မတူးဟာဆိုရင်အနုပညာလောကမှာအောင်မြင်နေတဲ့ ဇာတ်ပို့ဇာတ်ရံ ဟာသမယ်သရုပ်ဆောင်တစ်ဦးဖြစ်သလို Missတစ်ယောက်လည်းဖြစ်ပါတယ်။ တရုတ်မှာကျင်းပတဲ့ girls mother ပွဲမှာတုန်းကအကဲဖတ်သူတစ်ယောက်အနေနဲ့ ပါဝင်ဆောင်ရွက်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ ဒီနှစ်ကျင်းပမယ့်အိမ်ထောင်သည် Miss ပြိုင်ပွဲမှာ Miss တစ်ယောက်အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီးတော့အနုပညာသမားဖြစ်တဲ့အတွက်အသက်ဆုံးရင်တောင် ကင်မရာ ရှေ့မှာပဲဆုံးချင်တယ်ဆိုတာကို ဖွင့်ဟပြောပြခဲ့တာဖြစ်ပါတယ်။
“Miss လုပ်မှာဆိုတော့ နည်းနည်းပိန်အောင်တော့ ကိုယ့်ကိုယ်ကို ထိန်းရတာပေါ့ ။ စားချင်တိုင်းစားလို့မရဘူး။အရပ်က Internationalအရပ်ဖြစ်နေတော့ ဒေါက်ဖိနပ်တော့ စီးနေရတယ်။ ဒေါက်ဖိနပ် စီးတော့ ဒူးကနာတယ်။အရင်နှစ်တုန်းက တရုတ်မှာကျင်းပတဲ့ girls mother ပွဲမှာတုန်းကအကဲဖတ်အဖြစ်ပါသွားတော့ မပြိုင်လိုက်ရဘူး။ ဒီနှစ်တော့ ပြိုင်ဖို့ကြိုးစားနေတယ်။အကဲဖတ်ထဲပါသွားရင်တော့ မလုပ်ရပြန်ဘူး။အိမ်ထောင်သည် Miss တွေကအိမ်ထောင်ကျသွားရင် ကိုယ့်ရဲ့ သားသမီးရေ လင်ယျောက်းအတွက်လုပ်နေရတဲ့အချိန်မှာ သူတို့ရဲ့ ကိုယ်ပိုင်အရည်အချင်းတွေကို ထုတ်ဖော်ပြချင်လို့ ပြီးတော့အဲလိုလုပ်နေရတဲ့အချိန်မှာကိုယ့်ကိုယ်ကို ကလေးလိုပဲ ပျော်စရာကောက်းလို့ပါ။အတွေ့အကြုံတွေအများကြီးရမှာမို့အိမ်ထောင်ရှင်မတွေကိုလည်းအန်တီကဖိတ်ခေါ်ပါတယ်” ဆိုပြီးတော့အိမ်ထောင်သည် Miss ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အိမ်ထောင်ရှင်မတွေကို ဖိတ်ခေါ်ထားတာဖြစ်ပါတယ်။
“ပရိသတ် တွေက မတူးကို ဟာသသရုပ်နဲ့အားပေးလို့ ရသလို Miss တစ်ယောက်အနေနဲ့လည်းအားပေးလို့ရတဲ့ သူတစ်ယောက်အနေဲ့လည်းအားပေးလို့ရပါတယ်။ ဘယ်လိုပဲဖြစဖြစ်အနုပညာသမားဖြစ်တဲ့အတွက်အသက်ဆုံးရင်တောင် ကင်မရာ ရှေ့မှာပဲဆုံးချင်လို့ ဆုံးဖြတ်ထားပါတယ်” ဆိုပြီးတော့လည်း သူ့ရဲ့နောက်ဆုံးခရီးကို ရောက်ရင်တောင် ကင်မရာရှေ့မှာပဲ ဆုံးချင်တယ်ဆိုပြီးတော့ ပြောပြခဲ့တာဖြစ်ပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေအိမ်ထောင်သည် Miss ပြိုင်ပွဲမှာ Miss တစ်ယောက်အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တဲ့ မတူးကိုအားပေးကြမယ်မဟုတ်လား မှတ်ချက်လေးပြေပြခဲ့ပါဦး။

ချစ်သဲမေ @CeleGabar / Source : Myanmar Celebrity

ယူနီကုတ်ဖြင့်ဖတ်ရန်
