ရော့ခ်စတိုင်ကိုအသဲယားစဖွယ်လုပ်ပြနေတဲ့ ခေတ်နဲ့သစ်လေးရဲ့ဗီဒီယိုအသစ်
popolay.com
|
2018-11-02
အဆိုတော်လင်းလင်းနဲ့ ချစ်သုဝေတို့ဇနီးမောင်နှံနှစ်ယောက်ဟာ ကိုယ်စီအနုပညာလောကထဲမှာ နာမည်ရအောင်မြင်ကျော်ကြားသူများဖြစ်ကြသလို လူချစ်လူခင်ပေါများတဲ့ သူနှစ်ဦးလဲဖြစ်ကြပါတယ်။အများကလေးစားအားကျရလောက်တဲ့အိမ်ထောင်ရေးတစ်ခုကိုပိုင်ဆိုင်ထားတဲ့ သူတို့နှစ်ဦးကတော့ ချစ်စရာသမီးလေးနှစ်ယောက်နဲ့အတူ ပျော်ရွှင်စရာမိသားစုကမ္ဘာလေးကိုပါ တည်ဆောက်ထားကြသူတွေဖြစ်ပါတယ်။
အနုပညာရှင်တွေရဲ့ သားသမီးများဖြစ်ကြသလို မွေးကတည်းက ချစ်စရာအလွန်ကောင်းကြတဲ့ ခတ်နဲ့သစ်လေးတို့နှစ်ယောက်ကတော့ မြန်မာတစ်ပြည်လုံးကအူယားအောင်ချစ်နေကြရတဲ့အသဲကျော်၊အချစ်တော်လေးတွေဖြစ်ပါတယ်။ ဒါ့အပြင် ဓာတ်ပုံလေးတွေ၊ ဗီဒီယိုလေးတွေတင်တိုင်းလဲ ကြည့်ရှုသူသိန်းနဲ့ချီအောင်ရှိတဲ့ ခေတ်လေးတို့ကတော့ ဖေဖေနဲ့မေမေထက်တောင် ချစ်ခင်အားပေးသူ ပရိသတ်တွေပိုများလို့နေပါတယ်။ တစ်နှစ်ကျော်၊ နှစ်နှစ်အရွယ်ရှိပြီဖြစ်တဲ့ သမီးလေးနှစ်ယောက်ဟာဆိုရင် မျက်စိရှေ့တင် တစ်နေ့တစ်ခြားပိုမိုစကားတွေတတ်ကာ လည်လာတာကြောင့် ပရိသတ်တွေက ချစ်နေသထက်ကို ချစ်နေကြရတာပဲဖြစ်ပါတယ်။
မိဘရဲ့သင်ကြားမှုတွေကို နာခံတတ်နေပြီဖြစ်တဲ့ ခေတ်နဲ့သစ်လေးရဲ့ ဖေဖေလင်းသင်ပြတဲ့အတိုင်း ရော့ခ်စတိုင်ကို လိုက်လုပ်ပြနေပုံကတော့ ကြည့်မိသူတိုင်းကိုအသဲယားဖွယ်ဖြစ်နေစေမှာပါနော်.... ရော့ခ်စတိုင်ကိုအပီအပြင်လုပ်ပြနေကြတဲ့ ခေတ်နဲ့သစ်ရဲ့ ဗီဒီယိုဖိုင်အသစ်လေးကို ဖော်ပြပေးလိုက်ပါတယ်နော်...
#ဖေဖေ
#ချစ်စရာ
#သမီးလေး
#ခေတ်
#ဗီဒီယို
ဆောင်းပါးများ
Some text some message..
Send SMS?
မသေချာပါ
သေချာပါသည်
ပယ်ဖျက်ရန်
အိုကေ
သတိပေးချက်
အိုကေ
စတင်အသုံးပြုမည်