ဒရမ်မာဇာတ်ကားသစ်မှာအတူတူသရုပ်ဆောင်တော့မည့် Seo Kang Joon နဲ့ Park Min Young
celegabar.com
|
2019-08-06



မင်းသမီးချောလေး Park Min Young ကတော့ ကိုရီးယားဒရမ်မာဇာတ်လမ်းတွဲကနေပြီး ပရိသတ်အခိုင်အမာရထားသူပါ။ လက်ရှိပြသနေတဲ့ ”Watcher” ဆိုတဲ့ဇာတ်လမ်းတွဲမှာပါဝင်သရုပ်ဆောင်ထားတဲ့ Soe Kang Joon ဟာလည်းအောင်မြင်တဲ့သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။အခုဆိုရင်ပြည်တွင်းသာမကပြည်ပကနေပြီး ပရိသတ်ချစ်ခင်အားပေးမှုကိုရရှိထားတဲ့ Seo Kang Joon နဲ့ Park Min Young တို့အနုပညာရှင်နှစ်ဦးကိုဇာတ်ကားတစ်ခုထဲမှာအတူတူမြင်တွေ့ရတော့မှာပါ။





သူတို့နှစ်ဦးဟာ JTBC ကနေထုတ်လွှင့်မဲ့ “I’ll Go to You Whwn the Weather Is Nice” ဆိုတဲ့ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်မဲ့အကြောင်းကို သြဂုတ်လ(၆)ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။ မထင်မရှားမြို့လေးတစ်ခုမှာရိုက်ကူးမှာဖြစ်တဲ့ ကြည်နူးဖွယ်အချစ်ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ဒီဇာတ်ကားရဲ့အဓိကသရုပ်ဆောင်နေရာမှာ Soe Kang Joon နဲ့ Park Min Young တို့ကပါဝင်ကြမှာပါ။



Seo Kang Joon က စာအုပ်ဆိုင်ပိုင်ရှင် Eun Seobအဖြစ်နဲ့သရုပ်ဆောင်မှာဖြစ်ပြီးတော့ Park Min Young ကတော့အတိတ်မှာနာကျင်ခံစားခဲ့ရဖူးတဲ့မိန်းကလေးတစ်ဦးဖြစ်ပြီး ပန်းချီပညာရပ်ကိုသင်ကြားပေးနေတဲ့ ဆရာမလေးတစ်ယောက်ရဲ့ဇာတ်ရုပ်ကနေပြီးတော့သရုပ်ဆောင်မှာပါ။ ဒီဇာတ်ကားကို(၂၀၂၀)ခုနှစ်ပထမနှစ်ဝက်အတွင်းမှာထုတ်လွှင့်မယ်လို့သိရပါတယ်။ Seo Kang Joon နဲ့ Park Min Youngတို့ရဲ့ ပရိသတ်တွေအတွက်တော့ ပျော်စရာသတင်းကောင်းပါပဲ…။
Source:Soompi
Sweet@CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်



ဒရမ်မာဇာတ်ကားသစ်မှာအတူတူသရုပ်ဆောင်တော့မည့် Seo Kang Joon နဲ့ Park Min Young
မင်းသမီးချောလေး Park Min Young ကတော့ ကိုရီးယားဒရမ်မာဇာတ်လမ်းတွဲကနေပြီး ပရိသတ်အခိုင်အမာရထားသူပါ။ လက်ရှိပြသနေတဲ့ ”Watcher” ဆိုတဲ့ဇာတ်လမ်းတွဲမှာပါဝင်သရုပ်ဆောင်ထားတဲ့ Soe Kang Joon ဟာလည်း အောင်မြင်တဲ့သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။အခုဆိုရင်ပြည်တွင်းသာမကပြည်ပကနေပြီး ပရိသတ်ချစ်ခင်အားပေးမှုကိုရရှိထားတဲ့ Seo Kang Joon နဲ့ Park Min Young တို့ အနုပညာရှင်နှစ်ဦးကိုဇာတ်ကားတစ်ခုထဲမှာအတူတူမြင်တွေ့ရတော့မှာပါ။
သူတို့နှစ်ဦးဟာ JTBC ကနေထုတ်လွှင့်မဲ့ “I’ll Go to You Whwn the Weather Is Nice” ဆိုတဲ့ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်မဲ့အကြောင်းကို သြဂုတ်လ(၆)ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။ မထင်မရှားမြို့လေးတစ်ခုမှာရိုက်ကူးမှာဖြစ်တဲ့ ကြည်နူးဖွယ်အချစ်ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။
ဒီဇာတ်ကားရဲ့အဓိကသရုပ်ဆောင်နေရာမှာ Soe Kang Joon နဲ့ Park Min Young တို့ကပါဝင်ကြမှာပါ။
Seo Kang Joon က စာအုပ်ဆိုင်ပိုင်ရှင် Eun Seob အဖြစ်နဲ့သရုပ်ဆောင်မှာဖြစ်ပြီးတော့ Park Min Young ကတော့ အတိတ်မှာနာကျင်ခံစားခဲ့ရဖူးတဲ့မိန်းကလေးတစ်ဦးဖြစ်ပြီး ပန်းချီပညာရပ်ကိုသင်ကြားပေးနေတဲ့ ဆရာမလေးတစ်ယောက်ရဲ့ဇာတ်ရုပ်ကနေပြီးတော့သရုပ်ဆောင်မှာပါ။ ဒီဇာတ်ကားကို(၂၀၂၀)ခုနှစ်ပထမနှစ်ဝက်အတွင်းမှာထုတ်လွှင့်မယ်လို့သိရပါတယ်။ Seo Kang Joon နဲ့ Park Min Youngတို့ရဲ့ ပရိသတ်တွေအတွက်တော့ ပျော်စရာသတင်းကောင်းပါပဲ…။





