Rain နဲ့ ကင်ထယ်ဟီး တို့ဇနီးမောင်နှံဆီကနေ ချီးကျူးခံလိုက်ရတဲ့ ချမ်းချမ်း
အနုပညာပါရမီအရည်အချင်းတွေပြည့်ဝပြီးအသံပါဝါအားကောင်းကောင်းနဲ့ သီချင်းတွေကို ပရိသတ်ရင်ထဲရောက်အောင် ဖျော်ဖြေတင်ဆက်တတ်တဲ့အဆိုတော်ချမ်းချမ်းကိုတော့ ပရိသတ်တွေက Melody world သီချင်းဆိုပြိုင်ပွဲကနေစတင်သိခဲ့ကြတာဖြစ်ပါတယ်။ ချမ်းချမ်းဟာဆိုရင် ဂီတလောကထဲမှာကျင်လည်နေတာ နှစ်များစွာကြာပြီဖြစ်တဲ့အောင်မြင်ကျော်ကြားတဲ့အနုပညာရှင်တစ်ယောက်ဖြစ်သလို သူမရဲ့အရပ်အမောင်းကောင်းကောင်းနဲ့အနောက်တိုင်းဆန်တဲ့ မျက်နှာသွင်ပြင်တို့ကအင်တာနေရှင်နယ်မော်ဒယ်တစ်ယောက်အလား လှပထင်ဟပ်နေစေတာဖြစ်ပါတယ်။ ဒါ့ကြောင့်ပင်အားလုံးက ချမ်းချမ်းကို ချစ်ခင်အားပေးနေကြတာဖြစ်ပါတယ်။
လတ်တလောမှာတော့အဆိုတော်ချမ်းချမ်းကအမေရိကသို့ ဖျော်ဖြေရေးအစီအစဉ်နဲ့ ရောက်ရှိလု့ိနေပါတယ်။အမေရိကရောက်ခိုက်မှာ သူမအနေနဲ့အမှတ်မထင် ကိုရီးယားစတား Rain တို့ဇနီးမောင်နှံနဲ့လေဆိပ်မှာ တွေ့ဆုံခဲ့ပြီး Rain နဲ့ Kim Tae Hee ဆီကနေ ချီးကျူးစကားပြောခံလိုက်ရပါတယ်။အဲ့တာကတော့ ရုတ်တရက်ကြည့်ရင် မြန်မာလို့တောင်မထင်လောက်အောင်အင်တာနေရှင်နယ်ဆန်တဲ့ သူမရဲ့အလှကို Kim Tae Hee ကတောင်လှတယ်လို့ချီးကျူးလိုက်တာပဲဖြစ်ပါတယ်။ ဒီလိုမျိုး လှပတဲ့ကိုရီးယားစတားတစ်ယောက်ဆီကနေတောင် ချီးကျူးစကားပြောခံလိုက်ရတဲ့အတွက် ချမ်းချမ်းတစ်ယောက်အရမ်းကို ပျော်ရွှင်နေပြီး ဒီအဖြစ်အပျက်အမှတ်တရလေးကို သူမရဲ့လူမှုကွန်ယက်ကနေ ပြန်လည်မျှဝေထားတာဖြစ်ပါတယ်။
ချမ်းချမ်းက သူမတွေ့ကြုံခဲ့ရတဲ့အဖြစ်အပျက်လေးကို “မနေ့က LA လေဆိပ်မှာ ကိုရီးယားမင်းသမီးတွေ၊အဆိုတော်တွေနဲ့တူတူ immigration ဖြတ်တော့ ကိုယ့်ကို rain နဲ့ သူ့မိန်းမကင်မ်ထယ်ဟီးက ဒီမိန်းကလေးလှလိုက်တာ...ဘယ်နိုင်ငံရလဲမသိဘူးတဲ့...အော်...ဘဝမှာကိုယ်ကိုယ်ကိုစိတ်တိုင်းမကျလို့အမြဲစိတ်ဓာတ်ကျနေခဲ့တာ..အခုတော့အားရှိသွားပြီ..သူတို့ကိုပြန်ပြုံးပြလိုက်တယ်..rain ကအပြင်မှာတအားမိုက်တာပဲကွယ်...ဟိတ်ဟန်မရှိဘူး..အေးအေးလေး..ဒါနဲ့ဆိုဒုတိယအကြိမ်ပဲ.. လွန်ခဲ့တဲ့ ၇နှစ်လောက်က MTV exit ပွဲမှာ jason mrazနဲ့ ဆုံတုန်းကလဲ မိန်းကလေးမင်းနဲ့ ဓာတ်ပုံရိုက်ချင်လို့ ရမလားတဲ့ မင်းသိပ်လှတယိဆိုပြီး… တခါတလေကိုယ့်ကို ကိုယ့်နိုင်ငံမှာ သိပ်မကြိုက်လက်မခံကြတာကိုအမြဲသိမ်ငယ်နေခဲ့တာ...