“သူရဲ့အမိုက်စားဇိမ်ခံကားကို ကိုယ်တိုင်ပြင်ဆင်ဖန်တီးခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်”
celegabar.com
|
2019-07-18



စိုင်းစိုင်းလို့ ပရိသတ်တွေက ချစ်စနိုးခေါ်တဲ့ စိုင်းစိုင်းခမ်းလှိုင်းကတော့အောင်မြင်နေတဲ့အဆိုတော်တစ်ယောက်ဖြစ်သလို ၊ သရုပ်ဆောင်တစ်ယောက်လည်းဖြစ်ပါတယ်။ စာရေးရတာကို ဝါသနာပါသူတစ်ယောက်ဖြစ်သလို သီချင်းထုတ်ဝေသူတစ်ဦးလို့လည်း ဆိုရမှာပါ။အနုပညာလောကကို မော်ဒယ်တစ်ယောက်အဖြစ်စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီးတော့ ဂျွန်လွင်မော်ဒယ်အေဂျင်စီရဲ့ မော်ဒယ်တစ်ယောက်အနေနဲ့အနုပညာအသက်မွေးဝမ်းကြောင်းကို စတင်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။




စိုင်းစိုင်းဟာဆိုရင်တော့ ကိုုယ်ပိုင်ဖြစ်တဲ့ Franzo Production ကို တည်ထာင်ထားတာဖြစ်ပြီးတော့ ကိုယ်ပိုင်သီချင်းကောင်းတွေကို ထုတ်ဝေနေသူလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ သူပိုင်ဆိုင်တဲ့အံစာတုံး Hi Aceအမျိုးအစား ကားကိုရောင်းထုတ်ဖို့ ကြိုးစားခဲ့ပြီး ဝယ်သူကပေးတဲ့ ဈေးနည်းတာကြောင့် ကားကို မရောင်းဖြစ်တော့ဘဲ သူ့ရဲ့ ကိုယ်ပိုင်ဇိမ်ခံကားတစ်စီးအဖြစ် ပြောင်းလဲလိုက်ကြောင်း သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာထက်ကနေ ဖော်ပြထားတာဖြစ်ပါတယ်။





သူကိုယ်တိုင် ထုတ်လိုက်တဲ့အမိုက်စား ဇိမ်ခံကားနဲ့ ပတ်သက်ပြီးတော့ “သိန်း (၁၅၀) နဲ့ဆို ဈေးကွက်မှာ Probox တောင်ပြန်ဝယ်လို့မရဘူး။အဲဒါနဲ့ မထူးဘူးဆိုပြီးအတွင်းခန်းကို မီးအလှဆင်ပြီး ထိုင်ခုံအသစ်ဝယ်တပ်ပစ်လိုက်တယ်။ပြီးတော့ Shooting သုံးဖို့ဆိုတော့ Samsung TV တစ်လုံးတပ်တယ်။အဲဒါသူတို့ပြောတဲ့ဇိမ်ခံကားအမိုက်စားဆိုတာကြီးဖြစ်ကရော တကတည်းမှဘဲဗျာ ။ဘာပြောရမှန်းတောင်မသိတော့ဘူး” ဆိုပြီးတော့ ရင်ဖွင့်ပြောပြခဲ့တာဖြစ်ပါတယ်။ဆယ်လီကမ္ဘာပရိသတ်ကြီးရေ ဇိမ်ခံကားအမိုက်စားကားကို ထုတ်လုပ်လိုက်တဲ့ စိုင်းစိုင်းအတွက် ဂုဏ်ပြုစကားလေး ပြောပြခဲ့ပါဦး ။


ချစ်သဲမေ @CeleGabar / Source :Sai Sai Kham Leng


ယူနီကုတ်ဖြင့်ဖတ်ရန်

“သူရဲ့ အမိုက်စားဇိမ်ခံကားကို ကိုယ်တိုင်ပြင်ဆင်ဖန်တီးခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်”

စိုင်းစိုင်းလို့ ပရိသတ်တွေက ချစ်စနိုးခေါ်တဲ့ စိုင်းစိုင်းခမ်းလှိုင်းကတော့ အောင်မြင်နေတဲ့ အဆိုတော်တစ်ယောက်ဖြစ်သလို ၊ သရုပ်ဆောင်တစ်ယောက်လည်းဖြစ်ပါတယ်။ စာရေးရတာကို ဝါသနာပါသူတစ်ယောက်ဖြစ်သလို သီချင်းထုတ်ဝေသူတစ်ဦးလို့လည်း ဆိုရမှာပါ။ အနုပညာလောကကို မော်ဒယ်တစ်ယောက်အဖြစ်စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီးတော့ ဂျွန်လွင်မော်ဒယ် အေဂျင်စီရဲ့ မော်ဒယ်တစ်ယောက်အနေနဲ့ အနုပညာအသက်မွေးဝမ်းကြောင်းကို စတင်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။




စိုင်းစိုင်းဟာဆိုရင်တော့ ကိုယ်ပိုင်ဖြစ်တဲ့ Franzo Production ကို တည်ထာင်ထားတာဖြစ်ပြီးတော့ ကိုယ်ပိုင်သီချင်းကောင်းတွေကို ထုတ်ဝေနေသူလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ သူပိုင်ဆိုင်တဲ့ အံစာတုံး Hi Ace အမျိုးအစား ကားကိုရောင်းထုတ်ဖို့ ကြိုးစားခဲ့ပြီး ဝယ်သူကပေးတဲ့ ဈေးနည်းတာကြောင့် ကားကို မရောင်းဖြစ်တော့ဘဲ သူ့ရဲ့ ကိုယ်ပိုင်ဇိမ်ခံကားတစ်စီးအဖြစ် ပြောင်းလဲလိုက်ကြောင်း သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာထက်ကနေ ဖော်ပြထားတာဖြစ်ပါတယ်။


သူကိုယ်တိုင် ထုတ်လိုက်တဲ့ အမိုက်စား ဇိမ်ခံကားနဲ့ ပတ်သက်ပြီးတော့ “သိန်း (၁၅၀) နဲ့ဆို ဈေးကွက်မှာ Probox တောင်ပြန်ဝယ်လို့မရဘူး။အဲဒါနဲ့ မထူးဘူးဆိုပြီး အတွင်းခန်းကို မီးအလှဆင်ပြီး ထိုင်ခုံအသစ်ဝယ်တပ်ပစ်လိုက်တယ်။ပြီးတော့ Shooting သုံးဖို့ဆိုတော့ Samsung TV တစ်လုံးတပ်တယ်။အဲဒါသူတို့ပြောတဲ့ဇိမ်ခံကားအမိုက်စားဆိုတာကြီးဖြစ်ကရော တကတည်းမှဘဲဗျာ ။ဘာပြောရမှန်းတောင်မသိတော့ဘူး” ဆိုပြီးတော့ ရင်ဖွင့်ပြောပြခဲ့တာဖြစ်ပါတယ်။ဆယ်လီကမ္ဘာပရိသတ်ကြီးရေ ဇိမ်ခံကားအမိုက်စားကားကို ထုတ်လုပ်လိုက်တဲ့ စိုင်းစိုင်း အတွက် ဂုဏ်ပြုစကားလေး ပြောပြခဲ့ပါဦး ။
ချစ်သဲမေ @CeleGabar / Source :Sai Sai Kham Leng




Some text some message..