ပထမဦးဆုံး ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးတော့မယ့် Krystal Jung
popolay.com
|
2019-07-11

တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော် Kpopအဆိုတော်အဖွဲ့ F(x) မှအငယ်ဆုံးအဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ Krystal Jung ဟာဆိုရင် idolအဆိုတော်တစ်ယောက်အနေနဲ့အသံကောင်းပြီးအကမှာလဲ ထူးချွန်နေရုံသာမက သရုပ်ဆောင်တဲ့နေရာမှာလဲ ဟာကွက်မရှိအောင် ထက်မြက်သူတစ်ဦးလဲဖြစ်ပါတယ်။ Krystal ပါဝင်တဲ့ ဇာတ်လမ်းတွဲတွေဟာ ဆိုရင် မပေါက်တဲ့ ဇာတ်လမ်းတွဲဆိုတာ မရှိသလောက်ပါပဲ။ လက်ရှိမှာ Krystal ဟာ ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားမှာအဓိကဇာတ်ဆောင်အဖြစ်ပါဝင်ရတော့မှာပဲဖြစ်ပါတယ်။ Krystal ပါဝင်သရုပ်ဆောင်မယ့် ရုပ်ရှင်ကားကြီးနာမည်နဲ့ သူမက ဘယ်လိုနေရာက ပါဝင်သရုပ်ဆာင်မယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။


>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<



Krystal ဟာ shout out to my father လို့အမည်ရတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ Toe illအမည်ရတဲ့ကောင်မလေးအဖြစ် ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။ Toe ill ဟာ တက္ကသိုလ်မှာ ပညာသင်ကြားနေစဉ်အတောအတွင်းအဖေမပေါ်ဘဲ ကိုယ်ဝန်ရရှိခဲ့ပါတယ်။ သူမဟာ မကြာခင်လက်ထပ်ရတော့မည့် လူတစ်ဦးဖြစ်ပြီး လက်မထပ်ခင်မှာပဲ ကလေးရဲ့ ဖခင်က ဘယ်သူဖြစ်မလဲဆိုတာ စတင်ရှာဖွေခဲ့ပါတယ်။



ဒီဇာတ်လမ်းဟာ လူငယ်ဒါရိုက်တာ Choi Hana ပထမဦးဆုံး ရိုက်ကူးမယ့်ရုပ်ရှင်ကားဖြစ်ပြီး independent filmအမျိုးအစားဖြစ်ပါတယ်။ လာမယ့် သြဂုတ်လမှာ စတင်ရိုက်ကူးတော့မည်ဖြစ်ကြောင်း Krystal ရဲ့အေဂျင်စီ SM Entertainment မှထုတ်ပြန်ကြေညာခဲ့ပါတယ်။




Shout out to my father ရုပ်ရှင်ဇာတ်ကားရဲ့ ဒါရိုက်တာဟာ သူမရဲ့ ပထမဦးဆုံးရိုက်ကူးမယ့် ဇာတ်ကားဖြစ်သလို Krystalအတွက်လဲ ပထမဦးဆုံးဖြစ်တာကြောင့် စိတ်ဝင်စားစရာပါပဲ။ ပိုပိုလေးနဲ့အတူ စောင့်မျှော်ကြည့်ရှုလိုက်ရအောင် ပရိတ်သတ်ကြီးရေ။

Source-allkpop

(ပိုပိုလေး)






Some text some message..