မခိုင်လေးကတော့ ဒါရိုက်တာ ဇင်ယော်မောင်မောင်ရဲ့” မိုးယံသို့ လွင့်ပျံစေမယ့် ကေသရာဇာတို့၏အားမာန် ” ဇာတ်ကားဖြင့် ရုပ်ရှင်လောကထဲသို့ စတင်ရောက်ရှိလာသူ ဖြစ်ပြီး ဆယ်စုနှစ်တစ်ခုအကြာအထိ ပရိသတ်အားပေးမှုကို ရရှိထားတဲ့အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။မခိုင်လေးကတော့ မြန်မာရုပ်ရှင်လောကမှာ နာမည်ပျက်မရှိတဲ့အနုပညာရှင်မင်းသမီးတစ်ယောက်ဖြစ်ပြီး မြန်ရုပ်ရှင်ထူးချွန်ဆု ဖြစ်တဲ့အကယ်ဒမီ (၂)ခုကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ပရိသတ်တွေကလည်း ကလေးလူကြီးမရွေးသဘောကျတဲ့ ဝါရင့်မင်းသမီးတစ်ဦးပဲ ဖြစ်သလိုအခုချိန်ထိ ငယ်ရွယ်နုပျိုတဲ့အလှကိုပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။
အလိုလိုက်ပြီးအဘက်ဘက်ကပါရမီဖြည့်ပေးတဲ့အိမ်ထောင်ဘက်ကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပြီး သူမရဲ့တစ်ဦးတည်းသော သမီးလေး ထိပ်ထိပ်ဟာဆိုရင် သူမရဲ့အနုပညာပါရမီအမွေကို ဆက်ခံထားနိုင်တာတဲ့အပြင်အနုပညာအလုပ်တွေကိုလည်းလုပ်ဆောင်လျက်ရှိတာပဲ ဖြစ်ပါတယ်။ကျရာဇာတ်ရုပ်ကိုပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့အနုပညာရှင်တစ်ဦးဖြစ်ပြီး တက်သစ်စ သရုပ်ဆောင်တွေကိုလည်း လက်တွဲခေါ်ယူဖေးမတတ်တဲ့ ဝါရင့်မင်းသမီးတစ်လက်လည်း ဖြစ်သလို လုပ်ဖော်ကိုင်ဖက်ဘက်အနုပညာ ရှင်တွေနဲ့လည်း မောင်နှမသဖွယ် နွေးနွေးထွေးထွေးဆက်ဆံ လေ့ရှိတဲ့ လူမှုဆက်ဆံရေးကောင်းမွန်တဲ့ သူတစ်ယောက်ဆိုလဲမမှားပါဘူးနော်။
လတ်တလောမှာ သူမပါဝင်ရိုက်ကူးထားတဲ့ ” စိန်ဂေါ်လီမ ” ရုပ်ရှင်ဇာတ်ကားကြီးက ရုံတင်တာနဲ့ ပရိသတ်တွေအားပေးကြမ်းခဲ့ကြတာပဲ ဖြစ်ပါတယ်။ထိုရုပ်ရှင်ဇာတ်ကားကြီးကတော့ဟာသရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပြီး ပရိသတ်တွေ ဝါးလုံးကွဲအောင် ရယ်မောစေမယ့်ကားတစ်ကားပဲ ဖြစ်ပါတယ်။ မထွက်ခင် ထွေလာမှာထဲက ပရိသတ်တွေပါးစပ်ဖျားမှာ ရေပန်းစားပြီး ပရိသတ်စိတ်ဝင်စားခဲ့တဲ့ကားတစ်ကားပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအားပေးကြမ်းခဲ့တာနဲ့ပတ်သက်ပြီး မခိုင်လေးက ” စိန်ဂေါ်လီမလေးအရမ်းကိုပျော်နေပါပြီနော်။ ပွဲစဉ်တိုင်းရုံအပြည့်ခုံထိုးလတ်မှတ်တွေပါမကျန်၊ သမ္မတလိုရုံကြီးတွေမှာပါပြည့်လျှံသွားအောင်အားပေးကြမ်းတဲ့ချစ်ပရိတ်သတ်ကြီးကိုစိန်ဂေါ်လီမလေးကကျေးဇူးအများကြီးတင်ပါတယ်နော်။ ” ဆိုပြီး ပရိသတ်တွေကို ကျေးဇူးတင်စကားပြောထားတာပဲ ဖြစ်ပါတယ်။ CeleGabar ပရိသတ်ကြီးရော ” စိန်ဂေါ်လီမ ” ရုပ်ရှင်ဇာတ်ကားကြီးထဲက စိန်ဂေါ်လီမဖြစ်တဲ့ မခိုင်လေးကို သွားအားပေးပြီးပြီလားဆိုတာ မှတ်ချက်ပေးခဲ့ပါဦးနော်။
Source : Khine Thin Kyi
Shwe Poe @CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်
