ပရိသတ်အချစ်တော်တစ်ဦးဖြစ်တဲ့အူဝဲရဲ့ တူမလေးဖြစ်တဲ့ မေတိုးခိုင်ကတော့ ခုဆိုရင်အောင်မြင်နေတဲ့အနုပညာရှင်တစ်ယောက်လို့ဆိုနိုင်ပါတယ် ။ ရူးအောင်ချစ်မယ့်သူဆိုတဲ့ကားလေးမှာ တီအူဝဲ ကိုနေတိုး တို့နဲ့အတူသရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။အဲကားလေးမှာ တီဝဲကအဒေါ်တစ်ယောက်မဟုတ်ဘဲ စီနီယာတစ်ယောက်လို ဖြစ်သွားတော့ ရှိန်တယ် ဆိုတဲ့အကြောင်းကို Myanmar Celebrity မီဒီယာကို ပြောပြခဲ့တာပဲဖြစ်ပါတယ်။
” တီဝဲကိုရိုက်ကွင်းပေါ်ရောက်ရင်ရှိန်တယ် ဘာလို့ဆိုတော့ ရိုက်ကွင်းရောက်ရင်အဒေါ်တစ်ယောက်မဟုတ်တော့ဘဲနဲ့ ကိုယ့်ရဲ့စီနီယာတစ်ယောက်ဖြစ်သွားတယ် ဘေးကနေ စီနီယာသဘောမျိုးနဲ့ သင်ပေးတယ်ဆိုတော့ရှိန်တယ် ။ တီဝဲကလည်း ရုပ်ရှင်ရိုက်နေ ဦးတီကလည်းမရှိဘူးဆိုတော့ ညီမလေးတွေက ဖူးနဲ့နေတာဆိုတော် ခုလောလောဆယ်တော့ ကလေးထိန်းဖြစ်နေတယ် ။ ဖိုးတီကသီချင်းကိုလိုက်ပြီးတော့ ကတတ်တယ် သုသုကတော့ ပန်းချီးဘက်မှာပိုပြီးတော့ တော်ပါတယ်။ သူတို့နဲ့နေရတော့ စိတ်ညစ်စရာမရှိဘူး ။ထိန်းပြီးတော့အတူတူနေရတာလည်းပျော်ပါတယ်” ဆိုပြီးတော့လည်း တီအူဝဲကို ရိုက်ကွင်းမှာ ရှိန်တယ်ဆိုတာရော ကလေးတွေနဲ့နေရတာပျော်တယ် ဆိုတာကိုပြောပြပြီးနောက်
ကိုနေတိုးက ဘက်စုံးထူးချွန်တဲ့ သူတစ်ယောက်ဖြစ်တယ်ဆိုတာကိုလည်း “ပန်ချီဆွဲဖို့ထိုင်ပေးစရာမလိုဘူး ဓာတ်ပံလေးရိုက်ပြီးတော့အဲပုံလေးကိုကြည့်ပြီထိုင်ဆွဲတာဆိုတော့ မထင်ထညးဘူးမရမ်းတူတာ။ ကိုနေတိုးကစွဲစုံရ ပန်းချီလည်းဆွဲတတ်တယ် သီချင်းလည်းဆိုတတ်တယ် တကယ်ကို ထူးချွန်တဲ့အနုပညာသမားတစ်ယောက်ပါ။အသစ်တစ်ယောက်ဖြစ်နေပေမယ့် မူ့မရဘူးဆိုရင် ဘေးကနေ သေချာလေးလက်တွဲခေါ်ပါတယ်” ဆိပြီးတော့ပြောပြထားတာပဲဖြစ်ပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ စီနီယာတစ်ယောက်လို ဖြစ်သွားတော့ တီဝဲကို ရှိန်တယ်လို့ ဆိုလာတဲ့ မေတိုးခိုင်အတွက်မှတ်ချက်လေးရေးပေးခဲ့ပါဦး။

ချစ်သဲမေ @CeleGabar / Source : Myanmar Celebrity

ယူနီကုတ်ဖြင့်ဖတ်ရန်
