အထိုက်တန်ဆုံးသူတွေ တက်လှမ်းသွားတဲ့ The Voice Myanmar Semi Final ည
popolay.com
|
2019-06-09

The Voice Myanmar Season 2 ရဲ့ ရင်ခုန်စရာ Semi Final Live Show ညကို ရောက်ရှိလာခဲ့ပြန်ပါပြီ။ ဒီညမှာအသင်း ၄ သင်းစလုံးကအတော်ဆုံး ပြိုင်ပွဲဝင် (၈)ဦးစလုံးရဲ့ သီဆိုမှုကို တစ်ချိန်ထဲမှာ နားဆင်အကဲဖြတ်နိုင်ခဲ့ကြတဲ့ ညလည်း ဖြစ်ပါတယ်။

နောက်တစ်ပတ် Grand Final ကိုတော့အသင်းတစ်သင်းစီက ပြိုင်ပွဲဝင် တစ်ဦးစီသာ တက်လှမ်းခွင့်ရမှာမို့အားလုံးအတွက် WINNER ဆိုတဲ့ ပန်းတိုင်ဟာ လက်တစ်ကမ်းမှာရှိနေပြီး သာတူညီမျှစွာ ယှဉ်ပြိုင်ကြိုးစားဖို့အခွင့်အရေးရှိနေကြပါတယ်။

ထူးခြားတာက ဒီနေ့ညရဲ့အဆုံးအဖြတ်ဟာ The Voice Myanmar ပရိသတ်တွေရဲ့ လက်ထဲမှာ ဆုံးဖြတ်ခွင့် ၆၀% ရှိနေပြီး နည်းပြတွေ ကတော့ ၄၀% ပဲ ဆုံးဖြတ်ခွင့်ရှိပါတယ်။ တစ်နည်းအားဖြင့် ဒီနေ့ညမှာ Grand Final တက်သွားကြတဲ့ ပြိုင်ပွဲဝင်တွေဟာ ပရိသတ်တွေရဲ့ Votingအဓိကနဲ့ ရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။

Semi-Final ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို မကြည့်လိုက်ရတဲ့သူတွေနဲ့ တစ်နေရာထဲမှာ တစ်စုတစ်စည်းထဲ နောက်တစ်ခါ ပြန်လည်ကြည့်ရှုချင်တဲ့ ပရိသတ်တွေအတွက် Semi Final LIVE Show ညရဲ့ တင်ဆက်မှုတွေကိုအကောင်းဆုံး ကြိုးစားပြီး ဖော်ပြပေးလိုက်ရပါတယ်။

ထိပ်ဆုံးက ယှဉ်ပြိုင်ရမယ့်အဖွဲ့က Team YC (ရန်ရန်ချန်း) ရဲ့အဖွဲ့ဖြစ်ပါတယ်။ Team YC မှာ ‘Solomon King’ နဲ့ ‘Melody Khong’ တို့နှစ်ဦးသာ ကျန်ရှိပါတော့တယ်။ သူတို့နှစ်ဦးစလုံးမှာအရည်အချင်းကိုယ်စီရှိကြတာမို့ ဒီနေ့ညမှာ ကျန်နေခဲ့ရမယ့် တစ်ယောက်အတွက်တော့ စိတ်မကောင်းပါဘူး။
ရန်ရန်ချန်းကတော့ စိတ်လှုပ်ရှားရမယ့်အကြိမ်အရေအတွက်နည်းသွားပေမယ့် စိတ်လှုပ်ရှားနေရတဲ့အရှိန်အဟုန်ကအရမ်းကြီးပါတယ်လို့ ပြိုင်ပွဲဝင်တွေ ယှဉ်ပြိုင်မှု မစခင်မှာ သူ့ရဲ့ခံစားချက်ကို မှတ်ချက်ပေးခဲ့ပါတယ်။





