မရွှေဥရွာသားများနဲ့ ခေါင်းအုံးရိုက်ပွဲမှာအားတက်သရောပါဝင်ခဲ့တဲ့အဝင်းနှင့်အဖွဲ့သားများ
popolay.com
|
2019-03-08

ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားလေး မိုရီဆာကီဝင်းဟာ ဇာတိမြေဇာတ်ကားမှာပါဝင်ပြီး မြန်မာပရိတ်သတ်တွေနဲ့ ရင်းနှီးခွင့်ရရှိခဲ့တာဖြစ်ပါတယ်။အဝင်းရဲ့ ပွင့်လင်းစွာပြောဆိုတတ်ပုံ၊ ဂျပန်မှာနေတာကြာလို့ မြန်မာစကားမေ့သွားပြီး စကားမပီတဲ့ပုံစံတို့က ချစ်စရာကောင်းတာကြောင့်အဝင်းကို လူချစ်လူခင် များလာတာဖြစ်ပါတယ်။







အဝင်းဟာ ဂျပန်မှာ Prizmax လို့အမည်ရတဲ့ Band တစ်ခုရဲ့အဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ Prizmaxအဖွဲ့သားများနဲ့အဝင်းတို့ပါဝင်တဲ့ Win’s Showtime ကို MNTV မှ စီစဉ်ရိုက်ကူးထုတ်လွှင့်ခဲ့ကြပါတယ်။







Prizmaxအဖွဲ့ဝင်လေးယောက်ရှိပြီးအဝင်းအပြင်ကျန်အဖွဲ့ဝင်တွေကတော့ Daiki, Yuuki နဲ့ Tsubasa တို့ပဲဖြစ်ပါတယ်။ Win’s Showtime မှာအဝင်းနဲ့အဖွဲ့သားတွေဟာ မရွှေဥကျေးရွာသို့ သွားရောက်ခဲ့ပြီး ကျေးရွာ လူနေမှုဘဝတွေအကြောင်း သွားရောက်လေ့လာခဲ့ပါတယ်။ မရွှေဥကျေးရွာရောက်ရှိတဲ့အခါမှာ Prizmaxအဖွဲ့သားတွေဟာ ရွာရှိအမျိုးသမီး တစ်ဦးရဲ့ နေအိမ်သို့သွားရောက်ပြီး ဘဲကျောင်းပေးခဲ့ကြပါတယ်။







ထိုအမျိုးအသီးက Prizmaxအဖွဲ့သားတွေကို ရွာလူကြီးနဲ့မိတ်ဆက်ပေးရာမှ ရွာလူကြီးက သူတို့ကို ခေါင်းအုံးရိုက်ပွဲမှာပါဝင်ဖို့ စိန်ခေါ်ခဲ့ပါတယ်။ Prizmaxအဖွဲ့သားတွေဟာ ရွာလူကြီးရွေးချယ်ထားတဲ့ ခေါင်းအုံးရိုက်ချန်ပီယံတွေနဲ့ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ မရွှေဥကျေးရွာမှာအဝင်းတို့ ဘယ်လို ကစားခဲ့ကြတယ်ဆိုတာ ကြည့်ရှုလိုက်ပါဦးပရိတ်သတ်ကြီးရေ။






(ပိုပိုလေး)








Some text some message..