သက်ငယ်မုဒိန်းမှုပပျောက်ရေးအတွက် ရိုက်ကူးမည့် ဟစ်တိုင်ရုပ်ရှင်ဇာတ်ကားကြီး
popolay.com
|
2019-04-02

မြန်မာနိုင်ငံတစ်ဝှမ်း မှာဖြစ်ပွားလေ့ရှိသော သက်ငယ်မုဒိန်းမှုများပပျောက်ရေးအတွက် ရည်ညွှန်းပြီး “ဟစ်တိုင်ရုပ်ရှင်ကားကြီး” ကိုလာမယ့် မေလ (၁၆) ရက်နေ့မှာရုံတင်ပြသတော့မှာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ လက်တလော မြန်မာပြည်မှာအဖြစ်များနေတဲ့ သက်ငယ်မုဒိန်းမှုများကို ရည်ညွှန်းပြီး ရေးသားထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။ မူရင်း ဝတ္ထုရဲ့ စာရေးဆရာမက သျှင်မဖြစ်ပြီးအဓိက ဇာတ်ကောင် ဒေါင်းနီနေရာကအကယ်ဒမီအိန္ဒြာကျော်ဇင်က ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။













သမာအာဇီဝအလုပ်လုပ်ပြီး နေ့စဉ်ဘဝကို ရုန်းကန်နေရတဲ့ မုဆိုးမ သားအမိနှစ်ယောက်ရဲ့ ဘဝ၊ သမီးလေးဟာ မသမာသူတွေလက်ချက်ကြောင့် သက်ငယ်မုဒိန်းမှု ကျူးလွန်ခံရတဲ့အခါအမေတစ်ယောက်အနေနဲ့ မြန်မာနိုင်ငံရဲ့ လျော့တိလျော့ရဲ ဥပဒေတွေကြားမှာ မတရားမှုကို ဘယ်လိုကိုင်တွယ်ဖြေရှင်းသွားမလဲ ဆိုတာတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။ “ဟစ်တိုင်ရုပ်ရှင်ကားကြီး” မှာအဓိကဇာတ်ဆောင် မုဆိုးမ ဒေါင်းနီရဲ့ သမီးနေရာက ကလေးသရုပ်ဆောင် ပြည့်ပြည့်က ပါဝင်သရုပ်ဆောင်မှာဖြစ်ပါတယ်။ ပြည့်ပြည့် ကတော့ ပရိတ်သတ်ကြီးနဲ့ ရင်းနှီးပြီးသား “လိပ်ပြာစံအိမ်” ရုပ်ရှင် ဇာတ်ကားကြီးမှာ နိုင်နိုင်း ၊ ဝတ်မှုန်ရွှေရည်တို့ရဲ့ သမီး သီရိလေးအဖြစ်ပါဝင်သရုပ်ဆောင်ခဲ့သူပဲဖြစ်ပါတယ်။







ဟစ်တိုင်ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ဟိန်းစိုးက ပုံဖော်ရိုက်ကူးတာဖြစ်ပြီး တခြားအဓိက ဇာတ်ဆောင်တွေအဖြစ်အကယ်ဒမီ မေသန်းနု၊ ထူးပြည့်အောင်၊ စိုင်းဝဏ္ဏအောင်၊ ဖြိုးပပထူး၊ James ၊ သန်းသန်းစိုး၊ စိုးမိုးကြည်၊ လှမျိုးသဉ္ဇာနွယ်၊ ဇင်မျိုး နှင့် စဝ်ယွန်းဝတီဦးတို့က ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။







လာမယ့် မေလပိုင်းမှာ ရုံတင်တော့မှာဆိုတော့ သိပ်မကြာတော့ပါဘူး။အတူစောင့်မျှော်ကြည့်ရှုလိုက်ကြပါစို့ ပရိတ်သတ်ကြီးရေ။

(ပိုပိုလေး)






Some text some message..