တကျော့ပြန်လည်အသက်ဝင်လာတဲ့ “ရင်ခွင်နန်းတော်”
popolay.com
|
2019-05-06

သီချင်းစားသားလေးထဲကအတိုင်း ‘အသက်မဲ့နေတဲ့ ရင်ခွင်နန်းတော်’ ကို တစ်ဖန်ပြန်လည်အသက်ဝင်အောင် The Voice Myanmar ကနေတစ်ဆင့် ‘နီနီခင်ဇော်’ ရဲ့အဖွဲ့သားတွေ မနေ့ညက ဖန်ဆင်းနိုင်ခဲ့ကြပါတယ်။

၁၉၉၆ ခုနှစ်ဝန်းကျင်လောက်က စာရေးဆရာမ လွန်းထားထား ရဲ့ ‘ရင်ခွင်နန်းတော်’ ဝတ္ထုကို ဒါရိုက်တာ မလိခ စိုးထိုက်အောင်က ရုပ်ရှင်ဇာတ်ကားကြီးအဖြစ် ပြန်လည် ဖန်တီးခဲ့ရာမှာအဓိကဇာတ်ဝင်သီချင်းဖြစ်တဲ့ ‘ရင်ခွင်နန်းတော်’ သီချင်းကို တေးရေးဆရာ ညီညီသွင်က ရေးစပ်ပေးခဲ့ပါတယ်။



>> Read More ကိုနှိပ်ပြီးဖတ်ရှုပါ <<








ဒီဇာတ်ကားမှာ ဒွေး၊ ထွန်းအိန္ဒြာဗို တို့က ပါဝင်သရုပ်ဆောင်ခဲ့ကြပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးရဲ့အောင်မြင်မှုနဲ့အတူ ‘ရင်ခွင်နန်းတော်’ ဇာတ်ဝင်သီချင်းခွေကလည်း ရောင်းအားအကောင်းဆုံး လူကြိုက်အများဆုံးအယ်လ်ဘမ်အနေနဲ့ ရပ်တည်ခဲ့ပါတယ်။
မူးရင်း ‘ရင်ခွင်နန်းတော်’ သီချင်းမှာတော့ ဘိုဘို နဲ့ မီမီဝင်ဖေ တို့က စုံတွဲသီဆိုခဲ့ပြီး နောက်ပိုင်းမှာတော့ မီမီဝင်းဖေ ရဲ့ တစ်ယောက်ထဲ သီဆိုတဲ့ ဗားရှင်းတွေ ထပ်ထွက်ခဲ့ပါတယ်။








ဆယ်စုနှစ်ကျော် ကြာမြင့်စွာအသက်မဲ့စွာ ငြိမ်သက်နေခဲ့တဲ့ မူရင်းစုံတွဲသီဆိုမှု ‘ရင်ခွင်နန်းတော်’ ကို မနေ့ညက The Voice Myanmar ကနေတစ်ဆင့် ပြန်လည်အသက်ဝင်လာတာကို ကြည့်လိုက်ရပါတယ်။
ပြိုင်ပွဲဝင် ‘စိုင်းသိင်္ခအောင်’ နဲ့ ‘သွန်း’ တို့က နီနီခင်ဇော်နဲ့ ဂီတပညာရှင်တွေရဲ့ တီထွင်ဆန်းသစ်မှုနဲ့ ပရိသတ်ကိုအကောင်းဆုံး သီဆိုပြခဲ့ကြတာပါ။







ပြန်လည်မွမ်းမံထားတဲ့ ရင်ခွင်နန်းတော် သီချင်းရဲ့ CHO ကိုးရက်စ်အပိုဒ်မှာ ‘ရင်ခွင်နန်းတော်’ ဆိုတဲ့ စာသားလေးကို ဖြတ်ကနဲ ဖြတ်ကနဲ စတိုင်လှလှလေးနဲ့ တစ်ယောက်တစ်ပြန် ဝင်ဝင်ဆိုသွားတာကို ကြက်သီးထလောက်အောင် ကောင်းတဲ့အကြိုက်ဆုံးနေရာလေး ဖြစ်ပါတယ်။

မူရင်းသီဆိုမှုမှာ ကီးတစ်ခုထဲနဲ့ (ဘိုဘို၊ မီမီဝင်းဖေ) နှစ်ယောက်လုံး သီဆိုသွားခဲ့ပေမယ့် ပြိုင်ပွဲဝင်တွေရဲ့ သီဆိုမှုမှာတော့ ‘သွန်း’ ဆိုမယ့်နေရာအရောက်မှာ ကီးအပြောင်းအလဲ လုပ်သွားတာကို တွေ့ရပါတယ်။ (သွန်း ဆိုခဲ့တဲ့ ကီးက မူရင်းကီးလို့ ထင်ပါတယ်၊ မသေချာပါ)။

မူရင်းသီချင်းမှာ ဒုတိယအကျော့ပိုဒ်ကို တစ်ယောက်တစ်လိုင်း တစ်လှည့်စီသီဆိုခဲ့တဲ့ နေရာတွေမှာ ပြိုင်ပွဲဝဝင်တွေက နှစ်ယောက်ပြိုင်တူဆိုကြပြီး တစ်ယောက်က ဟာမိုနီအနေနဲ့ ဆိုသွားခဲ့ပါတယ်။ ဗားရှင်းအသစ်ဖြစ်အောင် ပြောင်းလဲထားတဲ့ ဟာမိုနီလိုင်းတွေမှာ ‘စိုင်သိင်္ခအောင်’ ရဲ့ သီဆိုမှု သိပ်ပြီး မသပ်ရပ်ပေမယ့်အကောင်းဆုံးဖြစ်အောင် ကြိုးစားသီဆိုခဲ့တာမို့ ရသအသစ်တစ်မျိုး ခံစားခဲ့ရပါတယ်။

VID


ဒါကြောင့် မနေ့ညက The Voice Myanmar Battle Round ယှဉ်ပြိုင်မှုမှာ “ရင်ခွင်နန်းတော်” သီချင်းက ပရိသတ်တွေရဲ့ ရင်ထဲကို တိုက်ရိုက်ထိမှန်ခဲ့တဲ့ သီချင်းလေးအဖြစ် ရပ်တည်ခဲ့ပါတယ်။ ပြိုင်ပွဲကနေ နှုတ်ဆက်ထွက်ခွာခဲ့ရတဲ့ ‘သွန်း’ လည်းအပြင်လောက ဂီတလမ်းကြောင်းမှာအောင်မြင်ပါစေလို့ ဆုတောင်းပေးသလို ‘ရင်ခွင်နန်းတော်’ ကိုအသက် ပြန်သွင်းပေးခဲ့တဲ့ ‘နီနီခင်ဇော်’ နဲ့ ကိုကျော်သီဟ တို့လည်း ပို၍ပို၍အောင်မြင်ပါစေလို့ ပိုပိုလေးက ဆုတောင်းပေးလိုက်ရပါတယ်။




Some text some message..