
အမျိုးသားပြတိုက်(ရန်ကုန်)တွင် ကျင်းပပြုလုပ်ခဲ့သော New Classicအနုပညာပြပွဲသို့ လာရောက်လေ့လာကြသူများ။ ဓာတ်ပုံ •အောင်ဌေးလှိုင်
အမျိုးသားပြတိုက်(ရန်ကုန်)တွင် ကျင်းပပြုလုပ်ခဲ့သော New Classicအနုပညာပြပွဲသို့ လာရောက်လေ့လာကြသူများ။ ဓာတ်ပုံ •အောင်ဌေးလှိုင်
ပန်းချီခြေရာ တွေထပ်အသစ်တွေပါ တင်ဆက်နိုင်ခဲ့တဲ့ ၂၀၁၈ (သို့မဟုတ်) ပန်းချီနှစ်
ဆောင်းလေအေးနဲ့အတူ ရောက်လာတဲ့ ဒီဇင်ဘာကို ခံစားရင်း တစ်နှစ်တာပတ်လုံး သွားရောက်ကြည့်ရှုခံစားခဲ့သမျှ ထူးခြားတဲ့ပန်းချီအနုပညာပြပွဲတွေ၊ ပြောင်းလဲလာတဲ့အနုပညာတင်ပြမှုတွေ၊ ဦးစားပေးခဲ့တဲ့အနုပညာဘာသာရပ်တွေနဲ့ နိုင်ငံတကာ ပြည်တွင်းပေါင်းစပ်ပြသခဲ့တဲ့ ပန်းချီပြပွဲတွေအကြောင်း သုံးသပ်ဝေငှချင်ပါတယ်။
အားလုံးခြုံပြီး တစ်နှစ်တာအတွင်း ရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့ ပန်းချီပြပွဲတွေ ပန်းချီအနုပညာပွဲတော်တွေအကြောင်း ရေးခဲ့သမျှ ပြန်လည်သုံးသပ်ကြည့်တဲ့အခါ ၂၀၁၈ ခုနှစ်ဟာအရင်နှစ်တွေကထက်ပိုပြီးအနုပညာလှုပ်ရှားမှုတွေကို ခပ်စိပ်စိပ်နဲ့ တက်တကြွ်ကြွကပိုလုပ်လာကြတာ တွေ့ရပါတယ်။ နိုင်ငံရေးကိုအခြေခံတဲ့အနုပညာလှုပ်ရှားမှုတွေလည်း လွတ်လွတ်လပ်လပ် ဖန်တီးလာကြသလို ခေတ်ဟောင်းဂီတ ရုပ်ရှင်စာပေ ပွဲတော်တွေ၊ ခေတ်ပြိုင်အနုပညာလှုပ်ရှားမှုတွေနဲ့ ပြည်တွင်းပြည်ပချိတ်ဆက်အနုပညာပွဲတော်တွေအားလုံးကို ၂၀၁၈ ခုနှစ်ထဲမှာအဖွဲ့အစည်းတွေနဲ့ ပေါင်းစပ်ပြီးဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ သိသိသာသာ မြင်တွေ့ခဲ့ရပါတယ်။
seven-decaded-art.jpg

Seven Decadesအနုပညာပြပွဲမှအင်စတော်လေးရှင်း။ ဓာတ်ပုံ–မြန်မာတိုင်း(မ်)
Seven Decadesအနုပညာပြပွဲမှအင်စတော်လေးရှင်း။ ဓာတ်ပုံ–မြန်မာတိုင်း(မ်)
