အနန္တ ရုပ်ရှင်ဇာတ်ကားကြီးဟာ မြန်မာနိုင်ငံမှာ ဘယ်ထုတ်လုပ်ရေး နဲ့ ဒါရိုက်တာတွေမှ မရိုက်ကူးရသေးတဲ့ သိပ္ပံရုပ်ရှင်အမျိုးအစားဖြစ်ပြီး ရုပ်ရှင်ချစ်ပရိသတ်တွေ မြင်တွေ့နေကျအချစ် ၊ ဒရမ်မာ ၊ ဟာသ ဇာတ်လမ်းတွေနဲ့ လုံးဝကွဲထက်နေတဲ့ ဇာတ်လမ်းဇာတ်အိမ်ခိုင်မာသော ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားဖြစ်ပါတယ်။အနန္တ ရဲ့အဓိက ဇာတ်ကောင်ကာရိုက်တာ တစ်ခုဖြစ်တဲ့ Notra ကို ဖန်တီးမှုမှာလည်းအရမ်းကို ခက်ခဲကြမ်းတမ်းတဲ့ ပေးဆပ်မှုတွေနဲ့ သရုပ်ဆောင်ဖြစ်သူ သက်ထားဝေဇင်ဘက်က သဘောတူလက်ခံကာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။
မည်းနက်ပြီးပြာနေတဲ့အသားရေ မျိုးနဲ့ ဆံပင်မပါ ၊ မျက်ခုံးမွှေးမပါ နဲ့အနန္တရဲ့ စိတ်စွမ်းအားရှင် Notra ကာရိုက်တာဖြစ်လာဖို့အတွက် သရုပ်ဆောင် မင်းသမီးဖြစ်သူ သက်ထားဝေဇင်ဟာ သူမရဲ့ ဆံပင်အားလုံးကိုအကုန်စွန့်လွတ်ကာ ခေါင်းတုံးတုံးခဲ့ရပြီး သူမရဲ့မျက်ခုံးမွှေးတွေကိုလည်းအကုန်ရိတ်ပစ်ခဲ့ရပါတယ်။ Special Makeup Effect (မိတ်ကပ်အထူးဖန်တီးမှု) မှာလည်းအချိန်(၂)နာရီကျော် ဖန်တီးခဲ့ရပြီးအသားအရည်ဖြူဖြူချောချောနဲ့ ချစ်စရာကောင်းတဲ့ မင်းသမီး သက်ထားဝေဇင်ရဲ့ ရုပ်ရည် လုံး၀ ပျောက်သွားခဲ့ပြီး Notra ကာရိုက်တာ လုံးလုံးထွက်ပေါ်လာခဲ့ပါတယ်။
Special Makeup Effect (မိတ်ကပ်အထူးဖန်တီးမှု) ရဲ့ ပညာရှင် ကတော့ ဆရာမကြီး ဒေါ်ကျင်ပို့(Fancy House ) ဖြစ်ပြီး ဖန်တီးမှုကအံံမခန်းလို့ ဆိုနိုင်သလို ဇာတ်အိမ်တစ်ခုလုံးအတွက် ဇာတ်ကောင်တိုင်းကအရေးပါလှတာမို့အနန္တရဲ့ Notra ဖန်တီးမှု ဟာလည်းအတော်လေးအားထုတ်ခဲ့ရသလို မင်းသမီးဘက်ကလည်းအများကြီးပေးဆပ်ခဲ့ရတယ်လို့ ဆိုရမှာပါနော်..။အနန္တ ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ လာမဲ့ ဇူလှိုင်လ(၄)ရက်နေ့မှာ မြန်မာနိုင်ငံလုံးအနေအထားနဲ့ ရုံတင်ပြသမှာဖြစ်ပြီး လက်ရှိမှာ စိတ်ဝင်စားမှုမြင့်တက်နေတဲ့ ဒီရုပ်ရှင်ဇာတ်ကားကြီးရဲ့ ကြိုတင်လက်မှတ်တွေတောင် ကုန်သလောက် နီးပါးဖြစ်နေတာမို့အမြန်လက်ဦးမှု ရယူထားဖို့ လိုမယ်နော်.. ဆယ်လီကမ္ဘာပရိသတ်ကြီးရေ….