ပထမဆုံး သီဆိုယှဉ်ပြိုင်ခဲ့သူက ‘Solomon King’ ဖြစ်ပါတယ်။အော်လ်တာနေးတစ် ဂီတကို ဖက်တွယ်မြတ်နိုးပြီး ကိုယ်ပိုင်သံစဉ်သီချင်းများစွာကို ရေးသားသီဆိုခဲ့တဲ့ ‘ဒိုးလုံး’ ရဲ့ “ဆုတောင်း” သီချင်းနဲ့ ယှဉ်ပြိုင်သွားခဲ့ပါတယ်။ ဗားရှင်းပြောင်းပြီး တီးခတ်သီဆိုထားတဲ့ “ဆုတောင်း” သီချင်းက ‘Solomon King’ စတိုင်နဲ့အလိုက်ဖက်ဆုံး ဖြစ်ခဲ့ပါတယ်။

VID(Solomon)

သီချင်းအဆုံးမှာတော့ ‘Solomon King’ က သီချင်းပုံစံမျိုးစုံကို ဆိုနိုင်တယ် ဆိုတာ ဒီနေ့ညချပြသွားတာပဲလို့ ‘အာဇာနည်’ က မှတ်ချက်ပေးခဲ့ပါတယ်။
နည်းပြကြီး ‘ရန်ရန်ချန်း’ ကတော့ သီချင်းအေးအေးလေးတွေ တောက်လျှောက်ဆိုလာခဲ့ပြီးအခုလိုအဆင့်မှာ ဒီလိုသီချင်းမျိုးကိုအကောင်းဆုံး ဆိုနိုင်ခဲ့လို့ ကျေနပ်တယ်လို့ ပြောခဲ့ပါတယ်။

***************
Knockout Round မှာ ပရိသတ်တွေရဲ့ Votingအများဆုံးနဲ့ တက်လှမ်းနိုင်ခဲ့တဲ့ ‘Melody Khong’ ရဲ့အလှည့်ဖြစ်ပါတယ်။ တေးရေး ဝင်းမင်းထွေး ရဲ့ လက်ရာအဆိုတော် ဖြိုးပြည့်စုံ ရဲ့အချစ်သီချင်းအေးအေးလေး ဖြစ်တဲ့ “ခိုလှုံရာ” ကို သူမရဲ့ ကိုယ်ပိုင်ဟန်လေးနဲ့ သီဆိုပြိုင်ပွဲဝင်ခဲ့ပါတယ်။ သီချင်းရဲ့ နံမည်က သူ့ရဲ့နှလုံးသားကို ထိမှန်စေတဲ့အတွက် ဒီသီချင်းကို ဆိုရတာအရမ်းကျေနပ်တယ်လို့ လည်း ပြောခဲ့ပါတယ်။
VID(Melody)

ကျားပေါက် ကတော့ ‘Melody Khong’ ကို တစ်ဆင့်ထက် တစ်ဆင့် ပိုပြီးအားစိုက်ထုတ်လာ တွေ့ရတယ်၊ Vote ပေးကြမယ့် ပရိသတ်တွေလည်း ဒီအချက်ကို သိပါစေလို့ ဆုတောင်းပးခဲ့ပါတယ်။
‘ရန်ရန်ချန်း’ ကတော့ သူဆိုစေချင်တဲ့ သီချင်းကိုအကောင်းဆုံး သီဆိုသွားတဲ့အတွက် ကျေနပ်တယ်၊ ကျေးဇူးလည်းတင်တယ်လို့ ဆိုပါတယ်။

***************

Team YC ရဲ့ ပြိုင်ပွဲဝင်တွေယှဉ်ပြိုင်ခဲ့ပြီးနောက်မှာတော့ Team RZN(အာဇာနည်) ရဲ့အလှည့်ဖြစ်ပါတယ်။ ဒီအဖွဲ့ထဲမှာ “Paul Austin” နဲ့ “လင်းခက်” တို့ နှစ်ဦးပဲ ကျန်ရှိနေပါတော့တယ်။ နှစ်ယောက်စလုံးက တစ်ယောက်ကို ပုံစံတစ်မျိုးစီနဲ့ စွဲဆောင်နိုင်သူတွေဖြစ်လို့ The Voice Myanmar ပရိသတ်တွေရဲ့အဆုံးအဖြတ်က တစ်ကယ့်ကို ရင်ခုန်စိတ်လှုပ်ရှားနေရပါတယ်။