“စိန်ဂေါ်လီမကို ပွဲစဉ်တိုင်း ရုံးအပြည့် အပြင် ခုံတွေမလောက်လို့ ခုံထိုးတွေနဲ့ပါ အားပေးခဲ့လို့ ဝမ်းသာကြည်နူးနေတဲ့ မခိုင်လေး”
မခိုင်လေးကတော့ ဒါရိုက်တာ ဇင်ယော်မောင်မောင်ရဲ့” မိုးယံသို့ လွင့်ပျံစေမယ့် ကေသရာဇာတို့၏ အားမာန် ” ဇာတ်ကားဖြင့် ရုပ်ရှင်လောကထဲသို့ စတင်ရောက်ရှိလာသူ ဖြစ်ပြီး ဆယ်စုနှစ်တစ်ခုအကြာအထိ ပရိသတ်အားပေးမှုကို ရရှိထားတဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။မခိုင်လေးကတော့ မြန်မာရုပ်ရှင်လောကမှာ နာမည်ပျက်မရှိတဲ့ အနုပညာရှင်မင်းသမီးတစ်ယောက်ဖြစ်ပြီး မြန်ရုပ်ရှင်ထူးချွန်ဆု ဖြစ်တဲ့ အကယ်ဒမီ (၂)ခုကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ပရိသတ်တွေကလည်း ကလေးလူကြီးမရွေးသဘောကျတဲ့ ဝါရင့်မင်းသမီးတစ်ဦးပဲ ဖြစ်သလို အခုချိန်ထိ ငယ်ရွယ်နုပျိုတဲ့အလှကိုပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။
အလိုလိုက်ပြီး အဘက်ဘက်ကပါရမီဖြည့်ပေးတဲ့ အိမ်ထောင်ဘက်ကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပြီး သူမရဲ့တစ်ဦးတည်းသော သမီးလေး ထိပ်ထိပ်ဟာဆိုရင် သူမရဲ့အနုပညာပါရမီအမွေကို ဆက်ခံထားနိုင်တာတဲ့အပြင် အနုပညာအလုပ်တွေကိုလည်းလုပ်ဆောင်လျက်ရှိတာပဲ ဖြစ်ပါတယ်။ကျရာဇာတ်ရုပ်ကိုပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး တက်သစ်စ သရုပ်ဆောင်တွေကိုလည်း လက်တွဲခေါ်ယူဖေးမတတ်တဲ့ ဝါရင့်မင်းသမီးတစ်လက်လည်း ဖြစ်သလို လုပ်ဖော်ကိုင်ဖက်ဘက်အနုပညာ ရှင်တွေနဲ့လည်း မောင်နှမသဖွယ် နွေးနွေးထွေးထွေးဆက်ဆံ လေ့ရှိတဲ့ လူမှုဆက်ဆံရေးကောင်းမွန်တဲ့ သူတစ်ယောက်ဆိုလဲမမှားပါဘူးနော်။
လတ်တလောမှာ သူမပါဝင်ရိုက်ကူးထားတဲ့ ” စိန်ဂေါ်လီမ ” ရုပ်ရှင်ဇာတ်ကားကြီးက ရုံတင်တာနဲ့ ပရိသတ်တွေ အားပေးကြမ်းခဲ့ကြတာပဲ ဖြစ်ပါတယ်။ထိုရုပ်ရှင်ဇာတ်ကားကြီးကတော့ဟာသရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပြီး ပရိသတ်တွေ ဝါးလုံးကွဲအောင် ရယ်မောစေမယ့်ကားတစ်ကားပဲ ဖြစ်ပါတယ်။ မထွက်ခင် ထွေလာမှာထဲက ပရိသတ်တွေပါးစပ်ဖျားမှာ ရေပန်းစားပြီး ပရိသတ်စိတ်ဝင်စားခဲ့တဲ့ကားတစ်ကားပဲ ဖြစ်ပါတယ်။ ပရိသတ်တွေ အားပေးကြမ်းခဲ့တာနဲ့ပတ်သက်ပြီး မခိုင်လေးက ” စိန်ဂေါ်လီမလေးအရမ်းကိုပျော်နေပါပြီနော်။ ပွဲစဉ်တိုင်းရုံအပြည့်ခုံထိုးလတ်မှတ်တွေပါမကျန်၊ သမ္မတလိုရုံကြီးတွေမှာပါပြည့်လျှံသွားအောင်အားပေးကြမ်းတဲ့ချစ်ပရိတ်သတ်ကြီးကိုစိန်ဂေါ်လီမလေးကကျေးဇူးအများကြီးတင်ပါတယ်နော်။ ” ဆိုပြီး ပရိသတ်တွေကို ကျေးဇူးတင်စကားပြောထားတာပဲ ဖြစ်ပါတယ်။ CeleGabar ပရိသတ်ကြီးရော ” စိန်ဂေါ်လီမ ” ရုပ်ရှင်ဇာတ်ကားကြီးထဲက စိန်ဂေါ်လီမဖြစ်တဲ့ မခိုင်လေးကို သွားအားပေးပြီးပြီလားဆိုတာ မှတ်ချက်ပေးခဲ့ပါဦးနော်။
Source : Khine Thin Kyi
Shwe Poe @CeleGabar