“ပရိသတ်တွေကို ကျေးဇူဆပ်ဖို့အနုပညာအလုပ်တွေကိုအရင်ကထက် ပိုကောင်းအောင်ပြန်လုပ်တော့မယ့် မထက်”
celegabar.com
|
2019-08-02



ထက်ထက်မိုးဦးကတော့ တချိန်ကအောင်မြင်ခဲ့တဲ့ ကြော်ငြာမင်းသမီးတစ်ယောက်ဖြစ်ပြီး သရုပ်ဆောင်တဲ့ နေရာမှာလည်း ပရိသတ်အကြိုက်သရုပ်ဆောင်နိုင်သူတစ်ယောက်လည်းဖြစ်ပါတယ်။ “ပန်းသခင်”ရုပ်ရှင်ဇာတ်ကားနဲ့ “သမီးမိုက်” ရုပ်ရှင်ဇာတ်ကားကြီး(၂)ကားနဲ့အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုတွေကို ပိုင်ဆိုင်ရရှိထားတဲ့ နှစ်ထပ်ကွမ်းအကယ်ဒမီဆုရှင်ကြီးတစ်ဦးလည်း ဖြစ်ပါတယ်။




လတ်တလောမှာတော့ ဝမ်းဗိုက်မှာ သွေးလုံးတည်တာေကြောင့် ဗိုက်ခွဲထားခဲ့ရတာဖြစ်ပြီးအနုပညာအလုပ်တွေကို ခဏတာ ရပ်နားထားခဲ့ရတာဖြစ်ပါတယ်။အနုပညာအလုပ်တွေကို စိတ်ရောကိုယ်ပါလုပ်ကိုင်တတ်တဲ့ ထက်ထက်မိုးဦးကတော့ ကိုုယ့်ကိုကိုယ်ရဲ့ ကျန်းမာရေးထက် ပရိသတ်အကြိုက် ဇာတ်လမ်းတွေကို တင်ဆက်နိုင်အောင် ဆက်လက်ကြိုးစားနေတာပဲဖြစ်ပါတယ်။




ယခုအချိန်မှာတော့အနုပညာအလုပ်တွေကိုအရင်ကထက် ပိုပြီးကောင်းအောင် ပြန်လုပ်တော့မယ်ဆိုတာကို “ငယ်ငယ် ကတည်းကအနုပညာ လောကထဲမှာပဲ ကြီးပြင်းလာခဲ့ရတဲ့ သူပါ။ ပရိသတ်ကို ကျေးဇူးဆပ်ဖို့ စိတ်ထဲမှာအမြဲ ရှိနေတယ်။ ရုပ်ရှင်ကားကြီး နဲ့ ဇာတ်လမ်းတွဲတွေ ကိုလည်း ရိုက်ကူးဖို့ လက်ခံထားတယ်။အနုပညာအလုပ်တွေ ပြန်လုပ်ပါတော့မယ်” ဆိုပြီးတော့ ထက်ထက်မိုးဦးက လူမှုကွန်ရက် စာမျက်နှာထက်မှာ ဖော်ပြထားခဲ့တာမို့ ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။



Source:HTET HTET MOE OO Only
ချစ်သဲမေ @CeleGabar


ယူနီကုတ်ဖြင့်ဖတ်ရန်

“ပရိသတ်တွေကို ကျေးဇူဆပ်ဖို့ အနုပညာအလုပ်တွေကို အရင်ကထက် ပိုကောင်းအောင်ပြန်လုပ်တော့မယ့် မထက်”

ထက်ထက်မိုးဦးကတော့ တချိန်က အောင်မြင်ခဲ့တဲ့ ကြော်ငြာမင်းသမီးတစ်ယောက်ဖြစ်ပြီး သရုပ်ဆောင်တဲ့ နေရာမှာလည်း ပရိသတ်အကြိုက်သရုပ်ဆောင်နိုင်သူတစ်ယောက်လည်းဖြစ်ပါတယ်။ “ပန်းသခင်”ရုပ်ရှင်ဇာတ်ကားနဲ့ “သမီးမိုက်” ရုပ်ရှင်ဇာတ်ကားကြီး(၂)ကားနဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုတွေကို ပိုင်ဆိုင်ရရှိထားတဲ့ နှစ်ထပ်ကွမ်း အကယ်ဒမီဆုရှင်ကြီးတစ်ဦးလည်း ဖြစ်ပါတယ်။




လတ်တလောမှာတော့ ဝမ်းဗိုက်မှာ သွေးလုံးတည်တာေကြောင့် ဗိုက်ခွဲထားခဲ့ရတာဖြစ်ပြီး အနုပညာအလုပ်တွေကို ခဏတာ ရပ်နားထားခဲ့ရတာဖြစ်ပါတယ်။အနုပညာအလုပ်တွေကို စိတ်ရောကိုယ်ပါလုပ်ကိုင်တတ်တဲ့ ထက်ထက်မိုးဦးကတော့ ကိုယ့်ကိုကိုယ်ရဲ့ ကျန်းမာရေးထက် ပရိသတ်အကြိုက် ဇာတ်လမ်းတွေကို တင်ဆက်နိုင်အောင် ဆက်လက်ကြိုးစားနေတာပဲဖြစ်ပါတယ်။


ယခုအချိန်မှာတော့ အနုပညာ အလုပ်တွေကို အရင်ကထက် ပိုပြီးကောင်းအောင် ပြန်လုပ်တော့မယ်ဆိုတာကို “ငယ်ငယ် ကတည်းက အနုပညာ လောကထဲမှာပဲ ကြီးပြင်းလာခဲ့ရတဲ့ သူပါ။ ပရိသတ်ကို ကျေးဇူးဆပ်ဖို့ စိတ်ထဲမှာ အမြဲ ရှိနေတယ်။ ရုပ်ရှင်ကားကြီး နဲ့ ဇာတ်လမ်းတွဲတွေ ကိုလည်း ရိုက်ကူးဖို့ လက်ခံထားတယ်။ အနုပညာ အလုပ်တွေ ပြန်လုပ်ပါတော့မယ်” ဆိုပြီးတော့ ထက်ထက်မိုးဦးက လူမှုကွန်ရက် စာမျက်နှာထက်မှာ ဖော်ပြထားခဲ့တာမို့ ဆယ်လီကမ္ဘာပရီသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။
Source:HTET HTET MOE OO Only
ချစ်သဲမေ @CeleGabar




Some text some message..