ပန်းချီဆရာတွေကိုယ်တိုင်က ပြခန်းတွေငှားပြီး လုပ်ကြတဲ့ တစ်ကိုယ်တော်ပန်းချီပြပွဲတွေ၊အဖွဲ့လိုက် ပန်းချီပြပွဲကလည်း လောကနတ်ပြခန်း၊ ရန်ကုန်ပန်းချီပြခန်း၊ ဗိုလ်အောင်ကျော်ပန်းချီပြခန်း၊အိုကေ၊အလှသစ်၊ နဝဒေးသာလာ၊ ဂယ်လာရီ ၆၅၊ ၄၃ ပန်းချီပြခန်း၊ ပန်ဆူရိယ၊ ပန်းဆိုးတန်းပန်းချီပြခန်း၊ ဗိုလ်ချုပ်ဈေးပန်းချီပြခန်းတွေမှာ တစ်နှစ်အတွင်း ပြပွဲပေါင်းများစွာ စည်ကားမြိုင်ဆိုင်စွာ ပြုလုပ်ခဲ့ကြပါတယ်။ တချို့နာမည်ကြီး ကဗျာဆရာတွေ၊အဆိုတော်တွေကလည်း သူတို့ခံစားမှုကိုအခြေခံတဲ့ ပန်းချီကားတွေ ဖန်တီးရေးဆွဲရင်း ပန်းချီအနုပညာနယ်ပယ်ထဲကို ခြေလှမ်းသစ်တွေ ချလာတာလည်း လေ့လာ တွေ့ရှိရပါတယ်။ ပန်းချီသီးသန့်ပြပွဲထက်အင်စတော်လေးရှင်းပွဲတွေ ဖန်တီးလာကြသလိုအနုပညာရှင်တွေဟာ သူတို့ရဲ့စိတ်ခံစားမှုတွေပေါ်မှာအခြေခံကာအရင်ထက်ပိုပြီး လွတ်လွတ်လပ်လပ် ရဲရဲရင့်ရင့်တွေးခေါ် ဖန်တီးလာတာကို ၂၀၁၈ ထဲမှာ သိသာထင်ရှားစွာ တွေ့မြင်မိတာ စာရေးသူတစ်ဦးတည်းမဟုတ်မှာ သေချာပါတယ်။
"တို့ရန်ကုန်တို့အိမ်ယာ"က ဦးစီးတဲ့ ယဉ်ကျေးမှုအနုပညာနဲ့ ဆက်စပ်နေတဲ့အနုပညာလှုပ်ရှားမှုပုံစံသစ်အဖြစ် ရန်ကုန်မြို့ထဲက ပန်းချီအနုပညာပြခန်းတွေ လိုက်ပို့ပေးတဲ့ "Yangon Art
Route Tour" လိုအစီအစဉ်တွေ၊အနုပညာနဲ့ ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေး ပေါင်းထားတဲ့ပွဲတော်တွေ၊ မြို့နယ်တစ်ခုတည်းမှာရှိတဲ့ ပန်းချီဆရာတွေရဲ့ စတူဒီယိုတွေဆီ သွားလေ့လာနိုင်တဲ့ "Open Studio Project" လို စိတ်ဝင်စားစရာ ကောင်းတဲ့အစီအစဉ်တွေကိုလည်း ဆက်တိုက်ဆိုသလို တွေ့ခဲ့ရ ပါတယ်။အနုပညာကို စိတ်ဝင်စားပြီး မြတ်နိုးတဲ့သူတွေကိုအနုပညာနဲ့နီးစပ်အောင် "တို့ရန်ကုန်တို့အိမ်ယာ" ပရောဂျက်ကအနုပညာလှုပ်ရှားမှုတွေ တော်တော်များများ လုပ်ခဲ့တာက သတိထားမိစရာကောင်းပါတယ်။
နောက်ထပ် "တို့အိမ်"အဖွဲ့အစည်းကလည်း ရန်ကုန်မြို့လယ်က မြို့နယ်တွေမှာရှိတဲ့ နောက်ဖေးလမ်းကြားတွေကို သန့်ရှင်းရေး ပြုလုပ်ကာ ပန်းချီနဲ့အလှဆင်ပြီး ကလေးတွေ ကစားလို့ရအောင် လုပ်လာတဲ့ ပရောဂျက်တွေကိုလည်း ဒီ ၂၀၁၈ ခုနှစ်ထဲမှာအနုပညာရှင်တွေနဲ့ ပူးပေါင်းပြီး ဆက်လုပ်နေတာ တွေ့ရပါတယ်။ ရန်ကုန်မြို့မှာရှိတဲ့ ပန်းချီအနုပညာရှင်တွေက ရန်ကုန်မြို့လယ်ကောင်က နောက်ဖေးလမ်းကြားတွေကို သူတို့အနုပညာနဲ့အလှဆင်ပေးကြဖို့ တို့အိမ်အဖွဲ့အစည်းနဲ့ ပူးပေါင်းပြီးအခမဲ့ ပန်းချီရေးဆွဲပေးကြတာလည်း တွေ့ရပါတယ်။