“အနုပညာသမားဖြစ်တဲ့အတွက် အသက်ဆုံးရင်တောင် ကင်မရာ ရှေ့မှာပဲဆုံးချင်တယ်လို့ ဆိုလာတဲ့ မတူး”
မတူးဟာဆိုရင် အနုပညာလောကမှာ အောင်မြင်နေတဲ့ ဇာတ်ပို့ဇာတ်ရံ ဟာသမယ်သရုပ်ဆောင်တစ်ဦးဖြစ်သလို Missတစ်ယောက်လည်းဖြစ်ပါတယ်။ တရုတ်မှာကျင်းပတဲ့ girls mother ပွဲမှာတုန်းက အကဲဖတ်သူတစ်ယောက်အနေနဲ့ ပါဝင်ဆောင်ရွက်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ ဒီနှစ်ကျင်းပမယ့် အိမ်ထောင်သည် Miss ပြိုင်ပွဲမှာ Miss တစ်ယောက်အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီးတော့ အနုပညာသမားဖြစ်တဲ့အတွက် အသက်ဆုံးရင်တောင် ကင်မရာ ရှေ့မှာပဲဆုံးချင်တယ်ဆိုတာကို ဖွင့်ဟပြောပြခဲ့တာဖြစ်ပါတယ်။
“Miss လုပ်မှာဆိုတော့ နည်းနည်းပိန်အောင်တော့ ကိုယ့်ကိုယ်ကို ထိန်းရတာပေါ့ ။ စားချင်တိုင်းစားလို့မရဘူး။ အရပ်က International အရပ်ဖြစ်နေတော့ ဒေါက်ဖိနပ်တော့ စီးနေရတယ်။ ဒေါက်ဖိနပ် စီးတော့ ဒူးကနာတယ်။ အရင်နှစ်တုန်းက တရုတ်မှာကျင်းပတဲ့ girls mother ပွဲမှာတုန်းက အကဲဖတ်အဖြစ်ပါသွားတော့ မပြိုင်လိုက်ရဘူး။ ဒီနှစ်တော့ ပြိုင်ဖို့ကြိုးစားနေတယ်။ အကဲဖတ်ထဲပါသွားရင်တော့ မလုပ်ရပြန်ဘူး။ အိမ်ထောင်သည် Miss တွေက အိမ်ထောင်ကျသွားရင် ကိုယ့်ရဲ့ သားသမီးရေ လင်ယျောက်းအတွက်လုပ်နေရတဲ့အချိန်မှာ သူတို့ရဲ့ ကိုယ်ပိုင်အရည်အချင်းတွေကို ထုတ်ဖော်ပြချင်လို့ ပြီးတော့အဲလိုလုပ်နေရတဲ့အချိန်မှာကိုယ့်ကိုယ်ကို ကလေးလိုပဲ ပျော်စရာကောက်းလို့ပါ။ အတွေ့အကြုံတွေအများကြီးရမှာမို့ အိမ်ထောင်ရှင်မတွေကိုလည်းအန်တီကဖိတ်ခေါ်ပါတယ်” ဆိုပြီးတော့ အိမ်ထောင်သည် Miss ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အိမ်ထောင်ရှင်မတွေကို ဖိတ်ခေါ်ထားတာဖြစ်ပါတယ်။
“ပရိသတ် တွေက မတူးကို ဟာသသရုပ်နဲ့ အားပေးလို့ ရသလို Miss တစ်ယောက်အနေနဲ့လည်း အားပေးလို့ရတဲ့ သူတစ်ယောက်အနေဲ့လည်းအားပေးလို့ရပါတယ်။ ဘယ်လိုပဲဖြစဖြစ် အနုပညာသမားဖြစ်တဲ့အတွက် အသက်ဆုံးရင်တောင် ကင်မရာ ရှေ့မှာပဲဆုံးချင်လို့ ဆုံးဖြတ်ထားပါတယ်” ဆိုပြီးတော့လည်း သူ့ရဲ့နောက်ဆုံးခရီးကို ရောက်ရင်တောင် ကင်မရာရှေ့မှာပဲ ဆုံးချင်တယ်ဆိုပြီးတော့ ပြောပြခဲ့တာဖြစ်ပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ အိမ်ထောင်သည် Miss ပြိုင်ပွဲမှာ Miss တစ်ယောက်အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တဲ့ မတူးကို အားပေးကြမယ်မဟုတ်လား မှတ်ချက်လေးပြေပြခဲ့ပါဦး။
ချစ်သဲမေ @CeleGabar / Source : Myanmar Celebrity