အဝတ်အစားဂေါ်လွန်းလို့ ‘အပေါစားမ’ ပြောခံနေရတဲ့အဆိုတော် HyunA (ရုပ်သံ)
popolay.com
|
2019-07-23

တောင်ကိုရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ (ဇူလိုင် ၂၁) က ပြုလုပ်ခဲ့တဲ့ သီချင်းပွဲတော် Music Festival မှာအဆိုတော် HyunA ရဲ့အဝတ်အစားဒီဇိုင်းနဲ့ တင်ဆက်ဖျော်ဖြေခဲ့မှုအပေါ် ပရိသတ်က ဒေါသထွက်ကာ “အပေါစားမ” လို့ ဝိုင်းဝန်းဝေဖန်ပြောဆိုခဲ့ကြပါတယ်။



HyunA ဟာအဲဒီနေ့က တိုပြတ်နေတဲ့ ဘောင်းဘီနဲ့ ဘရာစီယာအတွင်းခံသာသာ ပန်းရောင်ရင်စီးအင်္ကျီတို့ကို ဝတ်ဆင်ခဲ့ပြီး ရေပန်းတွေအောက်မှာ ရေတွေစိုရွှဲပြီးအသားကပ်လို ဖြစ်ကာ ခန္ဓာကိုယ်ကောက်ကြောင်းကိုအထင်းသားပေါ်လွင်စေခဲ့တဲ့အတွက် ပရိသတ်တွေက ဒေါသထွက်ခဲ့ကြတာဖြစ်ပါတယ်။




သူမဟာ လူတွေရဲ့အာရုံဖမ်းစားအောင် တမင်အကွက်ဖန်တီးခဲ့တာဖြစ်ပြီး ပရိသတ်တွေထဲမှာလည်း ကလေးငယ်တွေ ရှိနေတာမို့ စင်ပေါ်ကနေ ဒီလိုဝတ်စားပြီး ဖျော်ဖြေတာဟာ လုံးဝမလုပ်သင့်တဲ့အလုပ်ဖြစ်တယ်လို့ ဝေဖန်ခဲ့ကြပါတယ်။





အချို့ပရိသတ်တွေကလည်း သူမရဲ့အပြုအမှုအတွက် ဖမ်းဆီးသင့်တယ်လို့ ဝေဖန်ခဲ့ကြပါတယ်။
သူတို့အားလုံးက HyunAအပေါ် တစ်ညီတစ်ညွတ်ထဲ ကင်ပွန်းတပ်လိုက်တာကတော့ “အပေါ်စားဆန်တဲ့မိန်းမ” ဆိုတာပါပဲ။



မည်သို့ပင် ဖြစ်စေ

HyunA အနေနဲ့တော့အခုလိုဝေဖန်မှုတွေ သတင်းမီဒီယာတွေရဲ့ ဖော်ပြမှုတွေကြောင့် ယခင်ကထက် လူသိပိုများလာပြီး သူမရဲ့အင်စတာဂရမ်မှာ ဖော်လိုဝါ ၁၁ သန်းကျော်ထိ ရှိလာပြီဖြစ်ပါတယ်။




Some text some message..