” ပရိသတ်တွေပေးတဲ့မေတ္တာက မွေးနေ့အတွက်ဆုလာဘ်ဆောင်ပါပဲလို့ပြောလာတဲ့ သုတအောင် “
celegabar.com
|
2019-07-11


သုတအောင်ကတော့ ”အလင်းထဲကလူ” ဇာတ်လမ်းတွဲမှာဝဏ္ဏအဖြစ်နဲ့ ပရိသတ်တွေ စတင်သတိထားမိလာပြီး သူ
့ရဲ့သရုပ်ဆောင်ချက်တွေကို မိန်းကလေးပရိသတ်တွေသာမက လူကြီးတွေလည်း သဘောကျအားပေးခြင်းခံရသူပဲ ဖြစ်ပါတယ်။ ဖိုက်တင်characterနဲ့သရုပ်ဆောင်ချက်တွေကြောင့် ပိုနှစ်ခြိုက်လက်ခံလာပြီး သရုပ်ဆောင်သစ်တစ်ယောက်အနေနဲ့ မျက်နှာအနေအထားအကြည့်တွေကအစ သိပ်ကိုပီပြင်လွန်းတာကြောင့်အံ့သြချီကျူးခံနေတာပဲ ဖြစ်ပါတယ်။ယခုလက်ရှိ MRTV -(4)မှာ ပြသလျက်ရှိတဲ့ ” ကြယ်ကလေးရဲ့ကောင်းကင်” ဇာတ်လမ်းတွဲ မှာလည်းပါဝင်ထားတာပဲ ဖြစ်ပါတယ်။






မနေ့ကကျရောက်ခဲ့တဲ့ ဇူလိုင်လ(၁၀)ရက်နေ့ကတော့ ပရိသတ်တွေရဲ့အားပေးမှုကိုရရှိလာတဲ့ သုတအောင်ရဲ့ (၂၆)နှစ်ပြည့်မွေးနေ့လေးပဲ ဖြစ်ပြီး ကျရောက်ခဲ့တဲ့မွေးနေ့ရက်မြတ်လေးကိုအကျိုးရှိရှိအသုံးချခဲ့တာပဲ ဖြစ်ပါတယ်။ မှော်ဘီမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာလေးတစ်ခုမှာ မိဘမဲ့ကျောင်းနဲ့စာသင်ကျောင်းတို့မှာအလှူဒါနတွေပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ မိဘကျောင်းမှာ ရှိတဲ့ ကလေးအယောက်(၆၀)ကိုထမင်းကျွေးခဲ့ပြီး မုန့်နဲ့အအေးကို လှူဒါန်းခဲ့တဲ့အပြင် စာသင်ကျောင်းမှာရှိတဲ့ ကလေးအယောက်(၄၀၀)ကို လည်းအအေးနဲ့မုန့်တွေ ကို WE lOVEအဖွဲ့သားတွေနဲ့အတူ သရုပပ်ဆောင်စည်ဖြိုးပါပါဝင်ပြီး သွားရောက်လှူဒါန်းခဲ့တယ်လို့သိရပါတယ်။






လှူဒါန်းခဲ့တဲ့အလှူနဲ့ပတ်သက်ပြီး ရရှိခဲ့တဲ့ပီတိကတော့ဘာနဲ့မှလဲလို့မရဘူးလို့ပြောပြခဲ့ပါတယ်။ချို့တဲ့ပြီးခေါင်တဲ့နေရာလေးမှာလှူဒါန်းခွင့်ရတဲ့အပြင်အကုန်လုံးက ယဉ်ကျေးလိမ္မာပြီးပျော်ရွှင်နေကြတဲ့အတွက်အရမ်းဝမ်းသာမိတယ်လို့ဖြေကြားခဲ့ပါတယ်။ မွေးနေ့ကိုတစ်ခါမှမကျင်းပခဲ့ဖူးတဲ့အပြင် ပထမဆုံးမွေးနေ့ပွဲမှာ ပထမဆုံးအလှူကိုပြုလုပ်ခဲ့ရတဲ့အတွက် ဝမ်းသာ မျက်ရည်ကျခဲ့ရတယ်လို့သိရပါတယ်။ဇာတ်ပို့နေရာမှာသရုပ်ဆောင်တဲ့သူ့အတွက် နေရာမရွေးချယ်ဘဲ သရုပ်ဆောင်မှုကိုပဲ ကြည့်ပြီးအားပေးပေးပြီး ချစ်ခင်ပေးတဲ့အတွက် ပရိသတ်တွေပေးတဲ့မေတ္တာက မွေးနေ့အတွက်ဆုလာဘ်ဆောင်ပါပဲလို့ပြောကြားခဲ့ပါတယ်။လိုက်ပါလာတဲ့ We Loveတွေအပြင် မလိုက်ပါလာနိုင်တဲ့ We Love တွေအားလုံးကိုကျေးဇူးတင်တယ်လို့လည်း ပြောပြခဲ့ပါတယ်။CeleGabar ပရိသတ်ကြီးလည်း သုတအောင်ရဲ့မွေးနေ့အလှူလေးကိုသာဓုခေါ်သွားပါဦနော်။





Source :Exclusive On CeleGabar
Shwe Poe @CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