ယုန်လေးကတော့အနုပညာလောကတွင် ဒါရိုက်တာ၊မင်းသား၊အဆိုတော်၊ထုတ်လုပ်သူတစ်ယောက်အဖြစ်အောင်မြင်အခိုင်အမာရရှိထားသူလည်းဖြစ်ပါတယ်။သူကတော့ ပရိသတ်တွေကြားမှာ ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့တဲ့အဆိုတော်အစ္စဏီနဲ့ မော်ဒယ်စူးရှထက်တို့ရဲ့အမှုကိစ္စမှာ ပါဝင်ကူညီခဲ့ပါသေးတယ်။ထိုအမှုကိုတော့ မော်ဒယ်စူးရှထက်က သူမစွဲဆိုထားတဲ့ စွဲချက်(၃)ခုလုံးကိုပိတ်ပေးကာ သြဂုတ်လ(၅)၇က်နေ့က တာမွေမြို့နယ် တရားရုံးမှာကျေးအေးပေးလိုက်တယ်လို့ သိရပါတယ်။






အဆိုတော်အစ္စဏီရဲ့ ဝန်ချတောင်းပန်မှုကြောင့်အမှုကျေအေးလွှာမှာ တရားဝင်လက်မှတ်ရေးထိုးခဲ့ပါတာလည်းဖြစ်တယ်လို မော်ဒယ်စူးရှထက်က ဆိုထားပါတယ်။ ထိုကျေအေးမှုကြောင့်အဆိုတော်အစ္စဏီကတော့ လာမည့်အပတ် သောကြာနေ့မှာ လွတ်မြောက်လာမှာ ဖြစ်တယ်လို့ ယုန်လေးက ပရိသတ်တွေကိုအသိပေးပြောကြားခဲ့ပါတယ်။






ယုန်လေးကတော့ သူငယ်ချင်းဖြစ်သူအစ္စဏီရဲ့အမှုကိုအမှုကျေးအေးပေးလိုက်တဲ့ မော်ဒယ်စူးရှထက်ကို ကျေးဇူးတင်ကြောင်းဆိုထားပါသေးတယ်။CeleGabar ပရိသတ်ကြီးလည်း ယုန်လေးရဲ့ ဗီဒီယိုလေးကိုကြည့်ပြီးရင် မှတ်ချက်ပေးခဲ့ပါဦးနော်။


Source: Yone lay
DarDar@CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်




“သူငယ်ချင်းဖြစ်သူ အစ္စဏီရဲ့ အမှုကို အမှုကျေးအေးပေးလိုက်တဲ့ မော်ဒယ်စူးရှထက်ကို ကျေးဇူးတင်စကားပြောလိုက်တဲ့ ယုန်လေး”

ယုန်လေးကတော့ အနုပညာလောကတွင် ဒါရိုက်တာ၊မင်းသား၊အဆိုတော်၊ထုတ်လုပ်သူတစ်ယောက်အဖြစ် အောင်မြင်အခိုင်အမာရရှိထားသူလည်းဖြစ်ပါတယ်။သူကတော့ ပရိသတ်တွေကြားမှာ ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့တဲ့ အဆိုတော်အစ္စဏီနဲ့ မော်ဒယ်စူးရှထက်တို့ရဲ့ အမှုကိစ္စမှာ ပါဝင်ကူညီခဲ့ပါသေးတယ်။ထိုအမှုကိုတော့ မော်ဒယ်စူးရှထက်က သူမစွဲဆိုထားတဲ့ စွဲချက်(၃)ခုလုံးကိုပိတ်ပေးကာ သြဂုတ်လ(၅)၇က်နေ့က တာမွေမြို့နယ် တရားရုံးမှာကျေးအေးပေးလိုက်တယ်လို့ သိရပါတယ်။

