The Voice Myanmar ရဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာ Battle Rounds ပထမဦးဆုံးနေ့ကို ရောက်ရှိခဲ့ပြန်ပါပြီ။ Battle Round ဆိုတဲ့အတိုင်း စင်ပေါ်မှာ သီချင်းတစ်ပုဒ်ကို နှစ်ယောက်အတူတူ ရှိသမျှ ပညာတွေအစွမ်းကုန်ထုတ်သုံးပြီး ပဝါမကူ ရေမရှုကြေးအပြိုင်အဆိုင် သီဆိုရမှာဖြစ်လို့အင်မတန်ကြည့်လို့ကောင်းတဲ့ ပွဲစဉ်တွေ ဖြစ်ပါတယ်။
The Voice Myanmar ရဲ့ Season 2 မှာ ထပ်မံပါဝင်လာတဲ့အခွင့်အရေးတစ်ခုကတော့ “Steal” ဖြစ်ပါတယ်။ Battle Round မှာ ရှုံးနိမ့်သွားတဲ့ ပြိုင်ပွဲဝင်တွေကိုအခြားနည်းပြတွေက သဘောကျခဲ့ရင် ခေါ်ယူခွင့်ရှိပါတယ်၊ ဒါကို “Steal” လို့အမည်သတ်မှတ်ထားပြီး ပွဲစဉ်တစ်လျှောက်လုံးမှာ နည်းပြတစ်ဦးအနေနဲ့ ပြိုင်ပွဲဝင် (၂)ဦး ထိ “Steal” လုပ်ခွင့်ရှိပါတယ်။
ဒါကြောင့် Battle Round မှာ ရှုံးနိမ့်သွားတဲ့ ပြိုင်ပွဲဝင်တွေအနေနဲ့ “Steal” လုပ်ခံရရင် နောက်ထပ်တစ်ဆင့်ကို တက်လှမ်းနိုင်ဖို့အခွင့်အရေး ရရှိဦးမှာဖြစ်လို့ စိတ်လှုပ်ရှားစရာအခြေအနေတွေအများကြီးနဲ့ Battle Round ကို စတင်လိုက်ပါတယ်။ “Battel Rounds” ကို ရုပ်သံမှာ မကြည့်ရှုလိုက်ရသူတွေအတွက် ယှဉ်ပြိုင်မှုအစ/ဆုံးအခြေနေတွေကိုအရသာမပျက် ကြည့်ရှုနိုင်ရန် ရုပ်သံများနဲ့ ပြည့်စုံစွာ ဖော်ပြပေးလိုက်ပါတယ်။
BATTLE ROUNDS
ဒီနေ့ညရဲ့ Battle Rounds မှာ ပထမဦးဆုံး ယှဉ်ပြိုင်ဖို့ ဖြစ်လာတဲ့အဖွဲ့ကတော့ Team NiNi (နီနီခင်ဇော်) ရဲ့အဖွဲ့ပဲဖြစ်ပါတယ်။အဖွဲ့သားတွေကို ပူးတွဲလေ့ကျင့်ပေးဖို့ နည်းပြ နီနီခင်ဇော် နဲ့အတူ ပါဝင်ကူညီသူ နှစ်ဦးကတော့ “ကျော်သီဟ” နဲ့ “ကိုဘွိုင်း” တို့ပါ။
နီနီခင်ဇော် က ယှဉ်ပြိုင်ဖို့အတွက် ပထမဦးဆုံး တွဲပေးလိုက်တဲ့အတွဲကတော့ “ပိုင်စိုး” နဲ့ “တာတာ” တို့ နှစ်ဦးဖြစ်ပါတယ်။
ယှဉ်ပြိုင်ဖို့ ရွေးချယ်ထားတဲ့ သီချင်းကတော့ တေးရေး ကေအေတီ ရဲ့ “ဆန္ဒတစ်စုံ” ဖြစ်ပါတယ်။ ‘ဝိုင်ဝိုင်း’ နဲ့ ‘မဒီ’ တို့ ချစ်သူများနေ့ စုံတွဲအခွေထဲမှာ သီဆိုခဲ့ပြီးအောင်မြင်ကျော်ကြားနေဆဲ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။