မြန်မာအနုပညာရှင်တွေရဲ့ နိုင်ငံတကာမှာ သွားရောက်ပြသ ခဲ့တဲ့ပြပွဲတွေ၊ နိုင်ငံတကာကအနုပညာရှင်တွေက မြန်မာပြည်
မှာ လာကျင်းပခဲ့တဲ့ တင်ဆက်မှုတွေနဲ့ ၂၀၁၈ ခုနှစ်ဟာ
ဂျာမန်ယဉ်ကျေးမှုစင်တာ"Goethe Institute" နဲ့ ပြင်သစ်ယဉ်ကျေးမှုစင်တာ "French Institute" တို့ရဲ့ ပြည်တွင်းပြည်ပကအနုပညာရှင်တွေကို ဖိတ်ခေါ်ကာ ပူးပေါင်းပြီး စီစဉ်တဲ့အနုပညာပွဲတော်တွေအများကြီးဖန်တီးခဲ့တာလည်း တွေ့ရပါတယ်။ လူငယ်တွေရဲ့အနုပညာလှုပ်ရှားမှုတွေကိုအစဉ်တစိုက်ပံ့ပိုးပေး နေတဲ့New Zero Art Space ကလည်း လူကြီးလူငယ်တွေအတွက်အခမဲ့ ပန်းချီသင်တန်းတွေ ပါဖောမန့်စ်(သရုပ်ပြတင်ဆက်မှုအနုပညာ)သင်တန်းတွေ လုပ်ပေးနေသလို နိုင်ငံတကာနဲ့ ပြည်တွင်းက ပါဖောမန့်စ်အနုပညာရှင်တွေနဲ့ ပူးပေါင်းတင်ဆက် တဲ့ ပါဖောမန့်စ်အနုပညာပွဲတော်တွေအထိပါ လုပ်လာတာ တွေ့ရပါတယ်။ ွမစေ့ငခ ီနျငါညနမ တွေကလည်း စုပေါင်းကာ ွမစေ့ငခ ီနျငါည သီးသန့်အနုပညာပြပွဲတွေ လုပ်လာကြတာလည်း ထူးထူးခြားခြား သတိထားမိပါသေးတယ်။
seven-decaded.jpg

"Prison Series" ပြပွဲမှအနုပညာပြကွက်တစ်ခု။
"Prison Series" ပြပွဲမှအနုပညာပြကွက်တစ်ခု။
ပန်းချီအနုပညာရှင် တစ်ဦးချင်းစီရဲ့အထူးတလည် ဖန်တီးရှာဖွေ တွေ့ရှိထားတဲ့အနုပညာလက်ရာသစ်တွေကို တစ်ကိုယ်တော်ပြပွဲအဖြစ် တင်ဆက်မှုတွေ စိပ်လာသလို လူငယ်ပန်းချီဆရာတွေ ပူးပေါင်းဖွဲ့စည်း ထားတဲ့အုပ်စုလိုက်ပန်းချီပြပွဲတွေမှာလည်း ဆန်းသစ်တဲ့အတွေးအခေါ် တွေနဲ့ ဖန်တီးထားတဲ့အနုပညာပုံစံသစ်တွေအများကြီး တွေ့လာရပါတယ်။အမျိုးသမီးအနုပညာရှင်တွေကလည်းအချင်းချင်းပူးပေါင်းကာအမျိုးသမီးပန်းချီပြပွဲတွေ၊အမျိုးသမီးအနုပညာရှင်တွေ သီးသန့် ပါဖောမန့်စ်ပွဲတွေ ဖန်တီးလာတာလည်း တွေ့ရပါတယ်။
