ပါဝင်သရုပ်ဆောင်ထားသည့် ဇာတ်လမ်းတွဲမှ ထုတ်ပယ်ကြောင်းကြေညာခံလိုက်ရတဲ့ Kang Ji Hwan
popolay.com
|
2019-07-11

တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော်ရုပ်သံဇာတ်လမ်းတွဲ မင်းသားတစ်လက်ဖြစ်တဲ့ သရုပ်ဆောင် Kang Ji Hwan ဟာပြီးခဲ့တဲ့ ရက်ပိုင်းအနည်းငယ်က လုပ်ဖော်ကိုင်ဖက်အမျိုးသမီးနှစ်ဦးကို ကိုယ်ထိလက်ရောက် ကာမစော်ကားမှုဖြင့် ရဲဌာနမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာပဲဖြစ်ပါတယ်။ တစ်ဖန် TV Chosun ရုပ်သံလိုင်းမှာ စတင်ထုတ်လွှင့်ပြသနေတဲ့ Joseon Survival ရုပ်သံဇာတ်လမ်းတွဲမှာအဓိကဇာတ်ဆောင်နေရာမှ ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင် Kang Ji Hwan ဇာတ်လမ်းမှ ထုတ်ပယ်ကြောင်း ရိုက်ကူးရေးအေဂျင်စီ Huayi brothers korea မှကြေညာလိုက်ပြီပဲဖြစ်ပါတယ်။ Huayi Brothers မှ ဘယ်လို ထုတ်ပြန်ကြေညာသွားတယ်ဆိုတာအသေးစိတ်သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။


>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

Huayi Brothers Korea မှထုတ်ပြန်ကြေညာချက်

“မင်္ဂလာပါ TV Chosun မှာ ထုတ်လွှင့်ပြသမယ့် Joseon Survival ဇာတ်လမ်းတွဲ ရိုက်ကူးရေး ကုမ္ပဏီ Huayi Brothers Korea ဖြစ်ပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီမှ သရုပ်ဆောင် Kang Ji Hwan ကို ဇာတ်လမ်းတွဲမှ ထုတ်ပယ်လိုက်ပြီဖြစ်တာကြောင့် သူ့နေရာမှာအစားထိုးဖို့ သရုပ်ဆောင်အသစ်တစ်ယောက်အလိုရှိနေပါတယ်။ လက်ရှိဖြစ်ပေါ်လာတဲ့အခြေအနေအရ ထုတ်လွှင့်ပြသတာကို နှောင့်နှေးလိုက်ရတဲ့အတွက် ကြည့်ရှုသူတွေကိုအနူးအညွှတ်တောင်းပန်အပ်ပါတယ်။ မကြာခင်အမြန်ဆုံးပြသနိုင်ဖို့ ကြိုးစားသွားမှာပါ” ဆိုပြီး ထုတ်ပြန်ကြေညာလိုက်ပါတယ်။

လက်ရှိမှာ သရုပ်ဆောင် Kang Ji Hwan ဟာအမျိုးသမီး နှစ်ဦးကို ကာမစော်ကားမှုနဲ့ စစ်ဆေးခံနေရတာဖြစ်ပြီး ဒုတိယအကြိမ် စစ်ဆေးမေးမြန်းတဲ့အခါမှာလဲ ‘အရက်သောက်ပြီး ဘာမှ မမှတ်မိတော့ကြောင်း’ ကိုသာထပ်တလဲလဲ ထွက်ဆိုနေကြောင်း သိရပါတယ်။

Source-soompi

(ပိုပိုလေး)






Some text some message..