ဝါရင့်ဂီတပညာရှင်မြန်မာသံစဉ်တေးသီချင်းများစွာကိုသီဆိုခဲ့တဲ့အဆိုတော်ကြီးဦးမင်းနောင် ရဲ့ရုပ်အလောင်းကိုဖေဖော်ဝါရီ၂ရက်သဂြိုလ်မယ်
myanmaplatform.com
|
2019-02-01




မြန်မာဂန္တဝင်အဆိုတော်ကြီးတစ်ဦးဖြစ်တဲ့ ဦးမင်းနောင်က ဇန်နဝါရီလ ၃၁ရက်ညနေ ၅း၄၅အချိန်တွင်အာရှတော်ဝင်ဆေးရုံမှာ ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။

ကွယ်လွန်သွားခဲ့ပြီးနောက်ကျန်ရစ်ခဲ့တဲ့ ရုပ်အလောင်းကိုနာရေးကူညီမှုအသင်း(ရန်ကုန်)ရှိအထူးနိဗ္ဗာန်ယာဉ်ဖြင့်အသင်းသားများမှ ရေဝေးသုဿာန်ကိုပို့ဆောင်ကူညီပေးခဲ့ကြပါတယ်။




အဆိုတော်ကြီးဦးမင်းနောင် သေဆုံးရတာဟာမြန်မာသံစဉ်တေးဂီတလောကအတွက်ကတော့ ကြယ် တစ်ပွင့်ကြွေ သွားသလိုခံစားနေကြရတာဖြစ်ပြီး၊ သူ့ရဲ့ကျန်ရှိနေတဲ့ ရုပ်အလောင်းကိုတော့ ဖေဖော် ဝါရီလ ၂ရက်နေ့လည်၃နာရီ မှာမြောက်ဥက္ကာလာပမြို့ရှိရေဝေးသုသာန်ကိုပို့ဆောင် မီးသဂြိုလ် မှာဖြစ်ပါတယ်။




မြန်မာဂန္တဝင်အဆိုတော်ကြီးဦးမင်းနောင်ကွယ်လွန်သွားတာနဲ့ ပတ်သက်ပြီးလူငယ်တေးသံရှင် ဝိုင်းလမင်းအောင် ကလည်း “ ထာဝရနှုတ်ဆက် ထွက်ခွာသွားပြီဖြစ်တဲ့ဂျင်မလေးဂျမ်းကျွန်တော်ရဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ ဘဘဦးမင်းနောင် ကောင်းရာသုဂတိလားပါစေ။ ဝမ်းနည်းခြင်းများစွာဖြင့်” လို့ ဆိုကာ သူ့ရဲ့တရားဝင်ပေ့ချ် စာမျက်နှာထက်မှာရေးသားထားတာဖြစ်ပါတယ်။




ဝါရင့်မြန်မာဂန္တဝင်အဆိုတော်ကြီး ဦးမင်းနောင်ဟာသေဆုံးချိန်မှာအသက်၈၉နှစ် ရှိပြီဖြစ်ကာ၊ နိုင်ငံတော်ပေးအပ် ထားတဲ့ စည်သူဘွဲ့ကိုလည်းရရှိထားတာဖြစ်ပါတယ်။




အဆိုတော်ကြီးဦးမင်းနောင်ရဲ့ ဂျင်မလေးဂျမ်း၊ ဇရာ၊ သက်ဝေအစရှိတဲ့သီချင်းတွေဟာ သီချင်းချစ်သူ တွေရဲ့ပါးစပ် ဖျားမှာ ရေပန်းစားခဲ့တာဖြစ်ပြီး၊ ဂီတသက်တမ်း ၇၀ ကျော်ရှိကာ တေးဂီတစိစစ် ဆေးရေးမြန်မာသံစဉ်ဘုတ်အဖွဲ့ဝင် (မြန်မာ့အသံရုပ်မြင်သံကြား)အဖြစ်ဆောင်ရွက်ခဲ့သူတစ်ဦး လည်းဖြစ်ပါတယ်။

ဦးမင်းနောင်ကွယ်လွန်ချိန်တွင်ဇနီးဖြစ်သူအဆိုတော်ကြီး ဒေါ်ရီလေး၊ သားသမီးများဖြစ်ကြတဲ့ ကိုမင်းဦး၊ မောင်နေလင်း၊ သမီးကလျာမင်းမင်းဦးတို့ ကျန်ရစ်ခဲ့တယ်လို့လည်းသိရပါတယ်။

Photo Credit-WLMA




Some text some message..