နောက်ထပ် ထူးခြားတာတစ်ခုက ၂၀၁၈ ခုနှစ်က မြန်မာနိုင်ငံရဲ့သမိုင်းမှာအရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုဖြစ်ခဲ့တဲ့ ၁၉၈၈အရေးအခင်းရဲ့ နှစ် ၃၀ ပြည့်နှစ်ဖြစ်တဲ့အတွက် ၂၀၁၈ ခုနှစ်ထဲမှာ နိုင်ငံရေးကိုအခြေခံတဲ့ ပန်းချီပြပွဲတွေလည်း လုပ်လာကြတာ တွေ့ရပါတယ်။ ၂၀၁၈ ခုနှစ် ဇွန်လထဲမှာ ပန်းချီစံမင်း "Prison Series" ဆိုတဲ့ ပန်းချီပြပွဲကိုအင်းစိန်ထောင်ပုံစံငယ်၊အကျဉ်းထောင်ထဲက ထောင်သားတွေရဲ့ဘဝတွေကို ပန်းချီနဲ့အင်စတော်လေးရှင်းတွေ ဖန်တီးကာ သူ့ရဲ့နိုင်ငံရေးအကျဉ်းသားဘဝကိုအနုပညာအဖြစ် ပြန်လည်ဖန်တီးတင်ဆက်ခဲ့ပါတယ်။အနုပညာရှင် မိုးစက်ကလည်း ၂၀၁၈ ခုနှစ် ဇူလိုင်လထဲမှ"If I say it’s True Seven
Times" ဆိုတဲ့နာမည်နဲ့ ၁၉၈၈အရေးအခင်းကတည်းက နာကျင်စွဲထင်ခဲ့တဲ့ မြန်မာလူငယ်တွေရဲ့ ခံစားမှုတွေကိုအင်စတော်လေးရှင်းတွေနဲ့အနုပညာအဖြစ် ပြန်လည်ထုတ်ဖြော်ပသခဲ့ပါတယ်။ နာမည်ကျော် ပန်းချီအောင်ကြည်စိုးရဲ့ သြဂုတ်လထဲမှ "Scars"အမာရွတ်ဆိုတဲ့ တစ်ကိုယ်တော်ပြပွဲမှာ ၈၈အရေးအခင်းက ရခဲ့တဲ့ ခံစားမှုတွေကို သူ့ရဲ့ပန်းချီနဲ့ပေါင်းစပ်ကာ ဖွင့်ထုတ်ဖန်တီးခဲ့ပါတယ်။ ဓာတ်ပုံထိန်ဝင်း ကတော့ ထူးထူးခြားခြား ၁၉၈၈ ခုနှစ်က သူကိုယ်တိုင်ရိုက်ကူးခဲ့တဲ့ ၈၈အရေးအခင်းကဓာတ်ပုံတွေကို "8888 Uprising" ဆိုတဲ့နာမည်နဲ့ ဓာတ်ပုံပြပွဲလုပ်ခဲ့ပါသေးတယ်။
အထူးခြားဆုံးနဲ့ လူစိတ်ဝင်စားမှုအများဆုံးခံရတဲ့ နိုင်ငံရေးနဲ့အနုပညာ ပေါင်းစပ်ပြသတဲ့ပွဲကတော့အနုပညာရှင်ထိန်လင်း ဦးဆောင်စီစဉ်ဖန်တီး ခဲ့ပြီး ဇူလိုင်လ ၇ ရက်က ဝန်ကြီးများရုံးထဲမှာ ကျင်းပခဲ့တဲ့"Seven Decades" ပွဲပဲဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်အရေးအခင်းကို ကိုယ်တိုင် တွေ့ကြုံဖြတ်သန်းခဲ့ကြဖူးတဲ့အနုပညာရှင်ကြီးတွေရဲ့ ထူးခြားဆန်းသစ်တဲ့အင်စတော်လေးရှင်းအနုပညာ(Installation Art)၊ ဗီဒီယိုအနုပညာ(Video Art) ၊ ရုပ်ရှင်အနုပညာ(Film Art))၊ သရုပ်ပြတင်ဆက်မှုအနုပညာPerforma-nce Art)တွေနဲ့ ရသစုံအောင် ဖန်တီးပြသခဲ့ပြီး လူအများရဲ့စိတ်ဝင်စားမှုကို ရခဲ့တာပါ။ ဒီပွဲကိုအနုပညာရှင်ထိန်လင်းက စာပေ၊ ပန်းချီ၊ ရုပ်ရှင်၊ ဓာတ်ပုံနဲ့ ဂီတဖန်တီးသူအနုပညာရှင်တွေ ပူးပေါင်းဖွဲ့စည်းထားတဲ့ ပဉ္စရသအဖွဲ့နဲ့အတူအချိန်အကြာကြီး ကြိုတင်ပြင်ဆင်ပြသခဲ့တာပဲ ဖြစ်ပါတယ်။ ပဉ္စရသ(Pyinsa Rasa)အနုပညာအဖွဲ့အစည်းကနေ ဓာတ်ပုံ၊ ဂီတ၊ ရုပ်ရှင်စတဲ့အနုပညာနယ်ပယ်အစုံကအင်မတန်ကောင်းမွန်လှတဲ့အနုပညာဖန်တီးမှုဟောင်းတွေကိုRetro ပုံစံနဲ့ ပြန်လည်ဆန်းသစ်ကာ တင်ပြလာတဲ့ ပြပွဲတစ်ခုလည်း ဒီနှစ်ထဲမှာ ထူးထူးခြားခြားကျင်းပခဲ့တာ တွေ့ရပါတယ်။
မြန်မာအနုပညာရှင်တွေရဲ့ နိုင်ငံတကာမှာ သွားရောက်ပြသခဲ့တဲ့ ပြပွဲတွေ၊ နိုင်ငံတကာကအနုပညာရှင်တွေက မြန်မာပြည်မှာ လာကျင်းပခဲ့တဲ့ တင်ဆက်မှုတွေနဲ့ ၂၀၁၈ ခုနှစ်ဟာအနုပညာဖလှယ်မှုကိုအားပါးတရ လုပ်ဆောင်ခဲ့တဲ့ နှစ်တစ်နှစ်လည်း ဖြစ်ပါတယ်။
"Korea-Myanmar Contemporary Art Exchange" နဲ့ "နဂါးစုတ်ချက်ပေါ်က မြန်မာ" လို ကိုရီးယား–-မြန်မာ၊ တရုတ်-–မြန်မာယဉ်ကျေးမှုဖလှယ်ရေး ပန်းချီပြပွဲတွေကို ရန်ကုန်မြို့ရဲ့အဓိကနေရာတွေဖြစ်တဲ့အမျိုးသားပြတိုက်၊Junction City တွေမှာ ပြသခဲ့ကြပြီးအနုပညာနဲ့အလှမ်းဝေးတဲ့ သာမန်ပရိသတ်တွေတောင် ထိတွေ့ခွင့်ရခဲ့တာလည်း သတိထားမိပါတယ်။
အဲဒါအပြင်အစိုးရက ဦးဆောင်ကျင်းပတဲ့အခမ်းအနား တွေ၊ နှစ်နိုင်ငံချစ်ကြည်ရေး ယဉ်ကျေးမှုပွဲတွေသာ တစိုက်မတ်မတ်အသားပေးလေ့ရှိတဲ့အမျိုးသားပြတိုက်က ၂၀၁၈ ခုနှစ်ထဲမှာအနုပညာဘက်ကို ဇောင်းပေးတဲ့ ထူးခြားတဲ့အနုပညာလှုပ်ရှားမှုတွေ လုပ်လာတာကို တအံ့တသြ ဝမ်းမြောက်စွာတွေ့ခဲ့ရပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ နီးပါးစလုံး ပြည်တွင်းအနုပညာရှင်ကြီးတွေရဲ့ ပန်းချီကားတွေ ဝယ်ယူစုဆောင်းတာ၊ လူငယ်ပန်းချီဆရာကျော်တွေနဲ့ ပူးပေါင်းတဲ့ ပန်းချီပြပွဲတွေ ကျင်းပတာမျိုး တွေ့ရခဲတဲ့အမျိုးသားပြတိုက် (ရန်ကုန်)ကလည်း ဒီနှစ်ထဲမှာ ထူးခြားစွာ ပြောင်းလဲခဲ့ပါပြီ။ နာမည်ကျော် မြန်မာပန်းချီဆရာကြီးတွေရဲ့ တန်ဖိုးကြီးပန်းချီ ကားတွေ ဝယ်ယူစုဆောင်းတာ၊ ရှေးဟောင်းအပါအဝင် ပန်းချီကားအလ·လက်ခံတာတွေ လုပ်လာတာလည်း တွေ့ရပါတယ်။အထူးသဖြင့် မြန်မာပန်းချီဆရာတွေ၊ နိုင်ငံတကာက ပန်းချီဆရာတွေနဲ့ ပူးပေါင်းကာအနုပညာဖလှယ်ပွဲတွေ၊ ပန်းချီအနုပညာပြပွဲပေါင်းများစွာကိုအမျိုးသားပြတိုက်(ရန်ကုန်)မှာ ဆက်တိုက်ဆိုသလိုအောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