အခုတော့ဝမ်းသာတယ်...ကိုယ့်ကိုယ်ကိုလဲအကောင်းမြင်တတ်လာပြီ...ငါပါးစပ်ပြဲ နှုတ်ခမ်းကြီးတာရှက်စရာမဟုတ်ဘူး...ငါ့ဆံပင်တွေကွေးကောက်ပြီးအုံဖွာနေတာ ရှက်စရာမဟုတ်ဘူး...ငါ့ကိုချီးကျူး သွားကြတဲ့သူတွေဟာ ကမ္ဘာကျော်တွေမို့ ကိုယ့်ကိုမကောင်းပြောလက်မခံကြတဲ့သူတွေကိုလဲ စိတ်မကောင်းမဖြစ်တော့ဘူး..မသိမ်ငယ်တော့ဘူး” ဆိုကာအလှအပနဲ့ပတ်သက်ပြီးအမြဲသိမ်ငယ်နေခဲ့တဲ့ချမ်းချမ်းတစ်ယောက် ယခုလို ကမ္ဘာကျော်တွေရဲ့ချီးကျူးစကားကြောင့် သိမ်ငယ်စိတ်တွေမဖြစ်တော့ဘူးလို့ ဆိုသွားပါတယ်။
ဒါ့အပြင် ဘုရားပေးထားတဲ့ ကိုယ့်ရဲ့ပင်ကိုအလှကို လူတိုင်းချစ်မြတ်နိုးတတ်ဖို့ကို “လောကမှာ ဘုရားပေးထားတာ ကိုယ့်အလှနဲ့ကိုယ်စီရှိကြတယ်...အဓိကက ကိုယ့်မှာရှိတာကိုယ်လက်ခံတတ်ဖို့ရယ်...ကိုယ့်တန်ဖိုး ကိုယ့်အလှဆိုတာ ကြည့်သူကိုယ့်ကိုတန်ဖိုးသိတဲ့လူတွေရှိနေသေးတယ်ဆိုတာကိုမမေ့ဖို့ပဲ..လမ်းမှားပြီးဘဝင်တေစွပ်မမြင့်ဖို့အောက်ခြေမလွတ်ဖို့တော့လိုတာပေါ့...ပြောချင်တာက တခါတလေမှာပတ်ဝန်းကျင်ကကိုယ့်ကိုမနာလိုလို့တိုက်ခိုက် ဘေးဖယ်ထားကြပေမဲ့..မထင်မှတ်တဲ့တထောင့်တနေရာမှာ ကိုယ့်ကိုတန်ဖိုးထားတဲ့အမြင်နဲ့မြင်နေသေးတယ်ဆိုတာမမေ့ဖို့ပြောချင်တာပါ...ကျမအတွက်ကတော့ ဘဝမှာအခုလိုချီကျူး ခံရတာ ..အမြဲတမ်းကိုယ့်ကိုယ်ကို မကြိုက်ခဲ့တဲ့အားငယ်ခဲ့တဲ့ကျမ သူတို့တွေရဲ့စကားသံ...ကျမကိုချစ်တဲ့ ကျမရဲ့လူမျိုးပရိတ်သတ်တေကြောင့် ကျမပိုပြီးအားရှိလာတယ်ဆိုတာကိုပြောချင်တာပါ..ကိုယ့်အတွက်ကတော့ ကိုယ်ကြိုက်တဲ့ ကမ္ဘာကျော်တွေနဲ့တွေ့ရတာနဲ့တင်လုံလောက်ပါတယ်လို့....ဘာပဲဖစ်ဖြစ်ကျမ မသိမ်ငယ်တော့ဘူးလို့.ဘုရားကိုကျေးဇူးတင်တယ်...သေးငယ်သောမဂ်လာစကားဟာ ကြီးမားသောအမှု စိတ်ခွန်အားရစေတဲ့အတွက်...လေယာဉ်ဘီးနှစ်ဖက် ချလိုက်ကတည်းကအရာရာကိုဘုရားဆီပုံအပ်ထားခဲ့တာ...ခရီးစဉ်အစအဆုးံအောင်မြင်တဲ့အပြင်ကိုယ်မထင်မှတ်ထားတဲ့အမှတ်တရတွေနဲ့ကုန်ရလို့ ကျေးဇူးတင်မဆုးံပါဘူး” ဆိုပြီး ရေးသားထားတာပဲဖြစ်ပါတယ်။
ကဲ ပရိသတ်ကြီးထဲမှာလည်း ကိုယ့်ကိုကိုယ်မလှဘူးလို့ ထင်နေသူတွေရှိရင် တစ်ပါးသူတွေနဲ့နှိုင်းယှဉ်ပြီးအမြဲစိတ်အားငယ်နေမယ့်အစား ဘုရားကပေးထားတဲ့ ကိုယ့်ရဲ့ပင်ကိုဟန် ပင်ကိုယ်အလှကို တန်ဖိုးထားကြည့်မြင်တတ်ပါစေနော်…