အနန္တ ရုပ်ရှင်ထဲက Notra ဖြစ်လာဖို့ ကတုံးတုံးပြီး မျက်ခုံးမွှေးတွေပါ ရိတ်ပစ်ခဲ့ရတဲ့ မင်းသမီးသက်ထားဝေဇင်
အနန္တ ရုပ်ရှင်ဇာတ်ကားကြီးဟာ မြန်မာနိုင်ငံမှာ ဘယ်ထုတ်လုပ်ရေး နဲ့ ဒါရိုက်တာတွေမှ မရိုက်ကူးရသေးတဲ့ သိပ္ပံရုပ်ရှင်အမျိုးအစားဖြစ်ပြီး ရုပ်ရှင်ချစ်ပရိသတ်တွေ မြင်တွေ့နေကျ အချစ် ၊ ဒရမ်မာ ၊ ဟာသ ဇာတ်လမ်းတွေနဲ့ လုံးဝကွဲထက်နေတဲ့ ဇာတ်လမ်းဇာတ်အိမ်ခိုင်မာသော ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားဖြစ်ပါတယ်။ အနန္တ ရဲ့ အဓိက ဇာတ်ကောင်ကာရိုက်တာ တစ်ခုဖြစ်တဲ့ Notra ကို ဖန်တီးမှုမှာလည်း အရမ်းကို ခက်ခဲကြမ်းတမ်းတဲ့ ပေးဆပ်မှုတွေနဲ့ သရုပ်ဆောင်ဖြစ်သူ သက်ထားဝေဇင်ဘက်က သဘောတူလက်ခံကာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။
မည်းနက်ပြီးပြာနေတဲ့ အသားရေ မျိုးနဲ့ ဆံပင်မပါ ၊ မျက်ခုံးမွှေးမပါ နဲ့ အနန္တရဲ့ စိတ်စွမ်းအားရှင် Notra ကာရိုက်တာဖြစ်လာဖို့ အတွက် သရုပ်ဆောင် မင်းသမီးဖြစ်သူ သက်ထားဝေဇင်ဟာ သူမရဲ့ ဆံပင် အားလုံးကို အကုန်စွန့်လွတ်ကာ ခေါင်းတုံးတုံးခဲ့ရပြီး သူမရဲ့မျက်ခုံးမွှေးတွေကိုလည်း အကုန်ရိတ်ပစ်ခဲ့ရပါတယ်။ Special Makeup Effect (မိတ်ကပ်အထူးဖန်တီးမှု) မှာလည်း အချိန်(၂)နာရီကျော် ဖန်တီးခဲ့ရပြီး အသားအရည်ဖြူဖြူချောချောနဲ့ ချစ်စရာကောင်းတဲ့ မင်းသမီး သက်ထားဝေဇင်ရဲ့ ရုပ်ရည် လုံး၀ ပျောက်သွားခဲ့ပြီး Notra ကာရိုက်တာ လုံးလုံးထွက်ပေါ်လာခဲ့ပါတယ်။
Special Makeup Effect (မိတ်ကပ်အထူးဖန်တီးမှု) ရဲ့ ပညာရှင် ကတော့ ဆရာမကြီး ဒေါ်ကျင်ပို့(Fancy House ) ဖြစ်ပြီး ဖန်တီးမှုက အံံမခန်းလို့ ဆိုနိုင်သလို ဇာတ်အိမ်တစ်ခုလုံးအတွက် ဇာတ်ကောင်တိုင်းက အရေးပါလှတာမို့ အနန္တရဲ့ Notra ဖန်တီးမှု ဟာလည်း အတော်လေး အားထုတ်ခဲ့ရသလို မင်းသမီးဘက်ကလည်း အများကြီးပေးဆပ်ခဲ့ရတယ်လို့ ဆိုရမှာပါနော်..။ အနန္တ ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ လာမဲ့ ဇူလှိုင်လ(၄)ရက်နေ့မှာ မြန်မာနိုင်ငံလုံးအနေအထားနဲ့ ရုံတင်ပြသမှာဖြစ်ပြီး လက်ရှိမှာ စိတ်ဝင်စားမှုမြင့်တက်နေတဲ့ ဒီရုပ်ရှင်ဇာတ်ကားကြီးရဲ့ ကြိုတင်လက်မှတ်တွေတောင် ကုန်သလောက် နီးပါးဖြစ်နေတာမို့ အမြန်လက်ဦးမှု ရယူထားဖို့ လိုမယ်နော်.. ဆယ်လီကမ္ဘာပရိသတ်ကြီးရေ….