ခိုင်နှင်းဝေကတော့အောင်မြင်နေတဲ့ ဝါရင်သရုပ်ဆောင်တွေထဲက တစ်ယောက်အပါအဝင် ဖြစ်ပြီးတော့ ပရိသတ်အားပေးမှုကို ပိုင်ဆိုင်ရရှိထားတာဖြစ်ပါတယ်။ လက်ရှိမှာတော့ သူမဟာ ခိုင်နှင်းဝေ ပရဟိတဂေဟာလေး တည်ထောင်ကာ မိဘမဲ့ကလေးတွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ ပရဟိတ မေမေကြီးတစ်ယောက်ဆိုနိုင်ပါတယ်။
Single mother မိခင်တွေကို ကူညီစောင့်ရှောက်ပေးရင်းကနေ ကလေးတွေကို စပြီးတော့မွေးဖြစ်သွားသူတစ်ယောက်ဖြစ်ပြီးတော့ ဘဝအတွက်ခက်ခက်ခဲခဲ လျှောက်လှမ်းနေရတဲ့ မိဘတွေရဲ့ ကလေးတွေကို ကျွေးမွေးစောင့်ရှောက်နေတာဖြစ်ပါတယ်။လာရောင်အပ်နှံထားတဲ့ ကလေးတွေအပြင် မွေးစား စောင့်ရှောက်ထားတဲ့ ကလေးအားလုံးကို မူရင်းမိဘတွေဆီ ဘယ်တော့မှ ပြန်ပေးမှာ မဟုတ်ကြောင်း မခိုင်နှင်းဝေကဆိုထားပြီး ဂေဟာမှာ (၁)နှစ်ထက်ကလေးတွေကိုလည်း လက်မခံဘူးလို့ သိရှိရပါတယ်။
လတ်တလောမှာတော့ တဖြည်းဖြည်းနဲ့အရေအတွက် တိုးပွားလာတဲ့ မိဘမဲ့ကလေးတွေအတွက် တိုက်ခန်းကျယ်လေးကို ငှါးလိုက်ရတာဖြစ်ပြီး တိုက်ခန်းအသစ်လေးကို ပြောင်းရွှေ့လာခဲ့တာ လက်ရှိမှာ (၄)ရက်မြောက်နေ့မှာတော့ ” ဂေဟာလေး(၁)နှစ်စာချုပ်နဲ့ ငှားတဲ့ သတင်းကို ကြားလိုက်တော့ ကလေးတွေအတွက် မွေ့ရာအိပ်ရာခင်း ခြင်ထောင် ခေါင်းအုံးဖက်လုံးများကို ရာသက်ပန်လှူဒါန်းမယ်ဆိုတဲ့ စိတ်နဲ့ Facebook ကနေဆက်သွယ်ခဲ့ပြီး ဒေါက်တာကေသရီကျော်က လှူဒါန်းခဲ့တယ်” ဆိုတာကို ခိုင်နှင်းဝေက လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားခဲ့တာဖြစ်ပြီးတော့ ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ရပါတယ်နော်။
Source :Khine Hnin Wai
ချစ်သဲမေ @CeleGabar

ယူနီကုတ်ဖြင့်ဖတ်ရန်
” ခိုင်နှင်းဝေရဲ့ဂေဟာမှာ မွေ့ရာနဲ့ အိပ်ရာခင်းတွေကို ရာသက်ပန်လှူဒါန်းမယ့် ဒေါက်တာကေသရီကျော် ”
ခိုင်နှင်းဝေကတော့ အောင်မြင်နေတဲ့ ဝါရင်သရုပ်ဆောင်တွေထဲက တစ်ယောက်အပါအဝင် ဖြစ်ပြီးတော့ ပရိသတ်အားပေးမှုကို ပိုင်ဆိုင်ရရှိထားတာဖြစ်ပါတယ်။ လက်ရှိမှာတော့ သူမဟာ ခိုင်နှင်းဝေ ပရဟိတဂေဟာလေး တည်ထောင်ကာ မိဘမဲ့ကလေးတွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ ပရဟိတ မေမေကြီးတစ်ယောက်ဆိုနိုင်ပါတယ်။
Single mother မိခင်တွေကို ကူညီစောင့်ရှောက်ပေးရင်းကနေ ကလေးတွေကို စပြီးတော့မွေးဖြစ်သွားသူတစ်ယောက်ဖြစ်ပြီးတော့ ဘဝအတွက်ခက်ခက်ခဲခဲ လျှောက်လှမ်းနေရတဲ့ မိဘတွေရဲ့ ကလေးတွေကို ကျွေးမွေးစောင့်ရှောက်နေတာဖြစ်ပါတယ်။လာရောင်အပ်နှံထားတဲ့ ကလေးတွေအပြင် မွေးစား စောင့်ရှောက်ထားတဲ့ ကလေးအားလုံးကို မူရင်းမိဘတွေဆီ ဘယ်တော့မှ ပြန်ပေးမှာ မဟုတ်ကြောင်း မခိုင်နှင်းဝေကဆိုထားပြီး ဂေဟာမှာ (၁)နှစ်ထက်ကလေးတွေကိုလည်း လက်မခံဘူးလို့ သိရှိရပါတယ်။
