အလန်းစားဖက်ရှင်တွေနဲ့အေးမြတ်သူရဲ့အမိုက်စားပုံရိပ်များ
popolay.com
|
2019-06-19

လှပတဲ့မျက်နှာလေးမှာအထင်းသားပေါ်လွင်နေတဲ့ပါးချိုင့်လေးနဲ့ နှစ်လိုဖွယ်ကောင်းတဲ့အပြုံးတွေကိုဖန်တီးတတ်တဲ့ သရုပ်ဆောင်မင်းသမီးချောလေးအေးမြတ်သူကတော့ ပရိသတ်ရဲ့အချစ်တွေကိုအပြည့်အဝရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။ ကျရာဇတ်ရုပ်ကိုအပိုအလိုမရှိကွက်တိကျအောင် သရုပ်ဆောင်နိုင်မှုတို့ကြောင့်အနုပညာလောကထဲမှာအောင်မြင်ကျော်ကြားနေတာဖြစ်ပြီး သူမရဲ့အလှအပကလည်း ပရိသတ်တွေကြားထဲ နာမည်ကြီးပြန်ပါသေးတယ်။

အဆီပိုမရှိ ကျစ်လစ်လှပတဲ့ခန္ဓာကိုယ်လေးကိုပိုင်ဆိုင်ထားတာကြောင့်အေးမြတ်သူရဲ့အလှကိုအမျိုးသမီးထုကြီးကပါအားကျနေရတာပါ။ ချပ်ရပ်လှပတဲ့ကိုယ်လေးပေါ်မှာ မြန်မာဝတ်စုံလေးတွေကိုအမြဲတစေလှပစွာ ဝတ်စားတတ်တဲ့အေးမြတ်သူကတော့ ရံဖန်ရံခါမှာအလန်းစားဖက်ရှင်တွေနဲ့ ဆွဲဆောင်တတ်ပါသေးတယ်။

လတ်တလောမှာတော့အေးမြတ်သူရဲ့အမိုက်စား၊အလန်းစားဖြစ်နေတဲ့ ပုံရိပ်တစ်ချို့ကလူမှုကွန်ယက်ပေါ် တက်လာပါတယ်။ သူမရဲ့အလှတို့ကိုအတိုင်းသားပေါ်လွင်နေစေတဲ့အလန်းစားဖက်ရှင်တွေကို ဝတ်စားကာအပြင်အဆင်ခပ်ဆန်းဆန်းနဲ့ မိမိုက်နေလွန်းတဲ့အေးမြတ်သူရဲ့အလှက ကြွေကျချင်စရာပါပဲ။ နိုင်ငံခြားကဖက်ရှင်မော်ဒယ်တစ်ယောက်အလား ဆွဲဆောင်မှုတွေပိုနေတဲ့အေးမြတ်သူရဲ့ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်။






Some text some message..