ကျန်းမာရေးအခြေအနေကြောင့်အလုပ်တွေရွှေ့လိုက်ရတဲ့ ဝတ်မှုန်ရွှေရည်
popolay.com
|
2019-07-11

တောင့်တင်းခိုင်မာတဲ့ ပရိသတ်အင်အားကိုရရှိထားပြီးအားလုံးရဲ့အချစ်တော် မင်းသမီးလေးတစ်ယောက်ဖြစ်တဲ့ ဝတ်မှုန်ရွှေရည်ကတော့ လက်ရှိအနုပညာလောကထဲမှာအောင်မြင်တဲ့ထိပ်တန်းသရုပ်ဆောင်အဖြစ်ရပ်တည်နေသူပါ။အမြဲတမ်းဖက်ရှင်ကျလှပနေတတ်ပြီး ပွဲအခမ်းအနားတွေတက်တိုင်းလဲ မိုးပေါ်ကနတ်သမီးလေးတစ်မျှ လှပလွန်းသူမို့ ပရိသတ်ကြီးက သူမကိုသဲသဲလှုပ်ချစ်နေကြရတာပါ။


>> Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ <<




အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်ပီပီအနုပညာအလုပ်တွေကို နေ့ညမပြတ် မအားမလပ်အောင်လုပ်ကိုင်နေရတဲ့ ဝတ်မှုန်ရွှေရည်ကတော့ လတ်တလောမှာ ကျန်းမာရေးကြောင့် သူမရဲ့အလုပ်တွေကိုရွှေ့ဆိုင်းထားတယ်လို့သိရပါတယ်။ ဖျားနာမှုတွေအဖြစ်များတဲ့ မိုးရာသီမှာ သူမရဲ့ပရိသတ်တွေကို ကျန်းမာရေးဂရုစိုက်ဖို့ ပြောကြားထားသလို သူမကိုယ်တိုင်လည်း နေမကောင်းဖြစ်နေတယ်လို့ဆိုပါတယ်။




နေမကောင်းဖြစ်နေတာကြောင့်အိပ်ရာထဲတောင် လဲသွားခဲ့ရပြီးအလုပ်တွေပါရွှေ့ဆိုင်းထားတယ်ဆိုတဲ့အကြောင်းကို သူမရဲ့ဖေ့စ်ဘွတ်အကောင့်ကနေ Live လွှင့်ပြီးပြောခဲ့တာဖြစ်ပါတယ်။ ဝတ်မှုန်ရွှေရည်က “ပရိသတ်တွေအားလုံးနေကောင်းလား၊ ကျန်းမာရေးဂရုစိုက်ကြပါ။ ကစ်ကတော့ နေမကောင်းဘူး၊အိပ်ရာထဲ ၂ ရက်လောက် လဲသွားပါတယ်။အခုလည်း နေမကောင်းသေးဘူးအဲဒါကြောင့်အလုပ်တွေတောင်အကုန်ရွှေ့လိုက်ရတယ်” ဆိုပြီး ပြောပြသွားခဲ့ပါတယ်။

ကျန်းမာရေးမကောင်းသေးတာကြောင့် မန္တလေးမှာပြုလုပ်မယ့် ဒဏ္ဍာရီမိုးရုပ်ရှင်ကားကြီး လက်မှတ်ထိုးပွဲမှာ ပါဝင်နိုင်တော့မည်မဟုတ်ကြောင်းနဲ့ ထိုအတွက်လည်း ပရိသတ်ကြီးကိုတောင်းပန်ကြောင်း ပြောသွားခဲ့ပါတယ်။ သူမအနေနဲ့ နေမကောင်းတာကြောင့်ရော၊ နောက်ထပ်ရိုက်ကူးမယ့်ရုပ်ရှင်အတွက်ပါအားမွေးရဦးမယ်လို့ဆိုပါတယ်။





ကစ်က “ကစ် မန္တလေးလက်မှတ်ထိုးပွဲကို လာလို့မရတော့ဘူး။ ပရိသတ်ကြီးအားလုံးကို တောင်းပန်ပါတယ်။ ကစ်အခုထက်ထိအဖျားမပျောက်သေးလို့ပါ။ ပြီးတော့ ရေစကြိုဘက်မှာ ရုပ်ရှင်သွားရိုက်စရာရှိတယ်။ “ဝတ်လဲတော် ရွှေပုဆိုး” ရုပ်ရှင်သွားရိုက်ရမှာ။ တကယ့်ကိုအဝေးကြီးသွားရမှာမို့အားမွေးနေရတယ်။ မြစ်ရဲ့တစ်ဖက်ကမ်းမှာ ရိုက်ရမှာဆိုတော့လေ ကုန်းတစ်တန်၊ ရေတစ်တန် ကားရော၊ သဘောၤနဲ့ရောဆိုတော့ ကစ်နည်းနည်းလေးအားယူနေပါတာပါ။ မန္တလေးက ပရိသတ်တွေကို ကစ်အရမ်းကိုတွေ့ချင်ပါတယ်” လို့ပြောသွားသလို ဒဏ္ဍာရီမိုးရုပ်ရှင်ကို ကြည့်ရှုအားပေးဖို့လည်း ဖိတ်ခေါ်သွားပါတယ်။





ကစ်ကိုချစ်တဲ့ ပရိသတ်ကြီးရေ… နာမည်ကြီးရုပ်ရှင်မင်းသားသုံးယောက်နဲ့အပြိုင် တွဲဖက်သရုပ်ဆောင်ထားတဲ့ ရွှေကစ်ရဲ့ ဒဏ္ဍာရီမိုး ရုပ်ရှင်ဇာတ်ကားကြီးက ယနေ့မှာပဲရုံတင်ပြသနေပြီမို့ သွားရောက်အားပေးဖို့အသင့်ဖြစ်နေကြပြီလား…



(ပိုပိုလေး)




Some text some message..