“ပိုင်စိုး” က Blind Audition မှာ ထူးအိမ်သင် ရဲ့ “လေလွင့်ခြင်းလမ်းမများ” သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ပြီး “တာတာ” ကတော့ တင်ဇာမော် ရဲ့ “မစဉ်းစားချင်ဘူး” သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။
နှစ်ယောက်စလုံးရဲ့အသံကာလာ နဲ့ ပါဝါက ပရိသတ်တွေ လက်ခံထားပြီးသားဖြစ်လို့ Battle Rounds ည ရဲ့ စင်မြင့်ကြိုးဝိုင်းထဲမှာ “ဆန္ဒတစ်စုံ” သီချင်းကို ဘယ်လိုအပြိုင်အဆိုင် ပုံဖော်သီဆိုသွားကြဦးမလဲဆိုတာ ခံစားနားဆင်ပြီး “နီနီခင်ဇော်” ရဲ့အဆုံးအဖြတ်က ကိုယ်နဲ့ တစ်ထပ်တည်းကျရဲ့လားဆိုတာ ကြည့်လိုက်ကြရအောင်။
VID
ဒီတစ်ခါတော့ ရော့ခ်ကာကြီးအာဇာနည် ရဲ့ Team R Zarniအဖွဲ့ထဲကနေ ပထမဦးဆုံး နှစ်ယောက်ယှဉ်ပြိုင်သွားကြရမှာပါ။ နည်းပြအာဇာနည် နဲ့အတူ Team R Zarni ကို ပံ့ပိုးအားဖြည့်ပေးသူကတော့ Music Producer တေးရေး/ဆို ဖိုးကာ က ပါဝင်ကူညီပေးခဲ့ပါတယ်။
အာဇာနည် ရွေးထုတ်ပေးလိုက်တဲ့ ပထမဦးဆုံးအတွဲကတော့ “ဇင်မာမိုးစက်” နဲ့ “ဒေးဗစ်ထူး” တို့ ဖြစ်ပါတယ်။
သူတို့ နှစ်ယောက်အတွက် ရွေးချယ်ထားတဲ့သီချင်းကတော့ ရွှေဂျော်ဂျော် ရေးစပ်ထားတဲ့ “ငါ့ရဲ့တက်တူး”။ ဒီသီချင်းကအာဇာနည် နဲ့ သီရိဆွေ တို့ သီဆိုထားခဲ့တဲ့ သီချင်းဖြစ်ပါတယ်။ ဒီနေ့ညမှာတော့ သီချင်းပုံစံလေး ပြောင်းလဲထားပြီး ရက်ဂေးအမျိုးအစား ပုံစံနဲ့ ယှဉ်ပြိုင်သွားကြပါတယ်။
IMG
“ဇင်မာမိုးစက်” က Blind Audition မှာ မဒီ ရဲ့ “တမ်းတတဲ့ည” သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ပြီး “ဒေးဗစ်ထူး” ကတော့ မျိုးကြီး ရဲ့ “လွမ်းတဲ့စိတ်” သီချင်းတွေနဲ့ သီဆိုယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။ သူတို့ နှစ်ဦးစလုံးမှာ ထူးခြားတဲ့ ပင်ကိုယ်အသံ ကိုယ်စီရှိတာမို့အခုလို သီချင်းတစ်ပုဒ်ထဲမှာ စုံတွဲသီဆိုယှဉ်ပြိုင်ရတဲ့အခါ နည်းပြတွေ ကိုယ်တိုင်တောင် ဆုံးဖြတ်ရ ခက်ရတဲ့ထိအကောင်းဆုံး သီဆိုသွားနိုင်ခဲ့ပါတယ်။
ပြိုင်ပွဲရဲ့ စည်းမျဉ်းအရ တစ်ဦးကသာအနိုင်ရမှာမို့ နည်းပြ “အာဇာနည်” ရဲ့ ဆုံးဖြတ်ချက်နဲ့ ဘယ်သူအနိုင်ရသွားမလဲ ဆိုတာကတော့...