” ပရိသတ်တွေပေးတဲ့မေတ္တာက မွေးနေ့အတွက်ဆုလာဘ်ဆောင်ပါပဲလို့ပြောသုတအောင် ”


သုတအောင်ကတော့ ” အလင်းထဲကလူ” ဇာတ်လမ်းတွဲမှာဝဏ္ဏအဖြစ်နဲ့ ပရိသတ်တွေ စတင်သတိထားမိလာပြီး သူ
့ရဲ့သရုပ်ဆောင်ချက်တွေကို မိန်းကလေးပရိသတ်တွေသာမက လူကြီးတွေလည်း သဘောကျအားပေးခြင်းခံရသူပဲ ဖြစ်ပါတယ်။ ဖိုက်တင်characterနဲ့သရုပ်ဆောင်ချက်တွေကြောင့် ပိုနှစ်ခြိုက်လက်ခံလာပြီး သရုပ်ဆောင်သစ်တစ်ယောက်အနေနဲ့ မျက်နှာအနေအထား အကြည့်တွေကအစ သိပ်ကိုပီပြင်လွန်းတာကြောင့် အံ့သြချီကျူးခံနေတာပဲ ဖြစ်ပါတယ်။ယခုလက်ရှိ MRTV -(4)မှာ ပြသလျက်ရှိတဲ့ ” ကြယ်ကလေးရဲ့ကောင်းကင်” ဇာတ်လမ်းတွဲ မှာလည်းပါဝင်ထားတာပဲ ဖြစ်ပါတယ်။

မနေ့ကကျရောက်ခဲ့တဲ့ ဇူလိုင်လ(၁၀)ရက်နေ့ကတော့ ပရိသတ်တွေရဲ့အားပေးမှုကိုရရှိလာတဲ့ သုတအောင်ရဲ့ (၂၆)နှစ်ပြည့်မွေးနေ့လေးပဲ ဖြစ်ပြီး ကျရောက်ခဲ့တဲ့မွေးနေ့ရက်မြတ်လေးကို အကျိုးရှိရှိအသုံးချခဲ့တာပဲ ဖြစ်ပါတယ်။ မှော်ဘီမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာလေးတစ်ခုမှာ မိဘမဲ့ကျောင်းနဲ့စာသင်ကျောင်းတို့မှာ အလှူဒါနတွေပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ မိဘကျောင်းမှာ ရှိတဲ့ ကလေး အယောက်(၆၀)ကိုထမင်းကျွေးခဲ့ပြီး မုန့်နဲ့အအေးကို လှူဒါန်းခဲ့တဲ့အပြင် စာသင်ကျောင်းမှာရှိတဲ့ ကလေး အယောက်(၄၀၀)ကို လည်း အအေးနဲ့မုန့်တွေ ကို WE lOVE အဖွဲ့သားတွေနဲ့အတူ သရုပပ်ဆောင်စည်ဖြိုးပါပါဝင်ပြီး သွားရောက်လှူဒါန်းခဲ့တယ်လို့သိရပါတယ်။

လှူဒါန်းခဲ့တဲ့အလှူနဲ့ပတ်သက်ပြီး ရရှိခဲ့တဲ့ပီတိကတော့ဘာနဲ့မှလဲလို့မရဘူးလို့ပြောပြခဲ့ပါတယ်။ချို့တဲ့ပြီးခေါင်တဲ့နေရာလေးမှာလှူဒါန်းခွင့်ရတဲ့အပြင် အကုန်လုံးက ယဉ်ကျေးလိမ္မာပြီးပျော်ရွှင်နေကြတဲ့အတွက်အရမ်းဝမ်းသာမိတယ်လို့ဖြေကြားခဲ့ပါတယ်။ မွေးနေ့ကိုတစ်ခါမှမကျင်းပခဲ့ဖူးတဲ့အပြင် ပထမဆုံးမွေးနေ့ပွဲမှာ ပထမဆုံးအလှူကိုပြုလုပ်ခဲ့ရတဲ့အတွက် ဝမ်းသာ မျက်ရည်ကျခဲ့ရတယ်လို့သိရပါတယ်။ဇာတ်ပို့နေရာမှာသရုပ်ဆောင်တဲ့သူ့အတွက် နေရာမရွေးချယ်ဘဲ သရုပ်ဆောင်မှုကိုပဲ ကြည့်ပြီး အားပေးပေးပြီး ချစ်ခင်ပေးတဲ့အတွက် ပရိသတ်တွေပေးတဲ့မေတ္တာက မွေးနေ့အတွက်ဆုလာဘ်ဆောင်ပါပဲလို့ပြောကြားခဲ့ပါတယ်။လိုက်ပါလာတဲ့ We Loveတွေအပြင် မလိုက်ပါလာနိုင်တဲ့ We Love တွေအားလုံးကိုကျေးဇူးတင်တယ်လို့လည်း ပြောပြခဲ့ပါတယ်။CeleGabar ပရိသတ်ကြီးလည်း သုတအောင်ရဲ့မွေးနေ့အလှူလေးကိုသာဓုခေါ်သွားပါဦနော်။


Source :Exclusive On CeleGabar
Shwe Poe @CeleGabar




Some text some message..