“မျက်နှာမှာ ဒဏ်ရာရရှိခဲ့တဲ့ ထိ သရုပ်ဆောင်ပညာကို ကြိုးစားသင်ယူကာ ပရိသတ်ရှေ့မှောက် ရောက်ရှိလာဦးမဲ့ နှင်းနွေလေး”
celegabar.com
|
2019-07-30



သူမဟာဆိုရင် ပုဂံမြို့သူ ဇာတ်လမ်းတွဲတွင် ရိုးရိုးယဉ်ယဉ်လေးနဲ့အနေအေးပြီး ချစ်စရာကောင်းတဲ့ ဇာတ်ရုပ်လေး ဖြစ်တဲ့ ” ဂွမ်းနု ” လေးအဖြစ် ပရိသတ်ရင်ထဲ စတင်ရောက်ရှိခဲ့တာပဲ ဖြစ်ပါတယ် ။မကြာသေးခင်မှ MRTV 4 မှာ ပြသခဲ့တဲ့ ” မျက်လုံးမှာအလွမ်း နှုတ်ခမ်းမှာ မာန ” ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာတော့ သူမရဲ့အပြင်ပုံစံနဲ့မတူဘဲ သွက်လက် ထက်မြက်တဲ့ “နှင်းနွေ”အဖြစ် သရုပ်ဆောင်ခဲ့ရာ ပရိသတ်များရဲ့ ချစ်ခင်နှစ်သက်အားပေးမှုကို ထပ်မံရရှိခဲ့သူလည်းဖြစ်ပါတယ်။





အနုပညာလောကထဲသို့ (၂၀၁၆)ခုနှစ်အကယ်ဒမီ ရွှေကြို တစ်ဦးအဖြစ်စတင်ဝင်ရောက်ခဲ့ပြီး ထိုနှစ်ထဲမှာပဲ Forever Group ရဲ့ သရုပ်ဆောင်ရွေးချယ်ပွဲမှာ Casting ဝင်ခဲ့ပြီး Forever Group နဲ့လက်တွဲ ဖြစ်ခဲ့ပါတယ်။အသစ် တစ်ယောက်အနေနဲ့ဇာတ်လမ်းတွဲစရိုက်ရာမှအတွေ့အကြုံမရှိခဲ့တဲ့အတွက်သင်ယူစရာတွေများပြီးအခက်အခဲလေးတွေကြုံခဲ့ရတယ်လို့ဆိုပါတယ်။





လက်ရှိအချိန်မှာတော့သူမဟာအမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်တွင် သရုပ်ဆောင်မေဂျာ ပညာသင်ကြားလျက်ရှိပြီး မကြာခင်ကမှForever Group ရဲ့ Stunt Training Basic ကို မျက်နှာမှာဒဏ်ရာရသည့်ထိ ကြိုးစား သင်ကြားတတ်မြောက်ခဲ့ပြီး နောက်ထပ် ဇာတ်လမ်းတွဲ တွေမှာ သူမရဲ့မြင်နေကျမဟုတ်တဲ့ တမူထူးခြားသည့် ဇာတ်ရုပ် တွေနဲ့ TV ဖန်သားပြင်ပေါ်မှာမြင်တွေ့ရမလည်းဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ Cele Gabar ပရိတ်သတ်ကြီးရေ ။ Cele Gabar ပရိတ်သတ်ကြီးအနေနနဲ့လည်း နှင်းနွေလေးကိုသဘောကျတယ်ဆို မှတ်ချက်လေးတွေပေးသွားခဲ့ပါဦး ။




Source – Nay Chi Shoon Lak / Ice@Cele Gabar
ယူနီကုဒ်ဖြင့်ဖတ်ရန်


မျက်နာမှာ ဒဏ်ရာရရှိခဲ့တဲ့ ထိ သရုပ်ဆောင်ပညာကို ကြိုးစားသင်ယူကာ ပရိသတ်ရှေ့မှောက် ရောက်ရှိလာဦးမဲ့ နှင်းနွေလေး

သူမဟာဆိုရင် ပုဂံမြို့သူ ဇာတ်လမ်းတွဲတွင် ရိုးရိုးယဉ်ယဉ်လေးနဲ့ အနေအေးပြီး ချစ်စရာကောင်းတဲ့ ဇာတ်ရုပ်လေး ဖြစ်တဲ့ ” ဂွမ်းနု ” လေးအဖြစ် ပရိသတ်ရင်ထဲ စတင်ရောက်ရှိခဲ့တာပဲ ဖြစ်ပါတယ် ။မကြာသေးခင်မှ MRTV 4 မှာ ပြသခဲ့တဲ့ ” မျက်လုံးမှာ အလွမ်း နှုတ်ခမ်းမှာ မာန ” ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာတော့ သူမရဲ့ အပြင်ပုံစံနဲ့မတူဘဲ သွက်လက် ထက်မြက်တဲ့ “နှင်းနွေ” အဖြစ် သရုပ်ဆောင်ခဲ့ရာ ပရိသတ်များရဲ့ ချစ်ခင်နှစ်သက် အားပေးမှုကို ထပ်မံရရှိခဲ့သူလည်းဖြစ်ပါတယ်။

အနုပညာလောကထဲသို့ (၂၀၁၆)ခုနှစ် အကယ်ဒမီ ရွှေကြို တစ်ဦးအဖြစ်စတင်ဝင်ရောက်ခဲ့ပြီး ထိုနှစ်ထဲမှာပဲ Forever Group ရဲ့ သရုပ်ဆောင်ရွေးချယ်ပွဲမှာ Casting ဝင်ခဲ့ပြီး Forever Group နဲ့လက်တွဲ ဖြစ်ခဲ့ပါတယ်။ အသစ် တစ်ယောက်အနေနဲ့ဇာတ်လမ်းတွဲစရိုက်ရာမှအတွေ့အကြုံမရှိခဲ့တဲ့အတွက်သင်ယူစရာတွေများပြီးအခက်အခဲလေးတွေကြုံခဲ့ရတယ်လို့ဆိုပါတယ်။

လက်ရှိအချိန်မှာတော့သူမဟာ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်တွင် သရုပ်ဆောင်မေဂျာ ပညာသင်ကြားလျက်ရှိပြီး မကြာခင်ကမှForever Group ရဲ့ Stunt Training Basic ကို မျက်နှာမှာဒဏ်ရာရသည့်ထိ ကြိုးစား သင်ကြားတတ်မြောက်ခဲ့ပြီး နောက်ထပ် ဇာတ်လမ်းတွဲ တွေမှာ သူမရဲ့မြင်နေကျမဟုတ်တဲ့ တမူထူးခြားသည့် ဇာတ်ရုပ် တွေနဲ့ TV ဖန်သားပြင်ပေါ်မှာမြင်တွေ့ရမလည်းဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ Cele Gabar ပရိတ်သတ်ကြီးရေ ။ Cele Gabar ပရိတ်သတ်ကြီးအနေနနဲ့လည်း နှင်းနွေလေးကိုသဘောကျတယ်ဆို မှတ်ချက်လေးတွေပေးသွားခဲ့ပါဦး ။

Source – Nay Chi Shoon Lak / Ice@Cele Gabar




Some text some message..