
တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော်အက်ရှင်မင်းသားကြီး မာဒုံဆော့ဟာဆိုရင် ပြီးခဲ့တဲ့ ဧပြီလက Marvel Universe ကရိုက်ကူးတင်ဆက်မယ့် ရုပ်ရှင်စီးရီးမှာ ပါဝင်ဖို့ ကမ်းလှမ်းခံခဲ့ရတာပဲဖြစ်ပါတယ်။ မာဒုံဆော့ဟာ ဟောလိဝုဒ်နာမည်ကျော် တော့ပ်စတားတွေဖြစ်တဲ့ Angelina Jolie, Richard Madden တို့နဲ့အတူ The Ethernalsအမည်ရတဲ့ ရုပ်ရှင်စီးရီးမှာပါဝင်သရုပ်ဆောင်ရမှာပါ။ Eternals မှာ Gilgameshအဖြစ်ပါဝင်သရုပ်ဆောင်ရမှာဖြစ်ပြီး Hulk နဲ့ယှဉ်ချရင် ဘယ်သူနိုင်မလဲဟု Eternals ရဲ့ ဇာတ်လမ်းအကြိုမိတ်ဆက်ပွဲမှာ မေးမြန်းခြင်းခံခဲ့ရပါတယ်။ မာဒုံဆော့တစ်ယောက် ဘယ်လိုဖြေသွားတယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<
Marvel ရဲ့နာမည်ကြီး ရုပ်ရှင်စီးရီးတစ်ခုဖြစ်တဲ့ Avengers မှာဆိုရင် Hulk ဟာအင်အားအကြီးဆုံး ကာရိုက်တာလို့ပြောလို့ရပါတယ်။ ဗလတောင့်တောင့်နဲ့ ခန္ဓာကိုယ်ထုထည်ကြီးမားလှတဲ့ မာဒုံဆော့ကို Eternals ရဲ့ Hulk လို့တောင် ပရိတ်သတ်များက တင်စားခေါ်ဝေါ်နေကြပါတယ်။
လတ်တလော Ethernals ရဲ့အကြိုမိတ်ဆက်ပွဲမှာ ‘Hulk နဲ့အတူ ယှဉ်ပြီး တိုက်ခိုက်ရင် ဘယ်သူအနိုင်ရရှိမလဲ’ ဆိုပြီး မေးမြန်းတဲ့အခါမှာတော့ “Mark Ruffalo ဒီပွဲမှာရှိလား ၊ သူမလာဘူးဆိုရင်တော့ Gilgamesh ကပဲအနိုင်ရရှိမယ်လို့ပြောပါရစေ” ဆိုပြီး ပြောကြားသွားပါတယ်။
မာဒုံဆော့ ရဲ့အဖြေစကားကြောင်းအတူတွဲဖက်သရုပ်ဆောင်မယ့် Angelina Jolie နဲ့ Salma Hayek တို့တောင် ရယ်မောခဲ့ကြပါတယ်။
Ref:koreaboo
(ပိုပိုလေး)