‘Paul Austin’ ကအင်္ဂလိပ်သီချင်းဖြစ်တဲ့ Rachel Platten ရဲ့ “Fight Song” ကို သူ့ရဲ့ ထုံးစံအတိုင်းအသံချိုချိုလေးနဲ့အနိမ့်သံအမြင့်သံတွေကို ကစားပြီး ပညာသားပါပါ သီဆိုယှဉ်ပြိုင်သွားခဲ့ပါတယ်။ မြူကြွတဲ့သီချင်းလေးကိုအကအဖွဲ့တွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ကြီးနဲ့ တင်ဆက်သွားနိုင်ခဲ့ပါတယ်။

VID(Paul)

နီနီခင်ဇော်ကတော့ ပရိသတ်တွေအားလုံးရဲ့ကိုယ်စား ပြောပေးပါမယ်ဆိုပြီး နိုင်ငံတစ်ကာမှာ သီချင်းတွေ ထိုးဖောက်ပြီး ဆိုသွားနိုင်ပါစေလို့ ချီကျူး ဆုတောင်းပေးခဲ့ပါတယ်။အာဇာနည် ရဲ့အသင်းကိုလည်းအတော်လေး ဖိုက်ရမယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။
မအိပ်မနေကြိုးစားထားရမှုတွေ နပ်မှာပါ။ Hight note တွေ မမျှော်လင့်ပဲ ထည့်ဆိုသွားလို့အံ့သြရတယ်လို့ ‘အာဇာနည်’ ကလည်း မှတ်ချက်ပေးသွားခဲ့ပါတယ်။

***************

သီချင်းအဆိုကောင်းသလို Season 2 တစ်လျှောက်လုံးမှာ ပရိသတ်တွေကို တစ်ပတ်တစ်မျိုး မရိုးရအောင် ရသအမျိုးမျိုးနဲ့ တင်ဆက်ခဲ့တဲ့ “လင်းခက်” က Knockout မှာ Votingအများဆုံးရခဲ့တာ သိပ်တော့မဆန်းပါဘူး။
ဒီနေ့ညမှာလည်း ထူးအိမ်သင် ရဲ့ “အလင်းဆိုင်ရဲ့သီချင်း” နဲ့ ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒီသီချင်းကို တေးရေးအယ်ဖြူ နဲ့ ဇဝါ တို့ ရေးစပ်ထားတာဖြစ်ပါတယ်။ လမ်းမီးတိုင် ခုံတန်းလျားလေးပေါ်မှာ ထိုင်ရင်း သီဆိုခဲ့ပါတယ်။အရမ်းခက်ပြီးအားသွန်ခွန်စိုက်သီဆိုရတဲ့ သီချင်းကို ‘လင်းခက်’ က ဖျော်ဖြေမှုပုံစံအနေနဲ့ ပေါ့ပေါ့ပါးပါး သီဆိုသွားခဲ့ပါတယ်။

VID(Linn Khet)

‘ရန်ရန်ချန်း’ ကတော့ သူ့ကို ထိုင်ခုံချပေးထားတာ ငြိမ်စေချင်လို့ဖြစ်မယ်၊ ဒါပေမယ့် သူ့ရဲ့ကိုယ်ပိုင်စတိုင်အတိုင်း နောက်ပိုင်းမှာ လှုပ်လှုပ်ရှားရှား ဆိုသွားလို့ သဘောကျတယ် ၊ Ford ကားကြီးကိုရပါစေ လို့ ဆုတောင်းပေးခဲ့ပါတယ်။
‘အာဇာနည်’ ကလည်းအခုဆိုရင် ‘လင်းခက်’အနေနဲ့ ပရိသတ်တွေလည်းအခိုင်အမာရနေပြီဖြစ်လို့ Voting တွေအများကြီးထပ်ရပါစေလို့ ဆုတောင်းပေးခဲ့ပါတယ်။

***************

Team NiNi(နီနီခင်ဇော်) ရဲ့အဖွဲ့က တတိယမြောက် ယှဉ်ပြိုင်ရမယ့်အဖွဲ့ဖြစ်ပါတယ်။ သူ့အဖွဲ့ထဲမှာ သီချင်းအရမ်းဆိုတတ်တဲ့ ‘Hazel’ နဲ့ ‘Nicolas Pasangma’ တို့ နှစ်ယောက် ယှဉ်ပြိုင်ကြရမှာပါ။ နီနီခင်ဇော် ကတော့ သူ့ရဲ့အဖွဲ့သားနှစ်ဦးကိုအရေးကြီးတဲ့ တိုက်စစ်မှူးတွေလို့ တင်စားပြီး ပရိသတ်တွေကို သူ့အသင်းအတွက် ခေါင်းဆောင်တစ်ယောက် ရွေးပေးပါလို့ မေတ္တာရပ်ခံခဲ့ပါတယ်။





