီဇင်ဘာလ ၁၄ရက်နေ့ညက ရန်ကုန်မြို့ရှိ Hexagon Complex မှာကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဒီ Shwe FM ဂီတဆုပေးပွဲကိုနှစ်စဉ်နှစ်တိုင်းကျင်းပလျှက်ရှိကာ၊ ယခုနှစ်မှာတော့ထူးခြား တဲ့ဆုတွေလည်း ပါဝင်ခဲ့ပါတယ်။
ယခုနှစ် ၂၀၁၈ခုနှစ်မှာ Shwe Fm ကပေးအပ်ခဲ့တဲ့ဆုတွေကတော့ ၂၀၁၈တစ်နှစ်တာလုံးရွှေ ပရိသတ်ကြိုက်နှစ်အသက်ဆုံးမြန်မာသံတေးရေးဆုကိုတေးရေးဆရာသဟာအောင်၊ ၂၀၁၈တစ်နှစ်တာလုံး ပရိသတ်တောင်းဆိုမှုအများဆုံးအမျိုးသားတေးသံရှင်ဆုကိုအ ဆိုတော်ဖိုးပြည့်(ကိုယ်စောင့်နတ်)၊ ၂၀၁၈တစ်နှစ်တာလုံး ပရိသတ်တောင်း ဆိုမှုအများဆုံးအမျိုးသမီးတေးသံရှင်ဆုကိုအဆိုတော် ဘီလီလမင်းအေး(တိုင်းရင်းသူလေးကျွန်မ)၊ ၂၀၁၈တစ်နှစ် တာလုံးပရိသတ်တောင်းဆိုမှုအများဆုံးမြန်မာ သံတေးသံရှင်ဆုကို မြန်မာသံစဉ်အဆိုတော်သွန်း(တို့မေမေ)၊ ၂၀၁၈ခုနှစ်အတွက်အကောင်းဆုံးအကျော်ကြားဆုံးတေးရေးဆုတေးရေးဆိုကို လူငယ်တေးရေးဆရာဝေကြီး၊ တစ်နှစ်တာလုံး Shwe FM Facebook မှတဆင့်သီချင်းအများဆုံးအတောင်းခံရဆုံးအမျိုးသားဆုကိုအဆိုတော်G FAtt (အကယ်၍လက်ထပ်ကြတဲ့အခါ)၊ တစ်နှစ်တာလုံး Shwe FM Facebook မှတဆင့်သီချင်းအများ ဆုံးအတောင်း ခံရဆုံးအမျိုးသမီးတေးသံရှင်ဆုကိုအဆိုတော်ကေကေမိုး(ကျွန်မ)၊ ၂၀၁၈ခုနှစ်အတွက်ပရိသတ်တွေအားပေးရွေးချယ်မှုအများဆုံး ရုပ်ရှင်ဇာတ်ဝင်တေးသီချင်းဆုကိုထပ်ဆင့်အကယ်ဒမီနေတိုး(လရောင်ချော့တေး) နဲ့ ၂၀၁၈ခုနှစ် Shwe FM ပွဲတက်ဖက်ရှင်ဆုကိုအဆိုတော်ချမ်းမြေ့မောင်ချို တို့ကိုအသီးသီးရရှိခဲ့တာဖြစ်ပါတယ်။
Photo Credit-SFM