VID
Team YCအတွက်အဖွဲ့ဝင်တွေကို “ရန်ရန်ချန်း” ကိုယ်တိုင်ပဲ သီချင်းရွေးချယ် လေ့ကျင့်မှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။ ရန်ရန်ချန်း ရဲ့ ပေါ့ပေါ့ပါးပါး ဦးဆောင်မှုအောက်မှာအဖွဲ့သားတွေအားလုံး ပျော်ပျော်ရွှင်ရွှင် ဖြစ်နေတာကို တွေ့ရပါတယ်။
ထူးထူးခြားခြားတွေကိုမှ ဖန်တီးတတ်တဲ့ ရန်ရန်ချန်း၊ ရွေးချယ်ပေးလိုက်တဲ့ ပထမဦးဆုံးအတွဲကတော့အရမ်းကိုအနေအေးတဲ့ “Grin Go” နဲ့အင်မတန်မှ ပရိသတ်တွေအားလုံးချစ်အောင် လှုပ်လှုပ်ရွရွနဲ့ ဖျော်ဖြေတတ်တဲ့ “လင်းခက်” တို့ ဖြစ်ပါတယ်။
IMG
သူတို့အတူတူ သီဆိုယှဉ်ပြိုင်ရမယ့် သီချင်းက ညီညီသွင် ရေးစပ်ထားတဲ့ “ရူးချင်ယောင်ဆောင်မနေနဲ့” ဖြစ်ပါတယ်။ ဒီသီချင်းကို ထူးအိမ်သင်၊ လေးဖြူတို့ကလည်း သီဆိုထားတဲ့အောင်မြင်တဲ့ သီချင်းကောင်းလေး တစ်ပုဒ်ပါ။
IMG
“Grin Go” က Blind Audition မှာ ဇော်ပိုင် ရဲ့ “မွေးရပ်မြေ” သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ပြီး “လင်းခက်” က ထူးအိမ်သင် ရဲ့ “ညီမလေး” သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ပါတယ်။အခုလိုမျိုး ဆန့်ကျင်ဘက် ပုံစံမျိုးရှိတဲ့ နှစ်ယောက်ကို “ရူးချင်ယောင်ဆောင်မနေနဲ့” သီချင်းနဲ့ တွဲပေးလိုက်တဲ့အခါမှာတော့ ပရိသတ် ပွဲကျတဲ့ ဖျော်ဖြေမှုတစ်ခု ဖြစ်သွားခဲ့ရပါတယ်။ ဒီအတွဲမှာ နည်းပြ “ရန်ရန်ချန်း” က ဘယ်သူကို ရွေးချယ်ပြီး နောက်တစ်ဆင့်ကို ခေါ်သွားဦးမလဲဆိုတာ ဆက်လက် ကြည့်ရှုပေးကြပါဦး။
VID
နည်းပြ “ကျားပေါက်” နဲ့အတူ သီချင်း Arrangement တွေကို ကူညီပေးမယ့်သူ နှစ်ဦးကတော့ BigBagအဖွဲ့မှ ‘ရဲဇော်မျိုး’ နဲ့ ‘ဖြိုးမင်းနိုင်’ ဖြစ်ပါတယ်။ ယှဉ်ပြိုင်ဖို့ ပထမဦးဆုံး ရွေးချယ်ပေးလိုက်တဲ့အတွဲကတော့ “Grace Mami” နဲ့ “ခိုင်” တို့ နှစ်ယောက်ဖြစ်ပါတယ်။
IMG
Battel Round မှာ သူတို့နှစ်ဦး ယှဉ်ပြိုင်ဖို့ ရွေးချယ်ပေးထားတဲ့ သီချင်းက Megjan Trainor သီဆိုထားတဲ့ “Like I’m Gonna Lose You” ဖြစ်ပါတယ်။
IMG
Blind Audition မှာ “Grace Mami” က “အချစ်လို့ခေါ်သလား” သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ပြီး “ခိုင်” ကတော့ “Can’t Take My Eyes Off You” သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒီသီချင်း တစ်ပုဒ်ထဲကို သူတို့နှစ်ဦး ဘယ်လိုပုံစံမျိုးနဲ့အပေးအယူတည့်တည့် သီဆိုသွားကြမလဲဆိုတာ ကိုယ်တိုင်အကဲဖြတ်ကြည့်ရှုပေးပါဦး။
VID
“နီနီခင်ဇော်” ရဲ့အဖွဲ့ထဲက ဒုတိယမြောက် ပြိုင်ဘက်တွေ ဖြစ်လာကြတဲ့အတွဲကတော့ “Twin Stars”အမွှာညီအစ်မနှစ်ဦးနဲ့ စားဖိုမှူးလေး “ဖုန်းဖုန်” တို့ ဖြစ်ပါတယ်။
IMG
