ဂျက်စတင်ဘီဘာနဲ့ ဆယ်လီနာဂိုးမတ်စ်တို့ရဲ့အဆင်ပြေလိုက်၊ ပြတ်စဲသွားလိုက်အချစ်ရေးမှာ ၂၀၁၄ ခုနှစ် ဒီဇင်ဘာမှာ ဆယ်လီနာရဲ့ ထူးထူးခြားခြားနဲ့ လူစိတ်ဝင် စားမယ့် ကောလဟလသတင်းတစ်ပုဒ် ထွက်ပေါ်ခဲ့ပါတယ်။အဲ့ဒါက ဆယ်လီနာဟာ လိင်တူချင်း လည်း ချစ်ကြိုက်သူဖြစ်တယ်ဆိုတာပါ။
ဒစ်စနေးကြယ်ပွင့် မင်းသမီးအဆိုတော် ဆယ်လီနာဂိုးမက်စ်ဟာ စူပါမော်ဒယ် Cara Delevingne နဲ့ လိင်တူချင်းချစ်ကြိုက်နေတယ်ဆိုတဲ့အကြောင်း ကောလဟလသတင်းတွေကို သူမက သတင်းရင်း မြစ်တွေကို ပွင့်ပွင့်လင်းလင်းဖွင့်ဟပြောပြလာပါတယ်။ “အရိုးသားဆုံး ဝန်ခံရရင် ကျွန်မဒါကို နှစ်သက် ပါတယ်။ ဘယ်လိုမှလည်း စိတ်ထဲကသိကအောက်မဖြစ်ပါဘူး။အထူးသဖြင့် သူတို့တွေက သူတို့တွေ ရဲ့ ထူးခြားမှုတွေအကြောင်းကို လူတွေကို သိအောင်မပြောပြတတ်ကြပါဘူး” လို့ ဆယ်လီနာက ဆိုပါတယ်။
“အမှန်အတိုင်းဆို Delevingne က ထူးခြားပါတယ်။အရမ်းကို ပွင့်လင်းတယ်။ ကျွန်မကိုလည်း ပွင့်ပွင့်လင်းလင်းဖြစ်လာအောင် လုပ်ပေးတယ်။ သူမကိုကြည့်လိုက်ရင်အမြဲပျော်ပျော်ရွှင်ရွှင်နေ တတ်တာပဲ။ နောက်ပြီး စွန့်စားလွန်းတယ်။ ဒါက တစ်ခါတစ်လေ ကျွန်မဘဝအတွက် လိုအပ်ပါတယ်။ ကျွန်မ ဘယ်လိုမှ မခံစားရပါဘူး။ ကျွန်မနှစ်သက်ပါတယ်” လို့ ပြောပြပါတယ်။
ဆယ်လီနာဂိုးမက်စ်ကို သူမရဲ့ လိင်ပိုင်းဆိုင်ရာ ကျားမအကြောင်းမေးလိုက်တဲ့အခါဆိုင်းမှာဆိုရင် သူမဟာ သူမရဲ့ စိတ်ခံစားချက်အတိုင်းနေတတ်ဆိုတာတွေကို ဖြေကြားခဲ့ပြီးတော့ မည်သူမည်ဝါ ဖြစ်တယ်ဆိုတာအရေးမကြီးပဲ ကိုယ်ပျော်ရွှင်ဖို့နဲ့ ကိုယ်တိုင်ပဲ ယှဉ်ပြိုင်နေဖို့ ဆိုတာကိုအရေးကြီးတယ် လို့ ဖြေကြားခဲ့ပါတယ်။
မေ(ရွှေအင်းလေး)