အဆိုတော်အစ္စဏီရဲ့ ဝန်ချတောင်းပန်မှုကြောင့် အမှုကျေအေးလွှာမှာ တရားဝင်လက်မှတ်ရေးထိုးခဲ့ပါတာလည်းဖြစ်တယ်လို မော်ဒယ်စူးရှထက်က ဆိုထားပါတယ်။ ထိုကျေအေးမှုကြောင့် အဆိုတော်အစ္စဏီကတော့ လာမည့်အပတ် သောကြာနေ့မှာ လွတ်မြောက်လာမှာ ဖြစ်တယ်လို့ ယုန်လေးက ပရိသတ်တွေကို အသိပေးပြောကြားခဲ့ပါတယ်။

ယုန်လေးကတော့ သူငယ်ချင်းဖြစ်သူ အစ္စဏီရဲ့ အမှုကို အမှုကျေးအေးပေးလိုက်တဲ့ မော်ဒယ်စူးရှထက်ကို ကျေးဇူးတင်ကြောင်းဆိုထားပါသေးတယ်။CeleGabar ပရိသတ်ကြီးလည်း ယုန်လေးရဲ့ ဗီဒီယိုလေးကိုကြည့်ပြီးရင် မှတ်ချက်ပေးခဲ့ပါဦးနော်။





အစ္စဏီကတော့ တချိန်ကအောင်မြင်ခဲ့တဲ့အဆိုတော်တစ်ယောက်ဖြစ်ပြီး လတ်တလောမှာတော့ ရည်စားဖြစ်သူ မော်ဒယ်စူးရှထက်ရဲ့အလိုမတူအဓမ္မပြုကျင့်မှု နဲ့ ကိုယ်ထိလက်ရောက်နာကျင်စေမှု စသဖြင့်အမှု (၂) ခုဖြင့် တရားစွဲဆိုထားတာကြောင့်အမှုရင်ဆိုင်နေရတဲ့အနုပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။ ဒီအမှုဟာဆိုရင် (၂၀၁၈)ဧပြီလကစတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ခုဆိုရင် (၂၀၁၉)သြဂုတ်လ ကိုရောက်ရှိနေတာဖြစ်ပြီးတော့ ရုံးချိန်းထွက်လာတိုင်း မိခင်နဲ့အတူ တွေ့မြင်ရတဲ့အစ္စဏီကိုပရိသတ်တွေကလည်း ဝမ်းနည်းဂရုဏာသက်ခဲ့ကြရပါတယ်။




မော်ဒယ်စူးရှထက်ကတော့ မကြာသေးခင်ကမှအေးချမ်းလှတဲ့ သာသနာ့ဘောင်ကနေ လူ့ဘောင်ကို ကူးပြောင်းလာသူတစ်ယောက်ဖြစ်ပြီးတော့ တည်ငြိမ်ရင့်ကျက်မှုတွေကို ရရှိနေတာဖြစ်ပါတယ်။ လတ်တလောမှာတော့ စူးရှထက်က “မီဒီယာတွေရှေ့မှာ တရားဝင်တောင်းပန်ရင်အမှုကို ကျေအေးပေးမယ်လို့ ဆိုခဲ့တာဖြစ်ပြီး ပိုက်ဆံစကားမပြောဘဲ တရားဝင်တောင်းပန်တာကိုပဲ လိုချင်ပါတယ်။တရားခံရော တရားခံမိခင်ပါ မှားသွားပါတယ် တောင်းပန်ပါတယ်ဆိုတဲ့ စကားပဲကြားချင်တယ် “လို့ စူးရှထက်ပြောပြခဲ့တာကို သိရပါတယ်။




အစ္စဏီရဲ့ မိခင်ဖြစ်သူကလည်း”မိခင်တစ်ယောက်ဖြစ်တဲ့အတွက် တောင်းပန်ဆို တောင်းပန်မယ် နှစ်ယောက်ကလက်တွဲလို့မရခဲ့ပေမယ့် တစ်ယောက်နဲ့ တစ်ယောက်က မေတ္တာထားတယ် “လို့ပြောပြခဲ့တာဖြစ်ပါတယ်။အစ္စဏီကတော့ “ဘေဘီကိုလည်းအရမ်းကျေးဇူးတင်တယ်လို့ ပြောလိုက်ပါတယ်။ သောကြာနေ့ကျရင်တော့ ကျွန်တော်ပြန်ထွက်လာခဲ့ပါ့မယ်။ပရိသတ်တွေကျန်းကျန်းမာမာရှိရဲ့လား ကျွန်တော်လည်း ကျန်းမာအောင်နေပါတယ်”ဆိုပြီး ပရိသတ်တွေနဲ့ ပြန်လည်တွေ့ရတော့မယ့်အကြောင်းကို ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက်အစ္စဏီရဲ့ဝမ်းသာစရာသတင်းလေးကို မျှဝေပေးလိုက်ပါတယ်နော်။နှစ်ချီကြာအောင်ရင်ဆိုင်ခဲ့ရတဲ့အမှု ကျေးဇူးတင်ပါတယ်ဘေဘီ…။



