ဂျင်းကောင်လို့ပရိသတ်တွေက ချစ်စနိုးခေါ်တဲ့မင်းမြတ်ကတော့အောင်မြင်နေတဲ့မင်းသားတစ်ယောက်ဖြစ်ပြီးတော့ ပရိသတ်အချစ်တွေကို သိမ်းပိုက်နိုင်သူတစ်ယောက်ဖြစ်ပါတယ်။ မကြာခင်ရုံတင်ပြသတော့မဲ့” တစ္ဆေ များနှင့်ပျော်မြူးခြင်း”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာအဓိကဇာတ်ဆောင်မင်းသားနေရာကနေ မြင့်မြတ်တစ်ယောက် ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီးတော့အိချောပို ၊ ပတ်ထရစ်ရှာ ၊k ညီ၊ကိုပေါက်အစရှိတဲ့ တခြားသောအနုပညာရှင်တွေကလည်း တက်ညီလက်ညီနဲ့အကောင်းဆုံးသရုပ်ဆောင် ထားခဲ့တာဖြစ်ပါတယ်။
ဒီဇာတ်ကားလေးမှာ ဆိုရင် မြင့်မြတ်က မှော်ဆရာထင်ကျော်ဇောနေရာကနေ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီးတော့ ဗီလိန်တစ်ယောက်၊ လူလိမ်တစ်ယောက် ဇာတ်ကောင်နေရာကနေ ပီပီပြင်ပြင်နဲ့ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ မိဘမဲ့တစ်ကောင်ကြွက်ဘဝကနေ ကြီးပြင်းလာခဲ့ပြီး တွေ့ရာကောက်စားခဲ့ရတဲ့ ဘဝကနေ သူငယ်ချင်းဖြစ်သူ မျိုးမင်း ခေါ်kညီနဲ့အတူ ကိုယ်တိုင်ကြိုးစားပြီးရုန်းကန်ခဲ့ရတဲ့ ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။
အစဦးပိုင်းမှာ တစ္ဆေ၊ သရဲတွေကိုအမှန်တကယ်မမြင်ရဘဲ လိမ်ညာလုပ်စားခဲ့တဲ့ မြင့်မြတ်ဟာ နောက်ပိုင်းမှာ သရဲတွေကိုအမှန်တကယ်မြင်တွေ့လာခဲ့ဲပြီးတော့ သနားစရာကောင်းတဲ့ သရဲတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးခဲ့ပါတယ်။အပေးအယူတစ်ခုအနေနဲ့ သရဲတွေနဲ့အတူပူးပေါင်းပြီး ပိုက်ဆံရှာခဲ့တာဖြစ်ပြီးတော့ ဘယ်လိုတွေအကွက်ကျကျ ပိုက်ဆံရှာသွားခဲ့တာလဲ ဆိုတာကို တစ္ဆေ များနဲ့ ပျော်မြူးခြင်းဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို သွားကြည့်ပြီးအဖြေရှာလိုက်ရအောင်နော်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ “တစ္ဆေ များနဲ့ ပျော်မြူးခြင်းရုပ်ရှင်ဇာတ်ကားကြီး” ကို သွားရောက်အားပေးကြမယ်မဟုတ်လားပြောပြခဲ့ပါဦး။

ချစ်သဲမေ @CeleGabar

ယူနီကုတ်ဖြင့်ဖတ်ရန်
တစ္ဆေ များနဲ့ ပျော်မြူးခြင်းရုပ်ရှင်ဇာတ်ကားမှာ သရဲတွေနဲ့အတူပူးပေါင်းပြီး ပိုက်ဆံရှာတဲ့ မှော်ဆရာတစ်ယောက်အဖြစ်မြင်တွေ့ရမယ့် မြင့်မြတ်”
ဂျင်းကောင်လို့ပရိသတ်တွေက ချစ်စနိုးခေါ်တဲ့မင်းမြတ်ကတော့ အောင်မြင်နေတဲ့မင်းသားတစ်ယောက်ဖြစ်ပြီးတော့ ပရိသတ်အချစ်တွေကို သိမ်းပိုက်နိုင်သူတစ်ယောက်ဖြစ်ပါတယ်။ မကြာခင်ရုံတင်ပြသတော့မဲ့” တစ္ဆေ များနှင့်ပျော်မြူးခြင်း”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ အဓိကဇာတ်ဆောင်မင်းသားနေရာကနေ မြင့်မြတ်တစ်ယောက် ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီးတော့ အိချောပို ၊ ပတ်ထရစ်ရှာ ၊k ညီ၊ကိုပေါက် အစရှိတဲ့ တခြားသောအနုပညာရှင်တွေကလည်း တက်ညီလက်ညီနဲ့ အကောင်းဆုံးသရုပ်ဆောင် ထားခဲ့တာဖြစ်ပါတယ်။
ဒီဇာတ်ကားလေးမှာ ဆိုရင် မြင့်မြတ်က မှော်ဆရာထင်ကျော်ဇောနေရာကနေ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီးတော့ ဗီလိန်တစ်ယောက်၊ လူလိမ်တစ်ယောက် ဇာတ်ကောင်နေရာကနေ ပီပီပြင်ပြင်နဲ့ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ မိဘမဲ့တစ်ကောင်ကြွက်ဘဝကနေ ကြီးပြင်းလာခဲ့ပြီး တွေ့ရာကောက်စားခဲ့ရတဲ့ ဘဝကနေ သူငယ်ချင်းဖြစ်သူ မျိုးမင်း ေခါ်kညီနဲ့အတူ ကိုယ်တိုင်ကြိုးစားပြီးရုန်းကန်ခဲ့ရတဲ့ ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။
အစဦးပိုင်းမှာ တစ္ဆေ၊ သရဲတွေကို အမှန်တကယ်မမြင်ရဘဲ လိမ်ညာလုပ်စားခဲ့တဲ့ မြင့်မြတ်ဟာ နောက်ပိုင်းမှာ သရဲတွေကို အမှန်တကယ်မြင်တွေ့လာခဲဲ့ပြီးတော့ သနားစရာကောင်းတဲ့ သရဲတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးခဲ့ပါတယ်။ အပေးအယူတစ်ခုအနေနဲ့ သရဲတွေနဲ့အတူပူးပေါင်းပြီး ပိုက်ဆံရှာခဲ့တာဖြစ်ပြီးတော့ ဘယ်လိုတွေ အကွက်ကျကျ ပိုက်ဆံရှာသွားခဲ့တာလဲ ဆိုတာကို တစ္ဆေ များနဲ့ ပျော်မြူးခြင်းဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို သွားကြည့်ပြီး အဖြေရှာလိုက်ရအောင်နော်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ “တစ္ဆေ များနဲ့ ပျော်မြူးခြင်းရုပ်ရှင်ဇာတ်ကားကြီး” ကို သွားရောက်အားပေးကြမယ်မဟုတ်လားပြောပြခဲ့ပါဦး။
ချစ်သဲမေ @CeleGabar