လတ်တလောမှာတော့ တဖြည်းဖြည်းနဲ့ အရေအတွက် တိုးပွားလာတဲ့ မိဘမဲ့ကလေးတွေအတွက် တိုက်ခန်းကျယ်လေးကို ငှါးလိုက်ရတာဖြစ်ပြီး တိုက်ခန်းအသစ်လေးကို ပြောင်းရွှေ့လာခဲ့တာ လက်ရှိမှာ (၄)ရက်မြောက်နေ့မှာတော့ ” ဂေဟာလေး(၁)နှစ်စာချုပ်နဲ့ ငှားတဲ့ သတင်းကို ကြားလိုက်တော့ ကလေးတွေအတွက် မွေ့ရာ အိပ်ရာခင်း ခြင်ထောင် ခေါင်းအုံးဖက်လုံးများကို ရာသက်ပန်လှူဒါန်းမယ်ဆိုတဲ့ စိတ်နဲ့ Facebook ကနေဆက်သွယ်ခဲ့ပြီး ဒေါက်တာကေသရီကျော်က လှူဒါန်းခဲ့တယ်” ဆိုတာကို ခိုင်နှင်းဝေက လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားခဲ့တာဖြစ်ပြီးတော့ ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ရပါတယ်နော်။
Source :Khine Hnin Wai
ချစ်သဲမေ @CeleGabar
MRTV-4 မှ ထုတ်လွှင့်ပြသတဲ့ ရုပ်သံဇာတ်လမ်းတွဲ တွေကတော့ ပရိသတ်များရဲ့ နှစ်ခြိုက်အားပေးမှု ကိုအစဉ်အမြဲရရှိနေပါတယ်။ ဇာတ်လမ်းတွဲများနဲ့ထပ်တူ ပရိသတ်တွေရဲ့ချစ်ခြင်းတွေကိုသိမ်းပိုက်ခဲ့နိုင်သူတွေက တော့ MRTV-4 မှ မင်းသားချောလေးတွေပဲဖြစ်ပါတယ်။
လက်ရှိ MRTV-4 ရုပ်သံဇာတ်လမ်းတွဲများတွင် မျက်နှာသစ်သရုပ်ဆောင်များစွာ ကိုရွေးချယ်ကာ ရိုက်ကူးလျက်ရှိပြီးအောင်မင်းခန့် ၊အောင်ရေချမ်း ၊ ကောင်းမြတ်စံ တို့မှာအချိန်တိုအတွင်းပရိသတ်ရင်ထဲရောက်ရှိလာသူများလည်းဖြစ်ပါတယ်။အောင်မင်းခန့်ကို ” ထာဝရမန္တလေး “ဇာတ်လမ်းတွဲဖြင့် ပရိသတ် ရင်ထဲရောက်ရှိခဲ့ပြီး လက်ရှိ ” မျက်လုံးမှာအလွမ်း နှုတ်ခမ်းမှာ မာန “ဇာတ်လမ်းတွဲဖြင့် ပရိသတ်တွေရဲ့အသဲနှလုံးကိုပိုင်ဆိုင်နိုင်ခဲ့သလို ၊အောင်ရေချမ်းကတော့ “ပျားရည်အိုင်” ဇာတ်လမ်းတွဲဖြင့် ပရိတ်သတ် သိရှိခဲ့ပြီး “ကျွန်မက မဟေသီ “ဇာတ်လမ်းတွဲဖြင့် ဇာတ်လမ်းတွဲပရိသတ်တွေရဲ့အချစ်ကိုစုပုံရရှိခဲ့ပါတယ် ။ ကောင်းမြတ်စံကို ” The Sign of Love ” ဇာတ်လမ်းတွဲဖြင့်ပရိသတ် စတင်ရင်းနှီးခဲ့ပြီး ” နှလုံးသားနှင့်အနီးဆုံး” ဇာတ်လမ်းတွဲတွင် ကိုးလ်(Character)အဖြစ် သရုပ်ဆောင်ခဲ့ရာမှ ပရိသတ်ရဲ့အားပေးမှုကိုအခိုင်အမာရရှိလာသူဖြစ်ပါတယ် ။