ရိုက်ကွင်းမှာ တီဝဲက အဒေါ်တစ်ယောက်မဟုတ်ဘဲ စီနီယာတစ်ယောက်လို ဖြစ်သွားတော့ ရှိန်တယ်လို့ ဆိုလာတဲ့ မေတိုးခိုင်
ပရိသတ်အချစ်တော်တစ်ဦးဖြစ်တဲ့ အူဝဲရဲ့ တူမလေးဖြစ်တဲ့ မေတိုးခိုင်ကတော့ ခုဆိုရင် အောင်မြင်နေတဲ့အနုပညာရှင်တစ်ယောက်လို့ဆိုနိုင်ပါတယ် ။ ရူးအောင်ချစ်မယ့်သူဆိုတဲ့ကားလေးမှာ တီအူဝဲ ကိုနေတိုး တို့နဲ့အတူသရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ အဲကားလေးမှာ တီဝဲက အဒေါ်တစ်ယောက်မဟုတ်ဘဲ စီနီယာတစ်ယောက်လို ဖြစ်သွားတော့ ရှိန်တယ် ဆိုတဲ့အကြောင်းကို Myanmar Celebrity မီဒီယာကို ပြောပြခဲ့တာပဲဖြစ်ပါတယ်။
” တီဝဲကိုရိုက်ကွင်းပေါ်ရောက်ရင်ရှိန်တယ် ဘာလို့ဆိုတော့ ရိုက်ကွင်းရောက်ရင် အဒေါ်တစ်ယောက်မဟုတ်တော့ဘဲနဲ့ ကိုယ့်ရဲ့စီနီယာတစ်ယောက်ဖြစ်သွားတယ် ဘေးကနေ စီနီယာသဘောမျိုးနဲ့ သင်ပေးတယ်ဆိုတော့ရှိန်တယ် ။ တီဝဲကလည်း ရုပ်ရှင်ရိုက်နေ ဦးတီကလည်းမရှိဘူးဆိုတော့ ညီမလေးတွေက ဖူးနဲ့နေတာဆိုတော် ခုလောလောဆယ်တော့ ကလေးထိန်းဖြစ်နေတယ် ။ ဖိုးတီကသီချင်းကိုလိုက်ပြီးတော့ ကတတ်တယ် သုသုကတော့ ပန်းချီးဘက်မှာပိုပြီးတော့ တော်ပါတယ်။ သူတို့နဲ့နေရတော့ စိတ်ညစ်စရာမရှိဘူး ။ထိန်းပြီးတော့ အတူတူနေရတာလည်းပျော်ပါတယ်” ဆိုပြီးတော့လည်း တီအူဝဲကို ရိုက်ကွင်းမှာ ရှိန်တယ်ဆိုတာရော ကလေးတွေနဲ့နေရတာပျော်တယ် ဆိုတာကိုပြောပြပြီးနောက်
ကိုနေတိုးက ဘက်စုံးထူးချွန်တဲ့ သူတစ်ယောက်ဖြစ်တယ်ဆိုတာကိုလည်း “ပန်ချီဆွဲဖို့ထိုင်ပေးစရာမလိုဘူး ဓာတ်ပံလေးရိုက်ပြီးတော့ အဲပုံလေးကိုကြည့်ပြီထိုင်ဆွဲတာဆိုတော့ မထင်ထညးဘူးမရမ်းတူတာ။ ကိုနေတိုးကစွဲစုံရ ပန်းချီလည်းဆွဲတတ်တယ် သီချင်းလည်းဆိုတတ်တယ် တကယ်ကို ထူးချွန်တဲ့ အနုပညာသမားတစ်ယောက်ပါ။ အသစ်တစ်ယောက်ဖြစ်နေပေမယ့် မူ့မရဘူးဆိုရင် ဘေးကနေ သေချာလေးလက်တွဲခေါ်ပါတယ်” ဆိပြီးတော့ပြောပြထားတာပဲဖြစ်ပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ စီနီယာတစ်ယောက်လို ဖြစ်သွားတော့ တီဝဲကို ရှိန်တယ်လို့ ဆိုလာတဲ့ မေတိုးခိုင် အတွက်မှတ်ချက်လေးရေးပေးခဲ့ပါဦး။
ချစ်သဲမေ @CeleGabar / Source : Myanmar Celebrity