nzh1-2.jpg

သန့်ရှင်းအလှဆင်ထားသော ရန်ကုန်မြို့လယ်ရှိ နောက်ဖေးလမ်းကြားတွင် ကစားနေသည့် ကလေးငယ်များ။ ဓာတ်ပုံ •ဥဏ်ဇေထက်
သန့်ရှင်းအလှဆင်ထားသော ရန်ကုန်မြို့လယ်ရှိ နောက်ဖေးလမ်းကြားတွင် ကစားနေသည့် ကလေးငယ်များ။ ဓာတ်ပုံ •ဥဏ်ဇေထက်
ပန်းချီအနုပညာရှင်အဖြစ် ရပ်တည်ကြတဲ့ လူငယ်တွေထဲမှာ မြန်မာမှုရှေးဟောင်းအနုပညာကို ထိန်းသိမ်းချင်သူတွေ၊အားကြိုးမာန်တက် လုပ်ဆောင်နေသူတွေ များလာသလို ခေတ်ပြိုင်အနုပညာကို နိုင်ငံတကာအထိရောက်အောင် ထိုးဖောက်ချင်တဲ့ လူငယ်အနုပညာရှင်တွေလည်းအများကြီး ပေါ်ပေါက်လာတာ တွေ့ရတယ်။ သူတို့အားလုံးဟာ သူတို့စိတ်ဝင်စားတဲ့အနုပညာဘာသာရပ်တွေမှာ ထူးချွန်အောင်လေ့လာရင်း ထူးခြားဆန်းသစ်တဲ့အနုပညာတွေဖန်တီးဖော်ထုတ်ဖို့ ကြိုးပမ်းနေကြတာ သိသိသာသာ တွေ့ခဲ့ရပါတယ်။အနုပညာကိုအားပေးခံစားတဲ့ ပရိသတ်တွေကလည်းအနုပညာနဲ့ ပတ်သက်ရင် ပိုပြီးမျက်စိပွင့် နားပွင့်သူတွေအဖြစ် ပြပွဲတွေမှာ တွေ့လာရသလိုအရင်ကထက်အနုပညာကို ခံစားတတ်သူတွေအဖြစ် ပြောင်းလဲလာတာကို ၂၀၁၈ ခုနှစ်ထဲမှာအထူးခြားဆုံး မြင်ခဲ့ရပါတယ်။ ရှေးဟောင်းမြန်မာ့ပန်းချီ၊အင်စတော်လေးရှင်း၊ သရုပ်ပြတင်ဆက်မှု၊ ခေတ်ပြိုင်စသဖြင့် ဘယ်လိုအမျိုးအစားပဲဖြစ်ဖြစ်အရင်နှစ်တွေကထက် ပိုသိသာထူးခြားနေတဲ့ ၂၀၁၈ ခုနှစ်ကို ပန်းချီအနုပညာအကြောင်း ပုံမှန်ရေးသားသူတစ်ဦးအနေနဲ့ ရင်ခုန်ပီတိဖြစ်စွာ ကျော်ဖြတ်ခဲ့ရပြီမို့ နောက်ထပ်နှစ်သစ်မှာ ဘယ်လိုရှားပါးတဲ့ ပန်းချီကားတွေအကြောင်း၊ နိုင်ငံတကာအနုပညာဖလှယ်ပွဲတွေအကြောင်း၊ လူငယ်အနုပညာရှင် တွေအကြောင်းနဲ့ ထူးခြားတဲ့ပန်းချီပြပွဲတွေအကြောင်းကို တင်ဆက်မျှဝေနိုင်မယ်ဆိုတာတော့ စာရေးသူနဲ့အတူ ဆက်လက် စောင့်ကြည့်ကြပါစို့ရှင်။