Source: Exclusive on CeleGabar
ချစ်သဲမေ @CeleGabar


ယူနီကုတ်ဖြင့်ဖတ်ရန်

“(၁)နှစ်နဲ့ (၄)လကျော်ကြာမြင့်နေတဲ့ အမှုကို ကျေအေးပေးလို့ ဘေဘီကိုကျေးဇူးတင်ကြောင်းဆိုလာတဲ့ အစ္စဏီ”

အစ္စဏီကတော့ တချိန်ကအောင်မြင်ခဲ့တဲ့ အဆိုတော်တစ်ယောက်ဖြစ်ပြီး လတ်တလောမှာတော့ ရည်စားဖြစ်သူ မော်ဒယ်စူးရှထက်ရဲ့ အလိုမတူ အဓမ္မပြုကျင့်မှု နဲ့ ကိုယ်ထိလက်ရောက်နာကျင်စေမှု စသဖြင့် အမှု (၂) ခုဖြင့် တရားစွဲဆိုထားတာကြောင့် အမှုရင်ဆိုင်နေရတဲ့ အနုပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။ ဒီအမှုဟာဆိုရင် (၂၀၁၈)ဧပြီလကစတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ခုဆိုရင် (၂၀၁၉)သြဂုတ်လ ကိုရောက်ရှိနေတာဖြစ်ပြီးတော့ ရုံးချိန်းထွက်လာတိုင်း မိခင်နဲ့အတူ တွေ့မြင်ရတဲ့ အစ္စဏီကိုပရိသတ်တွေကလည်း ဝမ်းနည်းဂရုဏာသက်ခဲ့ကြရပါတယ်။




မော်ဒယ်စူးရှထက်ကတော့ မကြာသေးခင်ကမှ အေးချမ်းလှတဲ့ သာသနာ့ဘောင်ကနေ လူ့ဘောင်ကို ကူးပြောင်းလာသူတစ်ယောက်ဖြစ်ပြီးတော့ တည်ငြိမ်ရင့်ကျက်မှုတွေကို ရရှိနေတာဖြစ်ပါတယ်။ လတ်တလောမှာတော့ စူးရှထက်က “မီဒီယာတွေရှေ့မှာ တရားဝင်တောင်းပန်ရင် အမှုကို ကျေအေးပေးမယ်လို့ ဆိုခဲ့တာဖြစ်ပြီး ပိုက်ဆံစကားမပြောဘဲ တရားဝင်တောင်းပန်တာကိုပဲ လိုချင်ပါတယ်။တရားခံရော တရားခံမိခင်ပါ မှားသွားပါတယ် တောင်းပန်ပါတယ်ဆိုတဲ့ စကားပဲကြားချင်တယ် “လို့ စူးရှထက်ပြောပြခဲ့တာကို သိရပါတယ်။


အစ္စဏီရဲ့ မိခင်ဖြစ်သူကလည်း”မိခင်တစ်ယောက်ဖြစ်တဲ့အတွက် တောင်းပန်ဆို တောင်းပန်မယ် နှစ်ယောက်ကလက်တွဲလို့မရခဲ့ပေမယ့် တစ်ယောက်နဲ့ တစ်ယောက်က မေတ္တာထားတယ် “လို့ပြောပြခဲ့တာဖြစ်ပါတယ်။ အစ္စဏီကတော့ “ဘေဘီကိုလည်းအရမ်းကျေးဇူးတင်တယ်လို့ ပြောလိုက်ပါတယ်။ သောကြာနေ့ကျရင်တော့ ကျွန်တော်ပြန်ထွက်လာခဲ့ပါ့မယ်။ပရိသတ်တွေကျန်းကျန်းမာမာရှိရဲ့လား ကျွန်တော်လည်း ကျန်းမာအောင်နေပါတယ်”ဆိုပြီး ပရိသတ်တွေနဲ့ ပြန်လည်တွေ့ရတော့မယ့်အကြောင်းကို ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် အစ္စဏီရဲ့ဝမ်းသာစရာသတင်းလေးကို မျှဝေပေးလိုက်ပါတယ်နော်။နှစ်ချီကြာအောင်ရင်ဆိုင်ခဲ့ရတဲ့အမှု ကျေးဇူးတင်ပါတယ်ဘေဘီ…။
Source: Exclusive on CeleGabar
ချစ်သဲမေ @CeleGabar




Some text some message..