ကုသိုလ်ရေးနဲ့ပတ်သက်လာရင် လက်မနှေးတတ်ကြတဲ့ သားနဲ့သမီးရဲ့အလှူပွဲလေးမှာပါဝင်အားဖြည့်နေတဲ့ လူမင်းတို့ဇနီးမောင်နှံ
myanmarload.com
|
2019-07-04



ဒါရိုက်တာ ၊ သရုပ်ဆောင် မင်းသားချော လူမင်းကတော့အနုပညာလောကမှာအောင်မြင်မှုများစွာကို ပိုင်ဆိုင်ရရှိထားတဲ့ ဝါရင့်အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။အကယ်ဒမီဆုများရှင် လူမင်းဟာ ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားများစွာ ရိုက်ကူးခဲ့သလို မြန်မာ့ရုပ်ရှင်အစည်းအရုံးရဲ့ ဥက္ကဋ္ဌဟောင်းတစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။ လတ်တလောမှာတော့ လူမင်းက ချစ်ဇနီးချောလေးနဲ့အတူ ပွဲအခမ်းအနားတွေ တက်ရောက်နေတာ တွေ့ရပါတယ်။






ကလေးနှစ်ယောက်ရဲ့ဖခင်ဖြစ်တဲ့ လူမင်းက ဧရာဝတီလူမင်းနဲ့ ဧဝရတ်လူမင်းဆိုတဲ့ သားနဲ့သမီးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ လူမင်းရဲ့သားနဲ့သမီးက ပညာရေးမှာ ထူးချွန်ကြသလို ဘုရားတရားကိုင်းရှိုင်းပြီး လိမ္မာရေးခြားရှိတဲ့ ကလေးတွေလည်း ဖြစ်ကြပါတယ်။အခုလည်း ဧဝရတ်တို့မောင်နှမက ဖေဖေ၊မေမေတို့နဲ့အတူ " ပဏိတာရာမ ရွေတောင်ကုန်း " ကျောင်းမှာ မုန့်နဲ့အအေးတွေ သွားရောက်လှူဒါန်းခဲ့ကြတာ တွေ့ရပါတယ်။







လူမင်းတို့ဇနီးမောင်နှံကတော့အလှူအတန်းနဲ့ ပတ်သက်ရင် လက်မနှေးတဲ့ သားနဲ့သမီးရဲ့အာဟာရအလှူလေးကို ဘေးကနေ ပါဝင်ကူညီပေးနေတာ ဖြစ်ပါတယ်။ လူမင်းက " ဧရာဝတီ၊ ဧဝရက်၊ ဥတ္တရာတို့မောင်နှမ၃ယောက်ရဲ့အာဟာရမုန့်အလှူ " ဆိုပြီး သားနဲ့သမီးရဲ့အလှူပုံရိပ်လေးတွေကို တင်ထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် လိမ္မာရေးခြားရှိတဲ့ ဧရာဝတီလူမင်းတို့မောင်နှမတစ်စုရဲ့ ကုသိုလ်ယူနေတဲ့ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။







Some text some message..