မမှတ်မိနိုင်လောက်အောင် ချောမောလှပလာတဲ့ ကလေးသရုပ်ဆောင် Jin Ji Hee
popolay.com
|
2019-07-11

တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော်ရုပ်သံဇာတ်လမ်းတွဲ The Moon Embraces the Sun (နေမင်း၊လမင်း၊ ကြယ်တစ်စင်း) ဇာတ်ကားမှအိမ်ရှေ့မင်းသား Lee Hwon ရဲ့ ညီမလေး နေရာက ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ကလေးသရုပ်ဆောင် Jin Ji Hee ဟာဆိုရင် ကလေးဘဝကတည်းကအောင်မြင်ကျော်ကြားတဲ့ သရုပ်ဆောင်တစ်လက်ပဲဖြစ်ပါတယ်။ Jin Hee ဟာ the moon embraces the sun မှာပါဝင်တုန်းကအသက် ၁၃ နှစ်အရွယ်သာ ရှိပါသေးတယ်။အခုဆိုရင်အသက် ၂၀ တင်းတင်းပြည့်လို့ လူကြီးတစ်ယောက်ဖြစ်လို့လာပါပြီ။ Jin Ji Hee တစ်ယောက် ဘယ်လိုပြောင်းလဲသွားတယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။


>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<




ဒီရက်ပိုင်းအတွင်း သရုပ်ဆောင် Jin Ji Hee ရဲ့ လက်တလော ရိုက်ကူးထားတဲ့ ဓာတ်ပုံများကို C-jes Entertainment မှ မျှဝေလာပါတယ်။ များသောအားဖြင့် Jin Ji Hee ကို ကလေးသရုပ်ဆောင်အဖြစ်သာ မြင်တွေ့ရတာကြောင့် ဇာတ်လမ်းတွဲ ကြိုက်နှစ်သက်သူ ပရိတ်သတ်တွေ မျက်စိထဲ ကလေးလေးတစ်ယောက်အဖြစ်သာ မှတ်မိနေခဲ့တာပါ။ ဒါပေမဲ့ Jin Ji Hee ဟာ ဒီနှစ်အတွင်းမှာပဲအသက် ၂၀ ပြည့်ပြီးအပျိုကြီးဖားဖားဖြစ်နေပြီဆိုတာ သက်သေပြလိုက်ပါပြီ။




Jin Ji Hee ဟာ ကလေးသရုပ်ဆောင်အနေနဲ့ ချစ်ဖို့ကောင်းခဲ့သလို လူကြီးဖြစ်လာတဲ့အခါမှာလဲ ကျက်သရေရှိတဲ့အလှတရားကို ပိုင်ဆိုင်ထားသူတစ်ဦးပါ။



နေမင်း၊ လမင်း၊ ကြယ်တစ်စင်းမှာ ချစ်ဖို့ကောင်းတဲ့ ခပ်ဆိုးဆိုး မင်းသမီးလေးဟာအခုဆိုရင် ကျက်သရေရှိတဲ့အလှတရားကိုပိုင်ဆိုင်ထားသူ မင်းသမီးတစ်လက်ဖြစ်လို့လာပါပြီ။




Source-koreaboo

(ပိုပိုလေး)








Some text some message..