အောင်မင်းခန့် ၊အောင်ရေချမ်း ၊ ကောင်းမြတ်စံ မင်းသားသုံးလက်ကတော့ လက်ရှိ ရုပ်သံဇာတ်လမ်းတွဲများအပြင် ကြော်ငြာရိုက်ကူးခြင်း ၊ MTV ရိုက်ကူးခြင်း ၊ ဆိုင်ဖွင့်ပွဲများတက်ခြင်း ၊ Model Show လျှောက်ခြင်းများ ပြုလုပ်နေပြီး လက်ရှိအချိန်မှာတော့ ပရိသတ်အားပေးမှုနှင့်အတူအချိန်တိုအတွင်း တရှိန်ထိုးအောင်မြင်မှုရရှိခဲ့တဲ့ MRTV-4ရုပ်သံဇာတ်လမ်းတွဲမှ မင်းသားချောများပဲဖြစ်ပါတယ်။ CeleGabar ပရိသတ်ကြီးအနေနဲ့လည်း မိမိကြိုက်နှစ်သက်တဲ့ မင်းသားချောလေးတယောက်ကိုရွေးချယ်ပေးသွားပါဦး။

source – Aung Min Khant ၊ Aung Yay Chan ၊ Kaung Myat San / Ice@CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

“အချိန်တိုအတွင်း တရှိန်ထိုး အောင်မြင်မှုရရှိခဲ့တဲ့ MRTV-4ရုပ်သံဇာတ်လမ်းတွဲမှ မင်းသားချောများ”
MRTV-4 မှ ထုတ်လွှင့်ပြသတဲ့ ရုပ်သံဇာတ်လမ်းတွဲ တွေကတော့ ပရိသတ်များရဲ့ နှစ်ခြိုက်အားပေးမှု ကို အစဉ်အမြဲရရှိနေပါတယ်။ ဇာတ်လမ်းတွဲများနဲ့ထပ်တူ ပရိသတ်တွေရဲ့ချစ်ခြင်းတွေကိုသိမ်းပိုက်ခဲ့နိုင်သူတွေက တော့ MRTV-4 မှ မင်းသားချောလေးတွေပဲဖြစ်ပါတယ်။
လက်ရှိ MRTV-4 ရုပ်သံဇာတ်လမ်းတွဲများတွင် မျက်နှာသစ်သရုပ်ဆောင်များစွာ ကိုရွေးချယ်ကာ ရိုက်ကူးလျက်ရှိပြီး အောင်မင်းခန့် ၊ အောင်ရေချမ်း ၊ ကောင်းမြတ်စံ တို့မှာ အချိန်တိုအတွင်းပရိသတ်ရင်ထဲရောက်ရှိလာသူများလည်းဖြစ်ပါတယ်။ အောင်မင်းခန့်ကို ” ထာဝရမန္တလေး “ဇာတ်လမ်းတွဲဖြင့် ပရိသတ် ရင်ထဲရောက်ရှိခဲ့ပြီး လက်ရှိ ” မျက်လုံးမှာအလွမ်း နှုတ်ခမ်းမှာ မာန “ဇာတ်လမ်းတွဲဖြင့် ပရိသတ်တွေရဲ့ အသဲနှလုံးကိုပိုင်ဆိုင်နိုင်ခဲ့သလို ၊ အောင်ရေချမ်းကတော့ “ပျားရည်အိုင်” ဇာတ်လမ်းတွဲဖြင့် ပရိတ်သတ် သိရှိခဲ့ပြီး “ကျွန်မက မဟေသီ “ဇာတ်လမ်းတွဲဖြင့် ဇာတ်လမ်းတွဲပရိသတ်တွေရဲ့အချစ်ကိုစုပုံရရှိခဲ့ပါတယ် ။ ကောင်းမြတ်စံကို ” The Sign of Love ” ဇာတ်လမ်းတွဲဖြင့်ပရိသတ် စတင်ရင်းနှီးခဲ့ပြီး ” အမုန်းမှသည် ” ဇာတ်လမ်းတွဲတွင် ကိုးလ်(Character) အဖြစ် သရုပ်ဆောင်ခဲ့ရာမှ ပရိသတ်ရဲ့ အားပေးမှုကို အခိုင်အမာရရှိလာသူဖြစ်ပါတယ် ။
အောင်မင်းခန့် ၊ အောင်ရေချမ်း ၊ ကောင်းမြတ်စံ မင်းသားသုံးလက်ကတော့ လက်ရှိ ရုပ်သံဇာတ်လမ်းတွဲများအပြင် ကြော်ငြာရိုက်ကူးခြင်း ၊ MTV ရိုက်ကူးခြင်း ၊ ဆိုင်ဖွင့်ပွဲများတက်ခြင်း ၊ Model Show လျှောက်ခြင်းများ ပြုလုပ်နေပြီး လက်ရှိအချိန်မှာတော့ ပရိသတ် အားပေးမှုနှင့်အတူ အချိန်တိုအတွင်း တရှိန်ထိုး အောင်မြင်မှုရရှိခဲ့တဲ့ MRTV-4ရုပ်သံဇာတ်လမ်းတွဲမှ မင်းသားချောများပဲဖြစ်ပါတယ်။ CeleGabar ပရိသတ်ကြီး အနေနဲ့လည်း မိမိကြိုက်နှစ်သက်တဲ့ မင်းသားချောလေးတယောက်ကိုရွေးချယ်ပေးသွားပါဦး။
source – Aung Min Khant ၊ Aung Yay Chan ၊ Kaung Myat San / Ice@CeleGabar