ဆရာကြီးမင်းသိင်္ခရဲ့ နာမည်အရင်းဖြစ်တဲ့ ”အောင်ထွန်း ” ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ခွင်ရရှိလိုက်တဲ့ ပြေဇင်
celegabar.com
|
2019-07-11



ပြေဇင် ကတော သရုပ်ဆောင်တစ်ဦးအနေဖြင့်အနုပညာလောကတွင်အောင်မြင်မှုရရှိထားပြီး ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင်သရုပ်ဆောင်နိုင်သူလည်းဖြစ်ပါတယ်။ လက်တလောမှတော့ ” ဝင်္ကပါရှင်းတမ်း ” ဇာတ်လမ်းတွဲကြီးတွင် ပါဝင်သရုပ်ဆောင်ထားပြီး သူရဲ့ ပီပြင်တဲ့ သရုပ်ဆောင်ကွက်တွေကြောင့် ပရိသတ်ရဲ့အားပေးမှုကိုရရှိထားပါတယ်။





သူကတော့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံမှာ ရိုက်ကူးပုံဖော်ထားတဲ့ “၁၀၁၄” ရုပ်ရှင်ဇာတ်ကားကြီး မှာလည်းပါဝင်သရုပ်ဆောင်ထားပါတယ်။ လက်ရှိမှာတော့ Golden Hour ရုပ်ရှင်ထုတ်လုပ်ရေးမှရိုက်ကူးမဲ့ စနေမောင်မောင် နှင့် ဆားပုလင်း နှင်းမောင် ရုပ်ရှင်ကားကြီးမှာလဲပါဝင်သရုပ်ဆောင်ထားပါတယ်။





ထိုဇာတ်ကားကြီးမှာတော့ ”အောင်ထွန်း ” ဆိုတဲ့ ဇာတ်ကောင်နေရာမှအကောင်းဆုံးကြိုးစား သရုပ်ဆောင်မဲ့အကြောင်းကို ” တကယ်တော့ “အောင်ထွန်း”ဆိုတာ ဆရာကြီးမင်းသိင်္ခရဲ့ နာမည်အရင်းပါ။ ကျွန်တော့်ကို “အောင်ထွန်း”ဇာတ်ရုပ်အတိုင်းမြင်အောင်ကြိုးစားပါ့မယ်” လိုသူရဲ့လူမှုကွန်ရက် စာမျက်နှာမှာ “Golden Hour ရုပ်ရှင်ထုပ်လုပ်ရေးနဲ့အဖွဲသားများကို ကျေးဇူးအထူးတင်ရှိပါတယ်လို့” ရေးသားဖော်ပြထားပါတယ်။ Cele Gabar ပရိသတ်ကြီးထဲမှာ ပြေဇင် ပရိသတ်လေးတွေရှိရင်အလင်းပြခဲ့ဦးနော်။



Source: Pyay Zin
DarDar@CeleGabar
ယူနီကုတ်ဖြင့်ဖတ်ရန်


ဆရာကြီးမင်းသိင်္ခရဲ့ နာမည်အရင်းဖြစ်တဲ့ ” အောင်ထွန်း ” ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ခွင်ရရှိလိုက်တဲ့ ပြေဇင်

ပြေဇင် ကတော သရုပ်ဆောင်တစ်ဦးအနေဖြင့် အနုပညာလောကတွင် အောင်မြင်မှုရရှိထားပြီး ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင်သရုပ်ဆောင်နိုင်သူလည်းဖြစ်ပါတယ်။ လက်တလောမှတော့ ” ဝင်္ကပါရှင်းတမ်း ” ဇာတ်လမ်းတွဲကြီးတွင် ပါဝင်သရုပ်ဆောင်ထားပြီး သူရဲ့ ပီပြင်တဲ့ သရုပ်ဆောင်ကွက်တွေကြောင့် ပရိသတ်ရဲ့ အားပေးမှုကိုရရှိထားပါတယ်

သူကတော့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံမှာ ရိုက်ကူးပုံဖော်ထားတဲ့ “၁၀၁၄” ရုပ်ရှင်ဇာတ်ကားကြီး မှာလည်းပါဝင်သရုပ်ဆောင်ထားပါတယ်။ လက်ရှိမှာတော့ Golden Hour ရုပ်ရှင်ထုတ်လုပ်ရေးမှရိုက်ကူးမဲ့ စနေမောင်မောင် နှင့် ဆားပုလင်း နှင်းမောင် ရုပ်ရှင်ကားကြီးမှာလဲပါဝင်သရုပ်ဆောင်ထားပါတယ်။

ထိုဇာတ်ကားကြီးမှာတော့ ” အောင်ထွန်း ” ဆိုတဲ့ ဇာတ်ကောင်နေရာမှ အကောင်းဆုံးကြိုးစား သရုပ်ဆောင်မဲ့အကြောင်းကို ” တကယ်တော့ “အောင်ထွန်း”ဆိုတာ ဆရာကြီးမင်းသိင်္ခရဲ့ နာမည်အရင်းပါ။ ကျွန်တော့်ကို “အောင်ထွန်း”ဇာတ်ရုပ်အတိုင်းမြင်အောင်ကြိုးစားပါ့မယ်” လိုသူရဲ့လူမှုကွန်ရက် စာမျက်နှာမှာ “Golden Hour ရုပ်ရှင်ထုပ်လုပ်ရေးနဲ့ အဖွဲသားများကို ကျေးဇူးအထူးတင်ရှိပါတယ်လို့” ရေးသားဖော်ပြထားပါတယ်။ Cele Gabar ပရိသတ်ကြီးထဲမှာ ပြေဇင် ပရိသတ်လေးတွေရှိရင် အလင်းပြခဲ့ဦးနော်။




Some text some message..