“Twin Stars” က Blind Audition မှာတုန်းက “တီအားမို” သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ပြီး “ဖုန်းဖုန်” က “အချစ်စွမ်းအား” သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ဒီတစ်ခေါက် Battle Round မှာတော့ သီချင်းနှစ်ပုဒ်ကို တစ်ပုဒ်ထဲဖြစ်အောင် ပေါင်းစည်းပေးထားပါတယ်၊ “ကြာပါတယ်ကွာ + ဦးဘညွန့်ရဲ့ချစ်ဒုက္ခ”
IMG
“Twin Stars” က ‘ကြာပါတယ်ကွာ’ ကို သီဆိုရမှာဖြစ်ပြီး “ဖုန်းဖုန်” ကတော့ ‘ဦးဘညွန့်ရဲ့ချစ်ဒုက္ခ’ ကို သီဆိုသွားရမှာဖြစ်ပါတယ်။ ဒီသီချင်းနှစ်ပုဒ်ကို တစ်ပုဒ်ထဲဖြစ်အောင် ဘယ်လို ပေါင်းစပ်ယှဉ်ပြိုင်သွားခဲ့ကြလဲ ဆိုတာကအရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒါ့အပြင် နီနီနဲ့ ဆက်လက် လက်တွဲသွားမယ့်သူက “Twin Stars” ဖြစ်မလား..၊ “ဖုန်းဖုန်” ဖြစ်မလား ဆိုတာကတော့..။
VID
“ကျားပေါက်” က Team KPအဖွဲ့အတွက် ဒုတိယအတွဲအဖြစ် “နိုဗန်ထူး” နဲ့ “ခိုင်ဈာန်” တို့ကို တွဲပေးထားပါတယ်။
IMG
သူတို့နှစ်ယောက်ရဲ့ နှစ်သက်ကြတဲ့ ဂီတအမျိုးအစားက လုံးဝမတူပဲ ကွဲပြားနေပါတယ်။ Blind Audition မှာ “နိုဗန်ထူး” က “Spit It Out” ဆိုတဲ့ သီချင်းအကြမ်းစားနဲ့ ယှဉ်ပြိုင်ခဲ့ပြီး “ခိုင်ဈာန်” က “ကံကောင်းခြင်းလက်ဆောင်” သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။ သူတို့နှစ်ဦးအတွက် သီချင်းရွေးရတာ ခေါင်းစားခဲ့ပုံရတဲ့ “ကျားပေါက်” က နှစ်ယောက်စလုံးအတွက် ကြား(ဂျား)ကျ တယ်လို့ ယူဆရတဲ့ “အသုံးမကျတဲ့နှင်းဆီ” သီချင်းကို ရွေးချယ်ပေးခဲ့ပါတယ်။
IMG
ဆရာကေအေတီ ရဲ့ လက်ရာသီချင်းကောင်းတစ်ပုဒ်ဖြစ်ပြီး လေးဖြူသီဆိုထားတဲ့ “အသုံးမကျတဲ့နှင်းဆီ” သီချင်းကိုအသုံးကျအောင် သီဆိုသွားမယ်လို့ တိုင်ပင်ထားကြတဲ့ ညီအစ်ကိုနှစ်ယောက်ရဲ့ ယှဉ်ပြိုင်မှုက ပရိသတ်တွေနဲ့ နည်းပြတွေကိုအကောင်းဆုံး ရသတွေ ပေးစွမ်းခဲ့တာအသေအချာပါပဲ။ “ကျားပေါက်” က ဘယ်နှင်းဆီတစ်ပွင့်ကိုများ ရွေးချယ်သွားမလဲ ကျန်ခဲ့တဲ့ သူကရောအခြားနည်းပြတွေရဲ့ “Steal” လုပ်ခြင်း ခံရမလားဆိုတာ ကြည့်ရှုရင်း ဒီတစ်ပတ် Battle Rounds တင်ဆက်မှုကိုအဆုံးသတ်လိုက်ပါရစေ။
VID
နောက်တစ်ပတ် ပြသမယ့် Battle Rounds တွေမှာ ဘယ်သူတွေကအပြိုင်အဆိုင်သီဆိုကြမလဲ ဆိုတာ ရင်ခုန်စရာပါ။ The Voice Myanmar ရဲ့ သတင်းတွေကိုအစောဆုံး တင်ဆက်ပေးနေတဲ့ ပိုပိုလေးရဲ့ Official Facebook Page ဖြစ်တဲ့ Popolay ကို Like & See First လုပ်ထားဖို့လည်း မမေ့ကြနဲ့ဦးနော်..။
သြင်္ကန်တွင်းမှာ The Voice Myanmar ရဲ့ Battle Roundsအစီစဉ်ကို ခေတ္တရပ်နားမှာ ဖြစ်ပြီး လာမယ့် ဧပြီလ ၂၁ ရက် တနင်္ဂနွေနေ့ကျမှ MRTV 4 ချန်နယ်မှာ ပြန်ဆုံကြရအောင် ..။
အားလုံးပဲ မင်္ဂလာနှစ်သစ်ဖြစ်ကြပါစေ..။