မြင်ရသူအဖို့ စိတ်မသက်မသာဖြစ်စေတဲ့ လေဒီဂါဂါရဲ့ ဧရာမဒေါက်ဖိနပ်ကြီးများ
shweinnlay.com
|
2019-07-10



လေဒီဂါဂါဟာ ဖက်ရှင်ပိုင်းနဲ့ ပတ်သတ်ပြီးတော့ လူစိတ်ဝင်စားမှုအများဆုံးခံရတဲ့အနုပညာရှင် တစ်ဦးလို့ ဆိုရင်လည်း မှားမယ်မထင်ပါဘူး။ လေဒီဂါဂါဟာ သူများနဲ့ မတူ တမူထူးခြားတဲ့ ဖက်ရှင်တွေက သူမရဲ့ပရိသတ်တွေ၊ မီဒီယာသမားတွေကိုအံ့သြစေရုံသာမကအနုပညာရှင်အချင်းချင်းကတောင် ငေးမောရတဲ့အထိ ဖြစ်စေတဲ့သူတစ်ဦးပါ။အခုဆိုရင်လည်း ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက စတူဒီယိုသွားတဲ့ လေဒီဂါဂါတစ်ယောက် သူမရဲ့ ဧရာမမြင့်မားလွန်းတဲ့ဒေါက်ဖိနပ်ကြီး နဲ့ မီဒီယာသမားတွေ လူတွေရဲ့အာရုံစိုက်မှုကို ခံခဲ့ရပါတယ်။ လေဒီဂါဂါက ဒေါက်ဖိနပ်ကိုဆိုရင် မတရားကြီးကို မြင့်မားလွန်းတာတွေကို စီးနေကျဆိုပေမယ့်အခုသူစီးထားတဲ့ ဖိနပ်ကတော့ မြင်ရသူအဖို့တောင် သက်တောင့်သက်သာမဖြစ်လွန်းလှပါဘူး။ ဒါပေမယ့် လေဒီဂါဂါကတော့ သူမရဲ့ ဖက်ရှင်အတွက် ဘယ်တော့မှာ စိတ်မသက်မသာဖြစ်တာမျိုး မတွေ့မမြင်ရဘဲအမြဲတမ်း မိမိကိုယ်ကိုယုံကြည်မှု ရှိတဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။











ရွှေရောင် (ရွှေအင်းလေး)




Some text some message..