“ကိုယ်တိုင်ကြိုးစားအားထုတ် သရုပ်ဆောင်ထားတဲ့ “နန်းရှေ့သူရဲ့ ကိုယ်ရံတော်”ဇာတ်ကားကို တစ်ကမ္ဘာလုံးမှာ ပြသတော့မယ်ဆိုတဲ့ နေထူးနိုင်”
celegabar.com
|
2019-08-02

နေထူးနိုင်ကတော့အက်ရှင်ဇာတ်ကားတွေကို သရုပ်ဆောင်တဲ့ နေရာမှာအောင်မြင်နေတဲ့ သရုပ်ဆောင်မင်းသားတစ်လက်ဖြစ်ပါတယ်။ လက်ရှိမှာလည်း”အပူဒဏ်ကာကွယ်ဖို့ သစ်ပင်စိုက်ကျစို့ “ဆိုတဲ့အစီအစဉ်မှာ ကမ္ဘာကြီးအပူဒဏ်ကာကွယ်နိုင်အောင် ကိုယ်တိုင်ပါဝင်ပြီး သစ်ပင်တွေကို စိုက်ပျိုးပေးနေတဲ့ သူတစ်ဦးလို့လည်းပြောရမှာပါ။




နယ်ကြိုက်ဇာတ်ကားတွေကို ရိုက်ကူးတဲ့နေရာမှာ ပရိသတ်တွေရင်ထဲအရောက်ပို့ပေးနိုင်တဲ့အနုပညာရှင်တစ်ဦးလို့လည်း ဆိုနိုင်ပါတယ်။ လတ်တလောမှာတော့ ” ငါလိုယောကျာၤး ကမ္ဘာမှာရှား ” ၊”ရွာသားအသည်းကလွမ်းတတ်တယ်”ဗီဒီယိုဇာတ်ကားနဲ့ “အဖေလူကြမ်းသားမိုက်ကန်း” ဆိုတဲ့ ဗီဒီယိုဇာတ်ကားကိုအဓိကဇာတ်ဆောင်နေရာကနေ ပါဝင်သရုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။




သြဂုတ်လ(၃)ရက်နေ့မှာ တော့ သူကိုယ်တိုင်အဓိကဇာတ်ဆောင်နေရာကနေ ပါဝင်သရုပ်ဆောင်ထားတဲ့ “နန်းရှေ့သူရဲ့ ကိုယ်ရံတော်” ဆိုတဲ့ ဗီဒီယိုဇာတ်ကားကို တစ်ကမ္ဘာလုံးမှာ ပြသခွင့်ရတော့ မယ်ဆိုတာကို “သြဂုတ်လ(၃)ရက်နေ့မှာ တစ်ကမ္ဘာလုံးဖြန့်ချီရောင်းချပါမည်။(၁၀ချပ်)အထက် ဝယ်ယူမည်ဆိုပါကအိမ်အထိအရောက်ပို့ပေးမည်”ဆိုပြီး နေထူးနိုင်က လူမှုကွန်ရက် စာမျက်နှာထက်ကနေ ဖော်ပြထားတာကို ဆယ်လီကမ္ဘာပရိသတ်ကြီး စောင့်မျှော်ကြည့်ရှူလို့ရအောင် မျှဝေပေးလိုက်ပါတယ်နော်။



Source : Nay Htoo Naing
ချစ်သဲမေ @CeleGabar


ယူနီကုတ်ဖြင့်ဖတ်ရန်

“ကိုယ်တိုင်ကြိုးစားအားထုတ် သရုပ်ဆောင်ထားတဲ့ “နန်းရှေ့သူရဲ့ ကိုယ်ရံတော်”ဇာတ်ကားကို တစ်ကမ္ဘာလုံးမှာ ပြသတော့မယ်ဆိုတဲ့ နေထူးနိုင်”

နေထူးနိုင်ကတော့ အက်ရှင်ဇာတ်ကားတွေကို သရုပ်ဆောင်တဲ့ နေရာမှာ အောင်မြင်နေတဲ့ သရုပ်ဆောင်မင်းသားတစ်လက်ဖြစ်ပါတယ်။ လက်ရှိမှာလည်း”အပူဒဏ်ကာကွယ်ဖို့ သစ်ပင်စိုက်ကျစို့ “ဆိုတဲ့ အစီအစဉ်မှာ ကမ္ဘာကြီးအပူဒဏ်ကာကွယ်နိုင်အောင် ကိုယ်တိုင်ပါဝင်ပြီး သစ်ပင်တွေကို စိုက်ပျိုးပေးနေတဲ့ သူတစ်ဦးလို့လည်းပြောရမှာပါ။




နယ်ကြိုက်ဇာတ်ကားတွေကို ရိုက်ကူးတဲ့နေရာမှာ ပရိသတ်တွေရင်ထဲ အရောက်ပို့ပေးနိုင်တဲ့ အနုပညာရှင်တစ်ဦးလို့လည်း ဆိုနိုင်ပါတယ်။ လတ်တလောမှာတော့ ” ငါလိုယောကျာၤး ကမ္ဘာမှာရှား ” ၊”ရွာသားအသည်းကလွမ်းတတ်တယ်”ဗီဒီယိုဇာတ်ကားနဲ့ “အဖေလူကြမ်းသားမိုက်ကန်း” ဆိုတဲ့ ဗီဒီယိုဇာတ်ကားကို အဓိကဇာတ်ဆောင်နေရာကနေ ပါဝင်သရုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။


သြဂုတ်လ(၃)ရက်နေ့မှာ တော့ သူကိုယ်တိုင် အဓိကဇာတ်ဆောင်နေရာကနေ ပါဝင်သရုပ်ဆောင်ထားတဲ့ “နန်းရှေ့သူရဲ့ ကိုယ်ရံတော်” ဆိုတဲ့ ဗီဒီယိုဇာတ်ကားကို တစ်ကမ္ဘာလုံးမှာ ပြသခွင့်ရတော့ မယ်ဆိုတာကို “သြဂုတ်လ(၃)ရက်နေ့မှာ တစ်ကမ္ဘာလုံးဖြန့်ချီရောင်းချပါမည်။(၁၀ချပ်)အထက် ဝယ်ယူမည်ဆိုပါက အိမ်အထိအရောက်ပို့ပေးမည်”ဆိုပြီး နေထူးနိုင်က လူမှုကွန်ရက် စာမျက်နှာထက်ကနေ ဖော်ပြထားတာကို ဆယ်လီကမ္ဘာပရိသတ်ကြီး စောင့်မျှော်ကြည့်ရှူလို့ရအောင် မျှဝေပေးလိုက်ပါတယ်နော်။
Source : Nay Htoo Naing
ချစ်သဲမေ @CeleGabar




Some text some message..