
ဆယ်ကျော်သက်အရွယ် တက်သစ်စအဆိုတော်အုပ်စိုးခန့်ဟာ နှုတ်ခမ်းနီမလေးတွေကြားမှာအောင်မြင်ကျော်ကြားရေပန်းစားနေတဲ့အဆိုတော် တစ်ဦးဖြစ်ပါတယ်။
အုပ်စိုးခန့်ဟာ လတ်တလောမှာ ‘Number One’ သီချင်းအယ်လ်ဘမ်ထွက်ရှိထားပြီး ပရိတ်သတ်တွေကလဲ တစ်ခဲနက်အားပေးလာကြပါတယ်။ Joox Myanmar Music Chart မှာ နံပါတ် (၂) နားထောင်သူအများဆုံးကိုလဲ ရရှိထားတာပါ။
ကလေးဘဝကတည်းက သရုပ်ဆောင်လုပ်ခဲ့တဲ့ ယွန်းယွန်းလေးကိုတော့ ပရိတ်သတ်ကြီးသိမှာပါ။ ယွန်းယွန်းဟာ ကလေးသရုပ်ဆောင်အရွယ်တုန်းကလဲ ချစ်စရာကောင်းလွန်းလို့နာမည်ကြီးသလို လူကြီးဖြစ်လာတဲ့အခါမှာလဲ သူမရဲ့ မဟာဆန်တဲ့အလှအပကိုကြွေမကျရသူ မရှိသလောက်ပါပဲနော်။
ယွန်းယွန်းနဲ့အုပ်စိုးခန့်တို့ဟာ သူတို့နှစ်ယောက် တွဲနေတာကြာပြီဖြစ်တဲ့အကြောင်းကို ပရိတ်သတ်ကို ပုံနှင့်တကွအသိပေးလိုက်ပါတယ်။ ရည်းစားအဖြစ်တွဲလာတာ ၁ နှစ်နဲ့ ၇ လရှိပြီဖြစ်ကြောင်း Mystory မှာတင်ခဲ့ပါတယ်။
ပရိတ်သတ်ကြီးရေအုပ်စိုးခန့်နဲ့ ယွန်းယွန်းတို့ စုံတွဲလေးဟာချစ်စရာကောင်းတယ်လို့မထင်မိဘူးလား။ ချစ်ဖို့ကောင်းတယ်လို့ ထင်ရင် ယွန်းယွန်းနဲ့အုပ်စိုးခန့်တို့ကို congratulation ပါလို့ပြောသွားကြပါဦး။ ^^
(ပိုပိုလေး)