‘Hazel’ က “ခရေလမ်းဒိုင်ယာရီ” ဆိုတဲ့ သီချင်းနဲ့ ယှဉ်ပြိုင်သွားခဲ့ပါတယ်။ ဒီသီချင်းက ‘နီနီခင်ဇော်’ ရဲ့ သီချင်းကောင်းလေးတစ်ပုဒ်ဖြစ်ပြီး ဝေလ နဲ့ ကိုထက် တို့ ရေးဖွဲ့ပေးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းသွား သီချင်းလေးတစ်ပုဒ်ဖြစ်ပြီး နောက်ခံပူံစံ ထူးထူးခြားခြားလေး တင်ဆက်ထားပါတယ်။ ‘Hazel’ ရဲ့ သီဆိုမှုကတော့ ပြောစရာမရှိအောင် သေသပ်ကောင်းမွန်လွန်းနေပါတယ်။

VID(Hazel)

Blind Audition မှာထဲက ရချင်ပေမယ့် မရလိုက်တဲ့ ပြိုင်ပွဲဝင်ဖြစ်ပါတယ်လို့ ‘အာဇာနည်’ က နောက်ကြောင်းပြန်ပြောပြီး သီချင်းဆိုတာအရမ်းတော်ပါတယ် ဆရာမကြီး လို့လည်း တင်စားခဲ့ပါတယ်။
‘နီနီခင်ဇော်’ ကတော့ သူ့ထက်အများကြီးကောင်းအောင် သီဆိုသွားတဲ့အတွက် ကျေးဇူးတင်ပါတယ်လို့ ဂုဏ်ယူစွာနဲ့ မှတ်ချက်ပေးခဲ့ပါတယ်။

***************

ထူးထူးခြားခြားလေး သီဆိုပြချင်တဲ့ ‘Nicolas Pasangma’ ကအဆိုတော်ကြီး နွဲ့ယဉ်ဝင်း၊ ရတနာဦး တို့ နှစ်ယောက်လုံး သီဆိုပြီးအောင်မြင်ခဲ့တဲ့ “ရွှေပင်လယ်ကြီး” သီချင်းကို ယောက်ျားလေး ဗားရှင်းဖြစ်အောင်အနှေးပုံစံလေးနဲ့ သီဆိုပြသွားခဲ့ပါတယ်။ တေးရေး မင်းချစ်သူ ရဲ့ နာမည်ကြီးလက်ရာတစ်ပုဒ်လည်း ဖြစ်ပါတယ်။

VID(Nicolas)

တစ်လျောက်လုံးမှာ ဒီနေ့ညဆိုတာအကြိုက်ဆုံးပါလို့ ‘ကျားပေါက်’ က ’Nicolas’ ကို ချီူကျူးခဲ့ပါတယ်။
နီနီခင်ဇော် ကတော့ ‘Nicolas’ ရဲ့ သီဆိုမှုကအရမ်းခက်ခဲပြီး ပညာသားပါလွန်းတဲ့အတွက် ကျေနပ်အားရတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

***************

Semi Final ညရဲ့ နောက်ဆုံးပိတ်ယှဉ်ပြိုင်မှုကိုတော့ Team KP(ကျားပေါက်)ရဲ့အဖွဲ့သားများဖြစ်တဲ့ “Novem Htoo” နဲ့ “ညိုမီမီထွန်း” တို့က သူတို့ရဲ့ သီချင်းတွေနဲ့အနားသတ်ပေးနိုင်ခဲ့ပါတယ်။ သူတို့နှစ်ဦးကလည်း The Voice Myanmar မှာ ပရိသတ်တွေ သတိထားမိကြတဲ့ ပြိုင်ပွဲဝင်တွေဖြစ်လို့ တစ်ယောက်ယောက် နေခဲ့ရရင်တော့ စိတ်မကောင်းဖြစ်ကြဦးမှာ သေချာပါတယ်။





‘Linkin Park’ တို့ ‘Slipknot’ တို့ Metal သီချင်းတွေပဲ ဆိုတတ်တာလား...? လို့ မေးနေကြတဲ့ ပရိသတ်ကြီးကို ဒီနေ့ညမှာ “Novem Htoo” က Rocker ကြီး ဇော်ဝင်းထွဋ် ရဲ့ Blue သီချင်းလေးဖြစ်တဲ့ “ခင်ဗျားရဲ့အကြောင်း” ဆိုတဲ့ သီချင်းနဲ့ပဲအဖြေပြန်ပေးခဲ့ပါတယ်။ ဒီသီချင်းကို ကျားပေါက် က ရေးစပ်ပေးခဲ့တာပါ။

VID(Novem)

“မိုက်တယ်ကွာ၊ ဒါမျိုးလည်း ရတာပဲ”လို့ ‘အာဇာနည်’ က ကျေနပ်ပီတီဖြစ်စွာနဲ့ ချီးကျူးခဲ့ပါတယ်။
‘နိုဗန်ထူး’ ကိုအခြားပုံစံနဲ့ သီဆိုတာ ကြည့်ချင်တဲ့ ပရိသတ်တွေ ကျေနပ်ကြမယ်ထင်ပါတယ်။ Blue သီချင်းက ဆိုဖို့ သိပ်မလွယ်ပါဘူးလို့ ‘ကျားပေါက်’ က မှတ်ချက်ပေးခဲ့ပါတယ်။

***************

သီချင်းဆိုရင် ခံစားသက်ဝင်မှုအရမ်းကောင်းတဲ့ “ညိုမီမီထွန်း” က သူနဲ့လိုက်ဖက်လွန်းတဲ့ သီချင်းကောင်းလေးတစ်ပုဒ်ကို ဒီညမှာ မှန်ကန်စွာ ရွေးချယ်နိုင်ခဲ့ပါတယ်။ မြင့်မိုးအောင် ရေးစပ်ပြီး နေနေ သီဆိုထားတဲ့ “မညီမျှခြင်း” ဖြစ်ပါတယ်။ နုနုနယ်နယ်နဲ့ ချစ်စရာကောင်းအောင် ပြင်ဆင်ထားတဲ့ ‘ညိုမီမီထွန်း’ က ဒီနေ့ညမှာ နတ်သမီးလေးတစ်ပါး သီချင်းလာဆိုတာလားလို့ ထင်မှတ်ရလောက်အောင် ခမ်းနားနေခဲ့ပါတယ်။

VID(NyoMi)

‘ညိုမီ’ ကိုအနုပညာလောက ကနေ ဖိတ်ခေါ်ပါတယ်၊ Voting တွေလည်းအများကြီးရပါစေလို့ ‘နီနီခင်ဇော်’ က ချီးမွမ်းခဲ့ပါတယ်။
‘ကျားပေါက်’ ကတော့ ဒီတစ်ခါ စကားနားထောင်တယ် စင်ပေါ်မှာ မငိုတော့ဘူး လို့ မှတ်ချက်ပေးခဲ့ပါတယ်။

***************

အဖွဲ့အားလုံးက ပြိုင်ပွဲဝင် (၈)ဦးလုံး သီဆိုယှဉ်ပြိုင်ပြီးသွားတဲ့အခါမှာတော့ ပရိသတ်တွေ SMS, Online ကနေ ပေးပို့တဲ့ မဲရလာဒ်တွေအရ Team တစ်ခုမှာ မဲအများဆုံးရတဲ့သူက Grand Final ကို တက်ရောက်သွားမှာဖြစ်ပါတယ်။

မဲရလာဒ်တွေ ရေတွက်နေချိန်မှာတော့ တေးသံရှင် “ကော်နီ” က ဒိုင်လူကြီးမင်းများအားလုံး မင်္ဂလာပါလို့ နှုတ်ဆက်ပြီး “ရင်ကိုဖွင့်လိုက်စမ်း” သီချင်းနဲ့ စတင်သီဆိုခဲ့ပြီး ပရိသတ်တွေရဲ့ တောင်းဆိုမှုဖြစ်တဲ့ “ဆေး” သီချင်းတို့ကို သီဆိုဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။





Some text some message..